သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ျမန္မာသတင္းမီဒီယာ လြတ္လပ္ခြင့္အတြက္ ဆက္လက္ႀကိဳးပမ္းဖို႔ ယူနက္စကို ကတိျပဳ


World Press Freedom Day (photo : Amnesty International )

[[ ZAWGYI / UNICODE ]]

ျမန္မာသတင္းမီဒီယာ လြတ္လပ္ခြင့္အတြက္ ဆက္လက္ႀကိဳးပမ္းဖို႔ ယူနက္စကို ကတိျပဳ

ျမန္မာႏိုင္ငံမွာ စစ္အာဏာသိမ္းၿပီးေနာက္ပိုင္း ဖိႏွိပ္မႈေတြနဲ႔ ရင္ဆိုင္ေနရတဲ့ သတင္းမီဒီယာေတြကို ဆက္လက္ အကာအကြယ္ေပးဖို႔ ႀကိဳးပမ္းသြားမယ့္အေၾကာင္း ကုလသမဂၢက ေျပာလိုက္ပါတယ္။

ျမန္မာႏိုင္ငံမွာ သတင္းလြတ္လပ္ခြင့္ကို ကာကြယ္ေစာင့္ေရွာက္ဖို႔ သတင္းေထာက္မီဒီယာ သမားေတြ ေဘးကင္းလံုျခံဳမႈနဲ႔ အကာအကြယ္ ပိုၿပီး ရရွိေရးတို႔ အတြက္ ဆက္လက္ၿပီး ခိုင္ခိုင္မာမာ ပူးေပါင္းေဆာင္ရြက္ေနေၾကာင္း ျမန္မာႏိုင္ငံဆိုင္ရာ ကုလသမဂၢ ပညာေရး သိပၸံနဲ႔ ယဥ္ေက်းမႈ အဖြဲ႔ UNESCO က ေမလ ၃ ရက္ အဂၤါေန႔မွာ က်ေရာက္တဲ႔ ကမ ၻာ့ သတင္းလြတ္လပ္ခြင့္ေန႔မွာ ေျပာဆိုလိုက္ေၾကာင္း ကုလသမဂၢ အတြင္းေရးမွဴးခ်ဳပ္႐ုံးက ေျပာဆိုလိုက္တာပါ။

“စစ္တပ္ အာဏာသိမ္းတဲ႔ ၿပီးခဲ႔တဲ႔ ေဖေဖာ္ဝါရီလ ကတည္းက ဆိုရင္ အနည္းဆံုး သတင္းသမား ၁၅၄ ဦး ဖမ္းဆီးခံရၿပီး အနည္းဆံုး ၅၅ ဦး ဆက္လက္ ဖမ္းခံထားရဆဲ ျဖစ္ပါတယ္။ သတင္းေထာက္ ၃ ဦးလည္း ေသဆံုးခဲ႔ရပါတယ္။” ယူနက္စကိုရဲ႕ ထုတ္ျပန္ခ်က္ကို ကုလသမဂၢ အတြင္းေရးမွဴးခ်ဳပ္ရဲ႕ လက္ေထာက္ ေျပာခြင့္ရ Farhan Haq က အဂၤါေန႔ နယူးေယာက္ ကုလသမဂၢ ဌာနခ်ဳပ္ သတင္းစာ ရွင္းလင္းပြဲမွာ ေျပာဆိုခဲ႔တာပါ။

ျမန္မာႏိုင္ငံမွာ ေဒသဆိုင္ရာ တရားရံုးေတြက ျပစ္ဒဏ္ စီရင္ခ်က္ ခ်ခံရတဲ႔ သတင္းသမား ၃၃ ဦး ရွိၿပီး ျမန္မာႏိုင္ငံတြင္း သတင္းသမားေတြကို ေထာင္ဒဏ္ ျပစ္ဒဏ္ ခ်မွတ္မႈ အေရအတြက္ကလည္း တိုးလာေနတယ္လို႔လည္း ေျပာပါတယ္။

ျပီးခဲ႔တဲ႔ ေဖေဖာ္ဝါရီလ ေနာက္ပိုင္း မီဒီယာ ဌာန ၁၀ ခုရဲ႕ လိုင္စင္ေတြ ႐ုပ္သိမ္းခံရၿပီး လြတ္လပ္တဲ႔ သတင္းမီဒီယာ ၁၈ ခုကေတာ့ လုပ္ငန္းေတြ ရပ္ဆိုင္းထားရပါတယ္။ သတင္းမီဒီယာ လုပ္ငန္း ၅ ခုကေတာ့ ရာဇ၀တ္မႈ ဆိုင္ရာ စြဲခ်က္ေတြ အမ်ားအျပားနဲ႔ ရင္ဆိုင္ေနရေၾကာင္းလည္း ကုလသမဂၢ ပညာေရး သိပၸံနဲ႔ ယဥ္ေက်းမႈ အဖြဲ႔ UNESCO က ေျပာဆိုထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

= = = = = = = = = = = = = = = =

{{ UNICODE }}

မြန်မာသတင်းမီဒီယာ လွတ်လပ်ခွင့်အတွက် ဆက်လက်ကြိုးပမ်းဖို့ ယူနက်စကို ကတိပြု

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဖိနှိပ်မှုတွေနဲ့ ရင်ဆိုင်နေရတဲ့ သတင်းမီဒီယာတွေကို ဆက်လက် အကာအကွယ်ပေးဖို့ ကြိုးပမ်းသွားမယ့်အကြောင်း ကုလသမဂ္ဂက ပြောလိုက်ပါတယ်။

မြန်မာနိုင်ငံမှာ သတင်းလွတ်လပ်ခွင့်ကို ကာကွယ်စောင့်ရှောက်ဖို့ သတင်းထောက်မီဒီယာ သမားတွေ ဘေးကင်းလုံခြုံမှုနဲ့ အကာအကွယ် ပိုပြီး ရရှိရေးတို့ အတွက် ဆက်လက်ပြီး ခိုင်ခိုင်မာမာ ပူးပေါင်းဆောင်ရွက်နေကြောင်း မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ ပညာရေး သိပ္ပံနဲ့ ယဉ်ကျေးမှု အဖွဲ့ UNESCO က မေလ ၃ ရက် အင်္ဂါနေ့မှာ ကျရောက်တဲ့ ကမ ္ဘာ့ သတင်းလွတ်လပ်ခွင့်နေ့မှာ ပြောဆိုလိုက်ကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရုံးက ပြောဆိုလိုက်တာပါ။

“စစ်တပ် အာဏာသိမ်းတဲ့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ကတည်းက ဆိုရင် အနည်းဆုံး သတင်းသမား ၁၅၄ ဦး ဖမ်းဆီးခံရပြီး အနည်းဆုံး ၅၅ ဦး ဆက်လက် ဖမ်းခံထားရဆဲ ဖြစ်ပါတယ်။ သတင်းထောက် ၃ ဦးလည်း သေဆုံးခဲ့ရပါတယ်။” ယူနက်စကိုရဲ့ ထုတ်ပြန်ချက်ကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ လက်ထောက် ပြောခွင့်ရ Farhan Haq က အင်္ဂါနေ့ နယူးယောက် ကုလသမဂ္ဂ ဌာနချုပ် သတင်းစာ ရှင်းလင်းပွဲမှာ ပြောဆိုခဲ့တာပါ။

မြန်မာနိုင်ငံမှာ ဒေသဆိုင်ရာ တရားရုံးတွေက ပြစ်ဒဏ် စီရင်ချက် ချခံရတဲ့ သတင်းသမား ၃၃ ဦး ရှိပြီး မြန်မာနိုင်ငံတွင်း သတင်းသမားတွေကို ထောင်ဒဏ် ပြစ်ဒဏ် ချမှတ်မှု အရေအတွက်ကလည်း တိုးလာနေတယ်လို့လည်း ပြောပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ နောက်ပိုင်း မီဒီယာ ဌာန ၁၀ ခုရဲ့ လိုင်စင်တွေ ရုပ်သိမ်းခံရပြီး လွတ်လပ်တဲ့ သတင်းမီဒီယာ ၁၈ ခုကတော့ လုပ်ငန်းတွေ ရပ်ဆိုင်းထားရပါတယ်။ သတင်းမီဒီယာ လုပ်ငန်း ၅ ခုကတော့ ရာဇဝတ်မှု ဆိုင်ရာ စွဲချက်တွေ အများအပြားနဲ့ ရင်ဆိုင်နေရကြောင်းလည်း ကုလသမဂ္ဂ ပညာရေး သိပ္ပံနဲ့ ယဉ်ကျေးမှု အဖွဲ့ UNESCO က ပြောဆိုထားပါတယ်။

XS
SM
MD
LG