သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖမ်းဆီးခံသတင်းသမား ကိုဟန်သာငြိမ်း RSF ဆန်ကာတင်ဆုရှင် စာရင်းမှာပါဝင် 


Han Thar Nyein
Han Thar Nyein

ပြင်သစ်အခြေစိုက် နယ်စည်းမခြား သတင်းသမားများအဖွဲ့ RSF က နှစ်စဉ် ချီးမြှင့်တဲ့ သတင်းလွတ်လပ်ခွင့်ဆု အတွက် ကမ္ဘာတဝှမ်းက သတင်းသမားတွေထဲက ရွေးချယ်တဲ့ ဆန်ကာတင် ၁၅ ဦး စာရင်းထဲမှာ မြန်မာနိုင်ငံက အကျဉ်းကျခံနေရတဲ့ သတင်းသမား ကိုဟန်သာငြိမ်း လည်း ပါဝင်ပါတယ်။

ဖမ်းဆီးခံသတင်းသမား ကိုဟန်သာငြိမ်း RSF ဆန်ကာတင်ဆုရှင် စာရင်းမှာပါဝင်

{{Zawgyi/Unicode}}
ပြင်သစ်အခြေစိုက် နယ်စည်းမခြား သတင်းသမားများအဖွဲ့ RSF က နှစ်စဉ် ချီးမြှင့်တဲ့ သတင်းလွတ်လပ်ခွင့်ဆု အတွက် ကမ္ဘာတဝှမ်းက သတင်းသမားတွေထဲက ရွေးချယ်တဲ့ ဆန်ကာတင် ၁၅ ဦး စာရင်းထဲမှာ မြန်မာနိုင်ငံက အကျဉ်းကျခံနေရတဲ့ သတင်းသမား ကိုဟန်သာငြိမ်း လည်း ပါဝင်ပါတယ်။ မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း တလလောက် အကြာမှာ ဖမ်းဆီးခံခဲ့ရတဲ့ ကမာရွတ်မီဒီယာ သတင်းဌာန ပူးတွဲတည်ထောင်သူ ကိုဟန်သာငြိမ်းကို RSF သတင်းလွတ်လပ်ခွင့်အတွက် ရဲစွမ်းသတ္တိိဆုရှင် ဆန်ကာတင်စာရင်းမှာ ရွေးချယ်ထားတာပါ။

ကိုဟန်သာငြိမ်း နဲ့ အတူ မနှစ် မတ်လ ၉ ရက်နေ့က ဖမ်းဆီးခံခဲ့ရတဲ့ ကမာရွတ်မီဒီယာက အမေရိကန်နိုင်ငံသား ကိုနေသန်မောင် ကိုတော့ ဇွန်လ ၁၄ ရက်နေ့မှာပဲ စွဲချက်တွေ ပြန်ရုပ်သိမ်းခဲ့ပြီး မြန်မာပြည်က ထွက်ခွာခွင့်ပြုခဲ့ပါတယ်။ စစ်အာဏာသိမ်းပြီးနောက်ပိုင်း မီဒီယာလုပ်ငန်းတွေနဲ့ သတင်းသမားတွေအပေါ် ဖိနှိပ်မှုတွေ တိုးလာနေကြောင်း ကုလသမဂ္ဂနဲ့ လူ့အခွင့်အရေးအဖွဲ့တွေက ပြောဆိုနေကြပေမဲ့ မြန်မာစစ်အာဏာပိုင်တွေကတော့ သတင်းသမားတွေအဖြစ် ပစ်မှတ်ထားတာ မရှိကြောင်း ပြောဆိုထားပါတယ်။

RSF ရဲ့ ၂၀၂၂ ခုနှစ်အတွက် သတင်းလွတ်လပ်ခွင့် အညွှန်းကိန်းမှာတော့၊ ဒီနှစ် ဇန်နဝါရီလ ကစလို့ သတင်းသမား ၂ ဦး အသတ်ခံရပြီး၊ လက်ရှိဖမ်းဆီးခံထားရသူ ၆၇ ယောက် ရှိနေတဲ့ မြန်မာနိုင်ငံဟာ နိုင်ငံပေါင်း ၁၈၀ အနက် ၁၇၆ အဆင့်မှာ ရှိနေကြောင်း ဖော်ပြထားပါတယ်။

RSF ရဲ့ သတင်းလွတ်လပ်ခွင့် ဆုရှင်တွေကို ရွေးချယ်ရာမှာ ရဲစွမ်းသတ္တိရှင်ခေါင်းစဉ်အောက်မှာ မြန်မာသတင်းသမား ဦးဟန်သာငြိမ်း နဲ့ အတူ နီကာရာဂွာနိုင်ငံက La Prensa သတင်းစာ ထူထောင်သူ Juan Lorenzo Holmann Chamorro ယီမင်နိုင်ငံက အလွတ်သတင်းထောက် Mahmoud Al-Otmi တရုတ်နိုင်ငံက စုံစမ်းဖော်ထုတ်သတင်းရေးသားသူ Sophia Huang Xueqin အီရန်နိုင်ငံမှာ လွန်ခဲ့တဲ့ ၁၂ နှစ်အတွင်း အကြိမ်ကြိမ် ဖမ်းဆီးထောင်ချခံရတဲ့ Narges Mohammadi တို့လည်း ပါဝင်ပါတယ်။

သတင်းဖော်ပြမှုတွေကြောင့် နောက်ဆက်တွဲ သက်ရောက်မှုတွေနဲ့ လွတ်လပ်စွာ ရပ်တည်မှု ခေါင်းစဉ်တွေနဲ့လည်း သတင်းသမားတွေနဲ့ အဖွဲ့အစည်း ၁၀ ခုကို RSF အဖွဲ့က ဆန်ခါတင် ရွေးချယ်ထားပါတယ်။ ရှေ့လ ဒီဇင်ဘာ ၁၂ ရက်နေ့ ပဲရစ်မြို့တော်မှာ ကျင်းပမယ့် အကြိမ် ၃ဝ မြောက် ဆုပေးပွဲကိုတော့ ၂ဝ၂၁ ခုနှစ် ငြိမ်းချမ်းရေး နိုဘဲလ်ဆုရှင် ရုရှားနိုင်ငံသား Dmitry Muratov တက်ရောက်မှာဖြစ်ပါတယ်။

11142022 MYANMAR RSF KMSM for Web.mp3
please wait

No media source currently available

0:00 0:00:46 0:00
တိုက်ရိုက် လင့်ခ်

................................................


{{Zawgyi/Unicode}}





XS
SM
MD
LG