သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

အေမရိကန္ သက္တမ္း၀က္ ေရြးေကာက္ပဲြ ႀကိဳတင္မဲေပးသူ ၄၂ သန္းေက်ာ္


A voter leans into the booth while casting her ballot on the last day of the state's early voting for the 2022 midterm elections in Chapel Hill, North Carolina, Nov. 5, 2022.

အဂၤါေန႔ဟာ အေမရိကန္ ျပည္ေထာင္စုမွာ ေရြးေကာက္ပြဲေန႔ ျဖစ္ၿပီး သန္းနဲ႔ခ်ီတဲ႔ အေမရိကန္ ျပည္သူေတြ လႊတ္ေတာ္ ေရြးေကာက္ပြဲေတြမွာ မဲထည့္ၾကမွာပါ။

အေမရိကန္ သက္တမ္း၀က္ ေရြးေကာက္ပဲြ ႀကိဳတင္မဲေပးသူ ၄၂ သန္းေက်ာ္

{{Zawgyi/Unicode}}
အဂၤါေန႔ဟာ အေမရိကန္ ျပည္ေထာင္စုမွာ ေရြးေကာက္ပြဲေန႔ ျဖစ္ၿပီး သန္းနဲ႔ခ်ီတဲ႔ အေမရိကန္ ျပည္သူေတြ လႊတ္ေတာ္ ေရြးေကာက္ပြဲေတြမွာ မဲထည့္ၾကမွာပါ။ အေမရိကန္ လႊတ္ေတာ္ရဲ႕ စဥ္းစားဆံုးျဖတ္မႈ ပံုစံကို အဆံုးအျဖတ္ေပးမွာ ျဖစ္ၿပီး သမၼတ Joe Biden ရဲ႕ ၄ ႏွစ္ သက္တမ္းရဲ႕ သက္တမ္း၀က္ ကာလ အတြင္း ဝါရွင္တန္ရဲ႕ ႏိုင္ငံေရး ပံုစံ ေတြကို အဆံုးအျဖတ္ ေပးမယ့္ ေရြးေကာက္ပြဲေတြ ျဖစ္ပါတယ္။

ေအာက္လႊတ္ေတာ္ အမတ္ေနရာ ၄၃၅ ေနရာ အားလံုးနဲ႔ အထက္လႊတ္ေတာ္ အမတ္ေနရာ ၁၀၀ ထဲက ၃၅ ေနရာကို ေရြးေကာက္မွာ ျဖစ္ပါတယ္။ အေမရိကန္ ၄၂ သန္းေက်ာ္တို႔ကေတာ့ လူကိုယ္တိုင္ ဒါမွမဟုတ္လည္း စာတိုက္ေန တဆင့္ ႀကိဳတင္မဲေတြ ထည့္ထားၿပီး ျဖစ္ပါတယ္။

၂၀၁၈ သက္တမ္း၀က္ ေရြးေကာက္ပြဲေတြမွာ မဲထည့္သူ ၁၁၅ သန္း ထက္ အခု ေရြးေကာက္ပြဲေတြမွာ မဲထည့္သူ ပိုမ်ားႏိုင္တယ္လို႔လည္း သံုးသပ္သူ တခ်ိဳ႕က ေျပာပါတယ္။

အေမရိကန္ ျပည္ေထာင္စုမွာ အဂၤါေန႔မွာ သက္တမ္း၀က္ ေရြးေကာက္ပြဲေတြ က်င္းပေတာ့မယ့္ အခ်ိန္မွာဘဲ လႊတ္ေတာ္ ကို ထိန္းခ်ဳပ္ႏိုင္ေရး အႀကိတ္အနယ္ ျဖစ္ေနတဲ႔ အဓိက က်တဲ႔ ျပည္နယ္ေတြမွာ ရီပတ္ပလီကန္ေတြနဲ႔ ဒီမိုကရက္ေတြရဲ႕ အမႈဖြင့္ တိုင္ၾကားခ်က္ ဒါဇင္နဲ႔ခ်ီရွိေနပါတယ္။

ဒီဘက္ ႏွစ္ပိုင္းေတြမွာ ပိုၿပီး ေရပန္းစားလာ တိုးပြားလာတဲ႔ စာတိုက္ကေနေပးပို႔ၿပီး ႀကိဳတင္မဲထည့္မႈေတြကို ဆံုးျဖတ္ ေရတြက္မႈေတြကို အဓိက ထားၿပီး ေရြးေကာက္ပြဲ က်င္းပမႈ စည္းမ်ဥ္းေတြနဲ႔ ပတ္သက္ၿပီး အမႈဖြင့္ၾကတာ ျဖစ္ပါတယ္။ မဲေပးခြင့္ အခြင့္အေရးဆိုင္ရာ လက္ဝဲယိမ္းအဖြဲ႔အစည္း Democracy Docket ရဲ႕ အဆိုအရ ၂၀၂၂ ခုႏွစ္ အတြင္း အမႈဖြင့္ တိုင္ၾကားမႈဟာ တနလာၤေန႔ အထိ ေရြးေကာက္ပြဲနဲ႔ မဲေပးမႈဆိုင္ရာ ဆက္စပ္ အမႈေပါင္း ၁၂၈ ခု ရွိေၾကာင္း ေဖာ္ျပထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

.....................................

အမေရိကန် သက်တမ်းဝက် ရွေးကောက်ပွဲ ကြိုတင်မဲပေးသူ ၄၂ သန်းကျော်

{{Zawgyi/Unicode}}
အင်္ဂါနေ့ဟာ အမေရိကန် ပြည်ထောင်စုမှာ ရွေးကောက်ပွဲနေ့ ဖြစ်ပြီး သန်းနဲ့ချီတဲ့ အမေရိကန် ပြည်သူတွေ လွှတ်တော် ရွေးကောက်ပွဲတွေမှာ မဲထည့်ကြမှာပါ။ အမေရိကန် လွှတ်တော်ရဲ့ စဉ်းစားဆုံးဖြတ်မှု ပုံစံကို အဆုံးအဖြတ်ပေးမှာ ဖြစ်ပြီး သမ္မတ Joe Biden ရဲ့ ၄ နှစ် သက်တမ်းရဲ့ သက်တမ်းဝက် ကာလ အတွင်း ဝါရှင်တန်ရဲ့ နိုင်ငံရေး ပုံစံ တွေကို အဆုံးအဖြတ် ပေးမယ့် ရွေးကောက်ပွဲတွေ ဖြစ်ပါတယ်။

အောက်လွှတ်တော် အမတ်နေရာ ၄၃၅ နေရာ အားလုံးနဲ့ အထက်လွှတ်တော် အမတ်နေရာ ၁၀၀ ထဲက ၃၅ နေရာကို ရွေးကောက်မှာ ဖြစ်ပါတယ်။ အမေရိကန် ၄၂ သန်းကျော်တို့ကတော့ လူကိုယ်တိုင် ဒါမှမဟုတ်လည်း စာတိုက်နေ တဆင့် ကြိုတင်မဲတွေ ထည့်ထားပြီး ဖြစ်ပါတယ်။

၂၀၁၈ သက်တမ်းဝက် ရွေးကောက်ပွဲတွေမှာ မဲထည့်သူ ၁၁၅ သန်း ထက် အခု ရွေးကောက်ပွဲတွေမှာ မဲထည့်သူ ပိုများနိုင်တယ်လို့လည်း သုံးသပ်သူ တချို့က ပြောပါတယ်။

အမေရိကန် ပြည်ထောင်စုမှာ အင်္ဂါနေ့မှာ သက်တမ်းဝက် ရွေးကောက်ပွဲတွေ ကျင်းပတော့မယ့် အချိန်မှာဘဲ လွှတ်တော် ကို ထိန်းချုပ်နိုင်ရေး အကြိတ်အနယ် ဖြစ်နေတဲ့ အဓိက ကျတဲ့ ပြည်နယ်တွေမှာ ရီပတ်ပလီကန်တွေနဲ့ ဒီမိုကရက်တွေရဲ့ အမှုဖွင့် တိုင်ကြားချက် ဒါဇင်နဲ့ချီရှိနေပါတယ်။

ဒီဘက် နှစ်ပိုင်းတွေမှာ ပိုပြီး ရေပန်းစားလာ တိုးပွားလာတဲ့ စာတိုက်ကနေပေးပို့ပြီး ကြိုတင်မဲထည့်မှုတွေကို ဆုံးဖြတ် ရေတွက်မှုတွေကို အဓိက ထားပြီး ရွေးကောက်ပွဲ ကျင်းပမှု စည်းမျဉ်းတွေနဲ့ ပတ်သက်ပြီး အမှုဖွင့်ကြတာ ဖြစ်ပါတယ်။ မဲပေးခွင့် အခွင့်အရေးဆိုင်ရာ လက်ဝဲယိမ်းအဖွဲ့အစည်း Democracy Docket ရဲ့ အဆိုအရ ၂၀၂၂ ခုနှစ် အတွင်း အမှုဖွင့် တိုင်ကြားမှုဟာ တနလာၤနေ့ အထိ ရွေးကောက်ပွဲနဲ့ မဲပေးမှုဆိုင်ရာ ဆက်စပ် အမှုပေါင်း ၁၂၈ ခု ရှိကြောင်း ဖော်ပြထားပါတယ်။

XS
SM
MD
LG