သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

အေမရိကားေရာက္ ျမန္မာေတြ လႊတ္ေတာ္ေ႐ြးေကာက္ပြဲေတြမွာ မဲေပး


သက္တမ္းဝက္ လႊတ္ေတာ္ေ႐ြးေကာက္ပြဲ မဲေပးေနၾကစဥ္ (ႏိုဝင္ဘာလ ၈ ရက္၊ ၂၀၂၂)

ဒီေန႔ကြၽန္ေတာ္တို႔ အသံလႊင့္ေနခ်ိန္မွာပဲ အေမရိကန္ျပည္ေထာင္စုမွာ သမၼတသက္တမ္းဝက္ လႊတ္ေတာ္ေ႐ြးေကာက္ပြဲေတြ က်င္းပေနပါတယ္။ အေမရိကန္ အထက္နဲ႔ေအာက္လႊတ္ေတာ္မွာ ဘယ္ပါတီက လႊမ္းမိုးထိန္းခ်ဳပ္မလဲဆိုတာ ဒီေ႐ြးေကာက္ပြဲေတြရဲ႕ ရလာဒ္က အဆုံးအျဖတ္ေပးမွာျဖစ္ပါတယ္။ တခ်ိဳ႕ျပည္နယ္ေတြမွာ မနက္ ၆ နာရီထဲက မဲ႐ုံေတြဖြင့္လို႔ မဲဆႏၵရွင္ေတြ မဲေပးေနၾကပါတယ္။ ဒီေန႔မနက္ မဲ႐ုံဖြင့္ခ်ိန္ တန္းစီေစာင့္ၿပီး မဲေပးခဲ့သူ Connecticut ျပည္နယ္က ျမန္မာႏြယ္ဘြား အေမရိကန္ႏိုင္ငံသား ကိုေက်ာ္စြာက သူမဲေပးခဲ့တဲ့ အေတြ႕အႀကဳံကို ခုလို ေျပာျပပါတယ္။

"ကြၽန္ေတာ္ဒီေန႔မနက္ မဲ႐ုံဖြင့္ဖြင့္ခ်င္း ၆ နာရီေလာက္မွာ မဲသြားေပးတာေပါ့။ ကြၽန္ေတာ္တို႔က Connecticut က ၿမိဳ႕ေသးေသးမွာေပါ့ေလ၊ လူေတြက ေတာ္ေတာ္မ်ားတယ္၊ ကြၽန္ေတာ့္ေရွ႕မွာ သုံး၊ ေလးဆယ္ ေလာက္ေတာ့ရွိတယ္၊ မိနစ္ႏွစ္ဆယ္ေလာက္ေစာင့္ၿပီးမဲေပးခဲ့ရတယ္။ ကြၽန္ေတာ္တို႔ၿမိဳ႕မွာေတာ့ လူငယ္ေကာ၊ လူႀကီးေကာ ႏွစ္မ်ိဳးလုံးလာၿပီးေတာ့ မဲေပးၾကတယ္ခင္ဗ်။ ကြၽန္ေတာ္ကေတာ့ လူမ်ိဳးခြဲျခားမႈနဲ႔ စီးပြားေရးကို ဦးစားေပးၿပီးမဲေပးခဲ့တာေပါ့ေလ။ ကြၽန္ေတာ္တို႔က ျမန္မာျပည္ကလာခဲ့တဲ့ first generation ေတြဆိုေတာ့ လူမ်ိဳးေရးခြဲျခားမႈကို ေရွာင္ဖို႔အတြက္ကို ကြၽန္ေတာ္ ဒီမိုကရက္တစ္ကို မဲေပးခဲ့ပါတယ္"

အခုတေခါက္ သမၼတသက္တမ္းဝက္ လႊတ္ေတာ္ေ႐ြးေကာက္ပြဲေတြမွာ ႀကိဳတင္မဲေပးသူေတြလည္း ေတာ္ေတာ္ေလးမ်ားပါတယ္။ Virginia ျပည္နယ္မွာေနတဲ့ ကိုညီညီကေတာ့ သူ ႀကိဳတင္မဲေပးခဲ့တဲ့အေၾကာင္း ခုလို ေျပာပါတယ္။

"ကြၽန္ေတာ္အခုေနတာေတာ့ ဗာဂ်ီးနီးယားမွာေနပါတယ္။ ကြၽန္ေတာ္လြန္ခဲ့တဲ့ တစ္ပတ္ေလာက္ကတည္းက ႀကိဳတင္မဲေပးလိုက္ပါတယ္။ ဘာေၾကာင့္ဒီလိုေပးရသလဲဆိုေတာ့ ဒီေ႐ြးေကာက္ပြဲက အေရးပါတယ္လို႔ ထင္ပါတယ္။ ကိုယ္လိုခ်င္တဲ့အမတ္ေတြ၊ ကိုယ္လိုခ်င္တဲ့ ပါတီေတြလည္း အျမန္ဆုံးမဲေတြရထားေအာင္ အဓိကထားၿပီးေပးျခင္းျဖစ္ပါတယ္"

အေမရိကန္ျပည္ေထာင္စု တခ်ိဳ႕ျပည္နယ္ေတြမွာ မဲ႐ုံပိတ္ခ်ိန္က ေနာက္အက်ဆုံး ေဒသစံေတာ္ခ်ိန္ ည ၉ နာရီျဖစ္ပါတယ္။ မဲရလာဒ္အေျခအေန ေနာက္ဆုံးသိရသမွ်ကိုလည္း VOA က ဆက္ၿပီးတင္ျပေပးသြားမွာျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

{Unicode}

အမေရိကားရောက် မြန်မာတွေ လွှတ်တော်ရွေးကောက်ပွဲတွေမှာ မဲပေး

ဒီနေ့ကျွန်တော်တို့ အသံလွှင့်နေချိန်မှာပဲ အမေရိကန်ပြည်ထောင်စုမှာ သမ္မတသက်တမ်းဝက် လွှတ်တော်ရွေးကောက်ပွဲတွေ ကျင်းပနေပါတယ်။ အမေရိကန် အထက်နဲ့အောက်လွှတ်တော်မှာ ဘယ်ပါတီက လွှမ်းမိုးထိန်းချုပ်မလဲဆိုတာ ဒီရွေးကောက်ပွဲတွေရဲ့ ရလာဒ်က အဆုံးအဖြတ်ပေးမှာဖြစ်ပါတယ်။ တချို့ပြည်နယ်တွေမှာ မနက် ၆ နာရီထဲက မဲရုံတွေဖွင့်လို့ မဲဆန္ဒရှင်တွေ မဲပေးနေကြပါတယ်။ ဒီနေ့မနက် မဲရုံဖွင့်ချိန် တန်းစီစောင့်ပြီး မဲပေးခဲ့သူ Connecticut ပြည်နယ်က မြန်မာနွယ်ဘွား အမေရိကန်နိုင်ငံသား ကိုကျော်စွာက သူမဲပေးခဲ့တဲ့ အတွေ့အကြုံကို ခုလို ပြောပြပါတယ်။

"ကျွန်တော်ဒီနေ့မနက် မဲရုံဖွင့်ဖွင့်ချင်း ၆ နာရီလောက်မှာ မဲသွားပေးတာပေါ့။ ကျွန်တော်တို့က Connecticut က မြို့သေးသေးမှာပေါ့လေ၊ လူတွေက တော်တော်များတယ်၊ ကျွန်တော့်ရှေ့မှာ သုံး၊ လေးဆယ် လောက်တော့ရှိတယ်၊ မိနစ်နှစ်ဆယ်လောက်စောင့်ပြီးမဲပေးခဲ့ရတယ်။ ကျွန်တော်တို့မြို့မှာတော့ လူငယ်ကော၊ လူကြီးကော နှစ်မျိုးလုံးလာပြီးတော့ မဲပေးကြတယ်ခင်ဗျ။ ကျွန်တော်ကတော့ လူမျိုးခွဲခြားမှုနဲ့ စီးပွားရေးကို ဦးစားပေးပြီးမဲပေးခဲ့တာပေါ့လေ။ ကျွန်တော်တို့က မြန်မာပြည်ကလာခဲ့တဲ့ first generation တွေဆိုတော့ လူမျိုးရေးခွဲခြားမှုကို ရှောင်ဖို့အတွက်ကို ကျွန်တော် ဒီမိုကရက်တစ်ကို မဲပေးခဲ့ပါတယ်"

အခုတခေါက် သမ္မတသက်တမ်းဝက် လွှတ်တော်ရွေးကောက်ပွဲတွေမှာ ကြိုတင်မဲပေးသူတွေလည်း တော်တော်လေးများပါတယ်။ Virginia ပြည်နယ်မှာနေတဲ့ ကိုညီညီကတော့ သူ ကြိုတင်မဲပေးခဲ့တဲ့အကြောင်း ခုလို ပြောပါတယ်။

"ကျွန်တော်အခုနေတာတော့ ဗာဂျီးနီးယားမှာနေပါတယ်။ ကျွန်တော်လွန်ခဲ့တဲ့ တစ်ပတ်လောက်ကတည်းက ကြိုတင်မဲပေးလိုက်ပါတယ်။ ဘာကြောင့်ဒီလိုပေးရသလဲဆိုတော့ ဒီရွေးကောက်ပွဲက အရေးပါတယ်လို့ ထင်ပါတယ်။ ကိုယ်လိုချင်တဲ့အမတ်တွေ၊ ကိုယ်လိုချင်တဲ့ ပါတီတွေလည်း အမြန်ဆုံးမဲတွေရထားအောင် အဓိကထားပြီးပေးခြင်းဖြစ်ပါတယ်"

အမေရိကန်ပြည်ထောင်စု တချို့ပြည်နယ်တွေမှာ မဲရုံပိတ်ချိန်က နောက်အကျဆုံး ဒေသစံတော်ချိန် ည ၉ နာရီဖြစ်ပါတယ်။ မဲရလာဒ်အခြေအနေ နောက်ဆုံးသိရသမျှကိုလည်း VOA က ဆက်ပြီးတင်ပြပေးသွားမှာဖြစ်ပါတယ်။

XS
SM
MD
LG