သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ျမန္မာသတင္းသမားေတြ ႀကိဳးပမ္းမႈ ကန္ႏိုင္ငံျခားေရး၀န္ႀကီး ခ်ီးက်ဴး


World Press Freedom Day

[[ ZAWGYI / UNICODE ]]

ျမန္မာသတင္းသမားေတြ ႀကိဳးပမ္းမႈ ကန္ႏိုင္ငံျခားေရး၀န္ႀကီး ခ်ီးက်ဴး

ျမန္မာႏိုင္ငံမွာ စစ္အာဏာသိမ္းၿပီးေနာက္ သတင္းမီဒီယာေတြအေပၚ ဖိႏွိပ္မႈေတြၾကားမွာပဲ ဆက္လက္ သတင္းေဖာ္ျပေနၾကတဲ့ သတင္းသမားေတြကို အေမရိကန္ ႏိုင္ငံျခားေရး ၀န္ႀကီးက အဂၤါေန႔မွာ အသိအမွတ္ျပဳ ေျပာဆိုလိုက္ပါတယ္။ ဝါရွင္တန္က Foreign Press Center မွာ လုပ္တဲ႔ ကမ ၻာ့ သတင္းလြတ္လပ္ခြင့္ေန႔ အခမ္းအနားမွာ ႏိုင္ငံျခားေရး ၀န္ႀကီးက Myanmar Now ရဲ႕ အယ္ဒီတာခ်ဳပ္ ကိုေဆြ၀င္းကိုလည္း နမူနာေပး ေျပာဆိုခဲ့တာပါ။

"ျမန္မာ လူထု အေပၚ စစ္တပ္ရဲ႕ အႀကီးအက်ယ္ ရက္စက္ၾကမ္းၾကဳတ္မႈေတြကို ဆက္လက္ ေဖာ္ျပေနတဲ႔ ျမန္မာႏိုင္ငံတြင္းက ေနာက္ဆံုး လက္က်န္ သတင္းမီဒီယာ တခု ျဖစ္တဲ႔ Myanmar Now ကို ဦးေဆာင္ေနတဲ႔ ကိုေဆြ၀င္း ဟာဆိုရင္ စစ္အုပ္ခ်ဳပ္မႈကို ဆန္႔က်င္မႈနဲ႔ ေထာင္ ၇ ႏွစ္က်ခံခဲ႔ရသူ ျဖစ္ၿပီး အဲဒီထဲက သံုးႏွစ္ကို တိုက္ပိတ္ခံခဲ႔ရသူ ျဖစ္ေပမယ့္လည္း ဆက္လက္ အလုပ္လုပ္ေနဆဲ ျဖစ္ပါတယ္။" လို႔ ၀န္ႀကီး Blinken က မိန္႔ခြန္းမွာ ထည့္သြင္း ေျပာဆိုခဲ့တာ ျဖစ္ပါတယ္။

ျမန္မာႏိုင္ငံရဲ႕ မီဒီယာလြတ္လပ္ခြင့္ဟာ ကမၻာမွာ အဆိုးဝါးဆုံး ၅ ႏိုင္ငံထဲကို ထိုးက်သြားတယ္လို႔ နယ္စည္းမျခား သတင္းသမားမ်ားအဖြဲ႔ (RSF) ရဲ႕ ႏွစ္စဥ္ ထုတ္ျပန္ေနက် သတင္းလြတ္လပ္ခြင့္ ၂၀၂၂ အစီအရင္ခံစာ မွာ ေျပာထားပါတယ္။

ျပီးခဲ႔တဲ႔ ၂၀၂၁ ခုႏွစ္ အတြင္း ျမန္မာႏိုင္ငံမွာ စစ္အာဏာသိမ္းမႈေၾကာင့္ မီဒီယာ အခြင့္အေရးဟာ ၁၀ ႏွစ္စာ ေနာက္ဆုတ္သြားၿပီး သတင္းေထာက္ေတြ ဖမ္းဆီးခံရ၊ သတင္းမီဒီယာ ထုတ္ေ၀ခြင့္ေတြ ပိတ္သိမ္းခံရသလို သတင္းမီဒီယာ အမ်ားအျပားဟာလည္း ျပည္ပကို ျပန္ၿပီး ထြက္ခြာ ၾကရပါတယ္။

စစ္ေကာင္စီ လက္ေအာက္ ျမန္မာႏိုင္ငံရဲ႕ သတင္းလြတ္လပ္ခြင့္က အဆင့္ ၁၇၆ ကို က်ဆင္းသြားၿပီး ကမ ၻာမွာ သတင္းသမား အက်ဥ္းသား အမ်ားဆံုး ႏိုင္ငံတခုလည္း ျဖစ္ပါတယ္။ ျမန္မာႏိုင္ငံရဲ႕ သတင္းလြတ္လပ္ခြင့္အဆင့္ဟာ ၁၄၀ ကေန ၁၇၆ ကို က်ဆင္းသြားတာပါ။ ျမန္မာႏိုငံရဲ႕ ေအာက္မွာ ေျမာက္ကိုရီးယား (အဆင့္ ၁၈၀)၊ အီရီထရီးယား (၁၇၉)၊ အီရန္ (၁၇၈) နဲ႔ တပ္ခ္မင္နစၥတန္ (၁၇၇) ၄ ႏိုင္ငံပဲ ရွိပါေတာ့တယ္။

တိုက္႐ိုက္ လင့္ခ္

= = = = = = = = = = = =

{{ UNICODE }}

မြန်မာသတင်းသမားတွေ ကြိုးပမ်းမှု ကန်နိုင်ငံခြားရေးဝန်ကြီး ချီးကျူး

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက် သတင်းမီဒီယာတွေအပေါ် ဖိနှိပ်မှုတွေကြားမှာပဲ ဆက်လက် သတင်းဖော်ပြနေကြတဲ့ သတင်းသမားတွေကို အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးက အင်္ဂါနေ့မှာ အသိအမှတ်ပြု ပြောဆိုလိုက်ပါတယ်။ ဝါရှင်တန်က Foreign Press Center မှာ လုပ်တဲ့ ကမ ္ဘာ့ သတင်းလွတ်လပ်ခွင့်နေ့ အခမ်းအနားမှာ နိုင်ငံခြားရေး ဝန်ကြီးက Myanmar Now ရဲ့ အယ်ဒီတာချုပ် ကိုဆွေဝင်းကိုလည်း နမူနာပေး ပြောဆိုခဲ့တာပါ။

"မြန်မာ လူထု အပေါ် စစ်တပ်ရဲ့ အကြီးအကျယ် ရက်စက်ကြမ်းကြုတ်မှုတွေကို ဆက်လက် ဖော်ပြနေတဲ့ မြန်မာနိုင်ငံတွင်းက နောက်ဆုံး လက်ကျန် သတင်းမီဒီယာ တခု ဖြစ်တဲ့ Myanmar Now ကို ဦးဆောင်နေတဲ့ ကိုဆွေဝင်း ဟာဆိုရင် စစ်အုပ်ချုပ်မှုကို ဆန့်ကျင်မှုနဲ့ ထောင် ၇ နှစ်ကျခံခဲ့ရသူ ဖြစ်ပြီး အဲဒီထဲက သုံးနှစ်ကို တိုက်ပိတ်ခံခဲ့ရသူ ဖြစ်ပေမယ့်လည်း ဆက်လက် အလုပ်လုပ်နေဆဲ ဖြစ်ပါတယ်။" လို့ ဝန်ကြီး Blinken က မိန့်ခွန်းမှာ ထည့်သွင်း ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံရဲ့ မီဒီယာလွတ်လပ်ခွင့်ဟာ ကမ္ဘာမှာ အဆိုးဝါးဆုံး ၅ နိုင်ငံထဲကို ထိုးကျသွားတယ်လို့ နယ်စည်းမခြား သတင်းသမားများအဖွဲ့ (RSF) ရဲ့ နှစ်စဉ် ထုတ်ပြန်နေကျ သတင်းလွတ်လပ်ခွင့် ၂၀၂၂ အစီအရင်ခံစာ မှာ ပြောထားပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် အတွင်း မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုကြောင့် မီဒီယာ အခွင့်အရေးဟာ ၁၀ နှစ်စာ နောက်ဆုတ်သွားပြီး သတင်းထောက်တွေ ဖမ်းဆီးခံရ၊ သတင်းမီဒီယာ ထုတ်ဝေခွင့်တွေ ပိတ်သိမ်းခံရသလို သတင်းမီဒီယာ အများအပြားဟာလည်း ပြည်ပကို ပြန်ပြီး ထွက်ခွာ ကြရပါတယ်။

စစ်ကောင်စီ လက်အောက် မြန်မာနိုင်ငံရဲ့ သတင်းလွတ်လပ်ခွင့်က အဆင့် ၁၇၆ ကို ကျဆင်းသွားပြီး ကမ ္ဘာမှာ သတင်းသမား အကျဉ်းသား အများဆုံး နိုင်ငံတခုလည်း ဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ သတင်းလွတ်လပ်ခွင့်အဆင့်ဟာ ၁၄၀ ကနေ ၁၇၆ ကို ကျဆင်းသွားတာပါ။ မြန်မာနိုငံရဲ့ အောက်မှာ မြောက်ကိုရီးယား (အဆင့် ၁၈၀)၊ အီရီထရီးယား (၁၇၉)၊ အီရန် (၁၇၈) နဲ့ တပ်ခ်မင်နစ္စတန် (၁၇၇) ၄ နိုင်ငံပဲ ရှိပါတော့တယ်။

XS
SM
MD
LG