သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

Sean Turnell နဲ႔ ႏိုင္ငံျခားသား ေလးဦး လြတ္ေျမာက္၊ ၅,၇၀၀ ေက်ာ္ လြတ္ၿငိမ္းခြင့္ေပး


လြတ္ၿငိမ္းခ်မ္းသာခြင့္နဲ႔ ျပန္လြတ္လာသူေတြကို အင္းစိန္ေထာင္ေရွ႕မွာ ေစာင့္ႀကိဳေနသူမ်ား။ (ဧၿပီ ၁၇၊ ၂၀၂၁)

ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ စီးပြားေရးအႀကံေပး ဩစေၾတးလ် ႏိုင္ငံသား မစၥတာေရွာင္တာနယ္အပါအဝင္ ထင္ရွားတဲ့ ႏိုင္ငံေရးအက်ဥ္းသား တခ်ိဳ႕ကို ျမန္မာစစ္ေကာင္စီက သတ္မွတ္ခ်က္စည္းမ်ဥ္းနဲ႔ ျပစ္ဒဏ္လြတ္ၿငိမ္းခြင့္ေပးလိုက္ပါတယ္။ ေရွာင္တာနာ နဲ႔အတူ ျမန္မာႏိုင္ငံဆိုင္ရာ ၿဗိတိန္သံအမတ္ႀကီးေဟာင္း Vicky Bowman ၊ ဂ်ပန္ႏိုင္ငံသား မွတ္တမ္းတင္႐ုပ္ရွင္ ႐ိုက္ကူးသူ Toru Kubota နဲ႔ အေမရိကန္ႏိုင္ငံသားခံယူထားသူ ျမန္မာႏိုင္ငံသား ကိုေက်ာ္ေဌးဦးတို႔ ပါဝင္တဲ့အေၾကာင္း စစ္ေကာင္စီ ေျပာခြင့္ရ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက VOA ကို အတည္ျပဳပါတယ္။ NLD အစိုးရအဖြဲ႕ရဲ႕ ျပည္ေထာင္စုဝန္ႀကီး ဦးေက်ာ္တင့္ေဆြ၊ ေ႐ြးေကာက္ပြဲေကာ္မရွင္အဖြဲ႕ဝင္ ဦးသန္းေဌး ဝန္ႀကီးခ်ဳပ္ေဟာင္း ေဒါက္တာလဲ့လဲ့ေမာ္ တို႔ကိုလည္း အလားတူ ျပန္လႊတ္ခဲ့ပါတယ္။
အျခားထင္ရွားသူေတြထဲကဆိုရင္ NLD ေျပာခြင့္ရသူ ေဒါက္တာမ်ိဳးၫြန႔္၊ ၈၈ ၿငိမ္းပြင့္ေခါင္းေဆာင္ ကိုျမေအး၊ စာေရးဆရာေမာင္သာခ်ိဳ၊ ေ႐ႊညဝါ ဆရာတို႔လည္း ျပန္လည္လြတ္ေျမာက္လာပါတယ္။ အမ်ိဳးသားေအာင္ပြဲေန႔ကို ဂုဏ္ျပဳၿပီး လူသားခ်င္းစာနာမႈအရ တႏိုင္ငံလုံးအတိုင္းအတာနဲ႔ အက်ဥ္းသား ၆ ေထာင္နီးပါးကို ျပစ္ဒဏ္လြတ္ၿငိမ္းခြင့္ေပးတယ္လို႔ စစ္ေကာင္စီက ေၾကညာပါတယ္။ အႏုပညာရွင္ ၁၁ ေယာက္အေပၚ တပ္မေတာ္အၾကည္ညိဳပ်က္ေအာင္ ၿပိဳကြဲေအာင္ လုပ္ေဆာင္မႈ ပုဒ္မ ၅၀၅-က စြဲဆိုထားတဲ့အမႈေတြကိုလည္း ျပန္လည္ ႐ုတ္သိမ္းေပးလိုက္ပါတယ္။
အခု လြတ္တဲ့ ႏိုင္ငံေရးအက်ဥ္းသားအမ်ားစုဟာ စစ္တပ္အာဏာသိမ္းၿပီးတဲ့ေနာက္ မၾကာခင္မွာပဲ ဖမ္းဆီးထိန္းသိမ္းခံၾကရသူေတြျဖစ္ပါတယ္။
AAPP ႏိုင္ငံေရးအက်ဥ္းသားမ်ား ကူညီေစာင့္ေရွာက္ေရးအသင္း စာရင္းအရဆိုရင္ စစ္တပ္ကအာဏာသိမ္းၿပီးကတည္းက ဖမ္းဆီးခံရတဲ့ ႏိုင္ငံေရးအက်ဥ္းသားေပါင္း ၁၆,၀၀၀ ေက်ာ္ရွိခဲ့ၿပီး၊ ၁၃,၀၀၀ ေက်ာ္ဟာ အက်ဥ္းေထာင္ေတြအတြင္း ထိန္းသိမ္းခံေနရဆဲရွိပါတယ္။ အာဆီယံအပါအဝင္ ႏိုင္ငံတကာ ကေတာ့ ျမန္မာ့ႏိုင္ငံေရး အေျပာင္းအလဲအတြက္ ႏိုင္ငံေရးအက်ဥ္းသားေတြကို အဓိကထားလႊတ္ဖို႔ စစ္ေကာင္စီကို ဖိအားေပးေနၾကပါတယ္။

တိုက္႐ိုက္ လင့္ခ္

{Unicode}

Sean Turnell နဲ့ နိုင်ငံခြားသား လေးဦး လွတ်မြောက်၊ ၇၀၀ ကျော်လွတ်ငြိမ်းခွင့်ပေး

ဒေါ်အောင်ဆန်းစုကြည်ရဲ့ စီးပွားရေးအကြံပေး ဩစတြေးလျ နိုင်ငံသား မစ္စတာရှောင်တာနယ်အပါအဝင် ထင်ရှားတဲ့ နိုင်ငံရေးအကျဉ်းသား တချို့ကို မြန်မာစစ်ကောင်စီက သတ်မှတ်ချက်စည်းမျဉ်းနဲ့ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးလိုက်ပါတယ်။ ရှောင်တာနာ နဲ့အတူ မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံအမတ်ကြီးဟောင်း Vicky Bowman ၊ ဂျပန်နိုင်ငံသား မှတ်တမ်းတင်ရုပ်ရှင် ရိုက်ကူးသူ Toru Kubota နဲ့ အမေရိကန်နိုင်ငံသားခံယူထားသူ မြန်မာနိုင်ငံသား ကိုကျော်ဌေးဦးတို့ ပါဝင်တဲ့အကြောင်း စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက VOA ကို အတည်ပြုပါတယ်။ NLD အစိုးရအဖွဲ့ရဲ့ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးသန်းဌေး ဝန်ကြီးချုပ်ဟောင်း ဒေါက်တာလဲ့လဲ့မော် တို့ကိုလည်း အလားတူ ပြန်လွှတ်ခဲ့ပါတယ်။
အခြားထင်ရှားသူတွေထဲကဆိုရင် NLD ပြောခွင့်ရသူ ဒေါက်တာမျိုးညွန့်၊ ၈၈ ငြိမ်းပွင့်ခေါင်းဆောင် ကိုမြအေး၊ စာရေးဆရာမောင်သာချို၊ ရွှေညဝါ ဆရာတို့လည်း ပြန်လည်လွတ်မြောက်လာပါတယ်။ အမျိုးသားအောင်ပွဲနေ့ကို ဂုဏ်ပြုပြီး လူသားချင်းစာနာမှုအရ တနိုင်ငံလုံးအတိုင်းအတာနဲ့ အကျဉ်းသား ၆ ထောင်နီးပါးကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးတယ်လို့ စစ်ကောင်စီက ကြေညာပါတယ်။ အနုပညာရှင် ၁၁ ယောက်အပေါ် တပ်မတော်အကြည်ညိုပျက်အောင် ပြိုကွဲအောင် လုပ်ဆောင်မှု ပုဒ်မ ၅၀၅-က စွဲဆိုထားတဲ့အမှုတွေကိုလည်း ပြန်လည် ရုတ်သိမ်းပေးလိုက်ပါတယ်။
အခု လွတ်တဲ့ နိုင်ငံရေးအကျဉ်းသားအများစုဟာ စစ်တပ်အာဏာသိမ်းပြီးတဲ့နောက် မကြာခင်မှာပဲ ဖမ်းဆီးထိန်းသိမ်းခံကြရသူတွေဖြစ်ပါတယ်။
AAPP နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း စာရင်းအရဆိုရင် စစ်တပ်ကအာဏာသိမ်းပြီးကတည်းက ဖမ်းဆီးခံရတဲ့ နိုင်ငံရေးအကျဉ်းသားပေါင်း ၁၆,၀၀၀ ကျော်ရှိခဲ့ပြီး၊ ၁၃,၀၀၀ ကျော်ဟာ အကျဉ်းထောင်တွေအတွင်း ထိန်းသိမ်းခံနေရဆဲရှိပါတယ်။ အာဆီယံအပါအဝင် နိုင်ငံတကာ ကတော့ မြန်မာ့နိုင်ငံရေး အပြောင်းအလဲအတွက် နိုင်ငံရေးအကျဉ်းသားတွေကို အဓိကထားလွှတ်ဖို့ စစ်ကောင်စီကို ဖိအားပေးနေကြပါတယ်။

XS
SM
MD
LG