သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

အေမရိကန္ သက္တမ္းဝက္ ေရြးေကာက္ပဲြ ႀကိဳတင္မဲေပးသူ ၃၅ သန္းေက်ာ္ရွိ 


အေမရိကန္ သက္တမ္းဝက္ ေရြးေကာက္ပဲြ ႀကိဳတင္မဲေပးသူ ၃၅ သန္းေက်ာ္ရွိ (Reuters)

အေမရိကန္ သက္တမ္းဝက္ ေရြးေကာက္ပဲြ ႀကိဳတင္မဲေပးသူ ၃၅ သန္းေက်ာ္ရွိ

{{Zawgyi/Unicode}}
အေမရိကန္ ျပည္ေထာင္စုမွာ ႏိုဝင္ဘာ ၈ ရက္ အဂၤါေန႔ အစိုးရ သက္တမ္းဝက္ကာလ ေရြးေကာက္ပဲြေတြ မတိုင္ခင္ ႀကိဳတင္မဲေပးသူ အေရအတြက္ ၃၅ သန္းေက်ာ္ ရွိေနပါၿပီ။

သမၼတ Joe Biden အစိုးရရဲ႕ ၄ ႏွစ္ သက္တမ္း တဝက္မွာ က်င္းပမယ့္ ေရြးေကာက္ပြဲမွာ လႊတ္ေတာ္ ၂ ရပ္စလုံးကို ထိန္းခ်ဳပ္ႏိုင္တဲ့အထိ အႏိုင္ရလိမ့္မယ္လို႔လည္း အတိုက္အခံ Republican ေတြကေမွ်ာ္လင့္ေနၾကပါတယ္။

ႀကိဳတင္မဲေပးတဲ့ အေလ့အထ အားေကာင္းလာေနရာမွာ အရင္သမၼတ Barack Obama လက္ထက္ ၂၀၁၄ ခုႏွစ္နဲ႔ သမၼတေဟာင္း Donald Trump လက္ထက္ ၂၀၁၈ ခုႏွစ္ေတြထက္ ပိုမ်ားခဲ့ေၾကာင္းလည္း အေမရိကန္ ေရြးေကာက္ပဲြ ႀကီးၾကပ္ေရးအဖဲြ႕က ေျပာပါတယ္။

သမၼတေဟာင္း ထရမ့္ကို သမၼတဘိုင္ဒင္ အႏိုင္ရလိုက္တဲ့ ၂၀၂၀ ျပည့္ ေရြးေကာက္ပဲြ မတိုင္ခင္မွာပဲ ကိုဗစ္ကပ္ေရာဂါေၾကာင့္ မဲ႐ုံေတြမွာ လူကိုယ္တိုင္ မဲေပးရမွာ စိုးရိမ္တာေၾကာင့္ ႀကိဳတင္မဲေပးႏိုင္ေအာင္ စည္းမ်ဥ္းစည္းကမ္းေတြကိုလည္း ေလွ်ာ့ခ်ေပးခဲ့တာပါ။ အခုအခါ ႀကိဳတင္မဲေပးတဲ့ စနစ္ကို မဲဆႏၵရွင္ေတာ္ေတာ္မ်ားမ်ား၊ အထူးသျဖင့္ ဒီမိုကရက္ေတြၾကား ပိုသိလာၾကပါတယ္။

အဂၤါေန႔ သက္တမ္း၀က္ ေရြးေကာက္ပဲြမွာေတာ့ ေအာက္လႊတ္ေတာ္အမတ္ေနရာ စုစုေပါင္း ၄၃၅ ေနရာ နဲ႔ အထက္လႊတ္ေတာ္က လစ္လပ္ေနတဲ့ အမတ္ ၃၅ ေနရာ ကို ေရြးခ်ယ္ၾကရမွာ ျဖစ္ပါတယ္။ ၂၀၂၁ ခုႏွစ္ ဆန္းပိုင္းကစ လႊတ္ေတာ္ ၂ ရပ္စလုံးမွာ ဒီမိုကရက္ေတြက အနည္းငယ္အသာနဲ႔ ထိန္းထားတာေၾကာင့္ သမၼတဘိုင္ဒင္အတြက္ ဥပေဒျပဳေရးမွာ အသာစီးရေနတာ ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

..............................................................

အမေရိကန် သက်တမ်းဝက် ရွေးကောက်ပွဲ ကြိုတင်မဲပေးသူ ၃၅ သန်းကျော်ရှိ

{{Zawgyi/Unicode}}
အမေရိကန် ပြည်ထောင်စုမှာ နိုဝင်ဘာ ၈ ရက် အင်္ဂါနေ့ အစိုးရ သက်တမ်းဝက်ကာလ ရွေးကောက်ပွဲတွေ မတိုင်ခင် ကြိုတင်မဲပေးသူ အရေအတွက် ၃၅ သန်းကျော် ရှိနေပါပြီ။

သမ္မတ Joe Biden အစိုးရရဲ့ ၄ နှစ် သက်တမ်း တဝက်မှာ ကျင်းပမယ့် ရွေးကောက်ပွဲမှာ လွှတ်တော် ၂ ရပ်စလုံးကို ထိန်းချုပ်နိုင်တဲ့အထိ အနိုင်ရလိမ့်မယ်လို့လည်း အတိုက်အခံ Republican တွေကမျှော်လင့်နေကြပါတယ်။

ကြိုတင်မဲပေးတဲ့ အလေ့အထ အားကောင်းလာနေရာမှာ အရင်သမ္မတ Barack Obama လက်ထက် ၂၀၁၄ ခုနှစ်နဲ့ သမ္မတဟောင်း Donald Trump လက်ထက် ၂၀၁၈ ခုနှစ်တွေထက် ပိုများခဲ့ကြောင်းလည်း အမေရိကန် ရွေးကောက်ပွဲ ကြီးကြပ်ရေးအဖွဲ့က ပြောပါတယ်။

သမ္မတဟောင်း ထရမ့်ကို သမ္မတဘိုင်ဒင် အနိုင်ရလိုက်တဲ့ ၂၀၂၀ ပြည့် ရွေးကောက်ပွဲ မတိုင်ခင်မှာပဲ ကိုဗစ်ကပ်ရောဂါကြောင့် မဲရုံတွေမှာ လူကိုယ်တိုင် မဲပေးရမှာ စိုးရိမ်တာကြောင့် ကြိုတင်မဲပေးနိုင်အောင် စည်းမျဉ်းစည်းကမ်းတွေကိုလည်း လျှော့ချပေးခဲ့တာပါ။ အခုအခါ ကြိုတင်မဲပေးတဲ့ စနစ်ကို မဲဆန္ဒရှင်တော်တော်များများ၊ အထူးသဖြင့် ဒီမိုကရက်တွေကြား ပိုသိလာကြပါတယ်။

အင်္ဂါနေ့ သက်တမ်းဝက် ရွေးကောက်ပွဲမှာတော့ အောက်လွှတ်တော်အမတ်နေရာ စုစုပေါင်း ၄၃၅ နေရာ နဲ့ အထက်လွှတ်တော်က လစ်လပ်နေတဲ့ အမတ် ၃၅ နေရာ ကို ရွေးချယ်ကြရမှာ ဖြစ်ပါတယ်။ ၂၀၂၁ ခုနှစ် ဆန်းပိုင်းကစ လွှတ်တော် ၂ ရပ်စလုံးမှာ ဒီမိုကရက်တွေက အနည်းငယ်အသာနဲ့ ထိန်းထားတာကြောင့် သမ္မတဘိုင်ဒင်အတွက် ဥပဒေပြုရေးမှာ အသာစီးရနေတာ ဖြစ်ပါတယ်။

XS
SM
MD
LG