သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ဂ်ပန္ႏိုင္ငံသား မွတ္တမ္း႐ုပ္ရွင္႐ိုက္ကူးသူ Toru Kubota ျပန္လြတ္


အဖမ္းခံထားရသည့္ Toru Kubota လြတ္ေျမာက္ေရး ဂ်ပန္ႏိုင္ငံျခားေရးဝန္ႀကီးဌာနေရွ႕ ဆႏၵျပေနသူမ်ား ( AFP; 31 JULY 2022 )

ဂ်ပန္ႏိုင္ငံသား မွတ္တမ္း႐ုပ္ရွင္႐ိုက္ကူးသူ Toru Kubota ျမန္မာအက်ဥ္းေထာင္ကေန ျပန္လည္လြတ္ေျမာက္ၿပီး မနက္ျဖန္မနက္ပိုင္းမွာ ဂ်ပန္ႏိုင္ငံကို ျပန္လိမ့္မယ္လို႔ ဂ်ပန္အစိုးရအဖြဲ႕ အတြင္းဝန္ခ်ဳပ္ Hirokazu Matsuno က ေျပာပါတယ္။ က်န္ ႏိုင္ငံေရး အက်ဥ္းသားေတြ ျပန္လႊတ္ဖို႔ကိုလည္း သူက တိုက္တြန္းသြားပါတယ္။

ဂ်ပန္ႏိုင္ငံသားေတြရဲ႕ လုံၿခဳံေရးအတြက္ ဂ်ပန္အစိုးရ အေနနဲ႔ ျဖစ္ႏိုင္သမွ်အားလုံး ေဆာင္႐ြက္သြားမွာျဖစ္ၿပီး၊ ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ အပါအဝင္ ႏိုင္ငံေရးအက်ဥ္းသားေတြ လႊတ္ဖို႔ အၾကမ္းဖက္မႈေတြ ခ်က္ခ်င္း ရပ္ဖို႔ ဒီမိုကေရစီအေျခခံတဲ့ အစိုးရတရပ္ ျဖစ္လာဖို႔ အာဆီယံရဲ႕ ဘုံသေဘာထား ၅ ခ်က္ကို ျဖစ္ႏိုင္သမွ် ျမန္ျမန္ မေဆာင္႐ြက္ဖို႔ ဂ်ပန္အစိုးရအေနနဲ႔ ျပင္းျပင္းထန္ထန္ တိုက္တြန္းတယ္လို႔ ဂ်ပန္အစိုးရအဖြဲ႕ အတြင္းဝန္ခ်ဳပ္က ေျပာသြားတာပါ။

ဂ်ပန္ႏိုင္ငံသား မွတ္တမ္း႐ုပ္ရွင္႐ိုက္ကူးသူ Toru Kubota ကို ဇူလႈိင္လအတြင္းက ရန္ကုန္ဆႏၵျပပြဲတခုမွာ ဖမ္းဆီးခဲ့တာျဖစ္ၿပီး၊ ၿပီးခဲ့တဲ့လက ေထာင္ဒဏ္ စုစုေပါင္း ၁၀ ႏွစ္ခ်မွတ္ခဲ့တာပါ။ အခုျပန္လြတ္တဲ့ ႏိုင္ငံျခားသားေလးဦးကို လြတ္ၿငိမ္းခြင့္အျပင္ ျပည္ႏွင္ဒဏ္ပါ ေပးလိုက္တာမို႔ အခု ဒီကေန႔ ညေနပိုင္း ရန္ကုန္ေလဆိပ္ကို ေရာက္ရွိေနၿပီလို႔ သိရပါတယ္။

===================

[Unicode]

ဂျပန်နိုင်ငံသား မှတ်တမ်းရုပ်ရှင်ရိုက်ကူးသူ Toru Kubota ပြန်လွတ်

ဂျပန်နိုင်ငံသား မှတ်တမ်းရုပ်ရှင်ရိုက်ကူးသူ Toru Kubota မြန်မာအကျဉ်းထောင်ကနေ ပြန်လည်လွတ်မြောက်ပြီး မနက်ဖြန်မနက်ပိုင်းမှာ ဂျပန်နိုင်ငံကို ပြန်လိမ့်မယ်လို့ ဂျပန်အစိုးရအဖွဲ့ အတွင်းဝန်ချုပ် Hirokazu Matsuno က ပြောပါတယ်။ ကျန် နိုင်ငံရေး အကျဉ်းသားတွေ ပြန်လွှတ်ဖို့ကိုလည်း သူက တိုက်တွန်းသွားပါတယ်။

ဂျပန်နိုင်ငံသားတွေရဲ့ လုံခြုံရေးအတွက် ဂျပန်အစိုးရ အနေနဲ့ ဖြစ်နိုင်သမျှအားလုံး ဆောင်ရွက်သွားမှာဖြစ်ပြီး၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ဖို့ အကြမ်းဖက်မှုတွေ ချက်ချင်း ရပ်ဖို့ ဒီမိုကရေစီအခြေခံတဲ့ အစိုးရတရပ် ဖြစ်လာဖို့ အာဆီယံရဲ့ ဘုံသဘောထား ၅ ချက်ကို ဖြစ်နိုင်သမျှ မြန်မြန် မဆောင်ရွက်ဖို့ ဂျပန်အစိုးရအနေနဲ့ ပြင်းပြင်းထန်ထန် တိုက်တွန်းတယ်လို့ ဂျပန်အစိုးရအဖွဲ့ အတွင်းဝန်ချုပ်က ပြောသွားတာပါ။

ဂျပန်နိုင်ငံသား မှတ်တမ်းရုပ်ရှင်ရိုက်ကူးသူ Toru Kubota ကို ဇူလှိုင်လအတွင်းက ရန်ကုန်ဆန္ဒပြပွဲတခုမှာ ဖမ်းဆီးခဲ့တာဖြစ်ပြီး၊ ပြီးခဲ့တဲ့လက ထောင်ဒဏ် စုစုပေါင်း ၁၀ နှစ်ချမှတ်ခဲ့တာပါ။ အခုပြန်လွတ်တဲ့ နိုင်ငံခြားသားလေးဦးကို လွတ်ငြိမ်းခွင့်အပြင် ပြည်နှင်ဒဏ်ပါ ပေးလိုက်တာမို့ အခု ဒီကနေ့ ညနေပိုင်း ရန်ကုန်လေဆိပ်ကို ရောက်ရှိနေပြီလို့ သိရပါတယ်။

XS
SM
MD
LG