သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ဖိႏွိပ္ညႇင္းပန္းခံေနရတဲ့ ႏိုင္ငံေရးအက်ဥ္းသားတို႔ရဲ႕ အေျခအေန


နာမည္ဆုိးနဲ႔ ေက်ာ္ၾကားတဲ့ အင္းစိန္အက်ဥ္းေထာင္ ဗူးဝျမင္ကြင္း။ (၂၇ ဇြန္ ၂၀၁၆)

(Zawgyi / Unicode)

စစ္တပ္အာဏာသိမ္းတာကို ဆန႔္က်င္ဆႏၵျပၾကလို႔ ဖမ္းဆီးခံထားရတဲ့ ႏိုင္ငံေရးသမားေတြနဲ႔ တက္ႂကြလႈပ္ရွားသူေတြဟာ အက်ဥ္းေထာင္တြင္းမွာ နည္းမ်ိဳးစုံနဲ႔ ဖိႏွိပ္မႈေတြကို အဆိုးရြားဆံုး ႀကံဳေတြ႔ေနရတယ္လို႔ ျပန္လြတ္လာသူေတြ၊ နီးစပ္သူေတြနဲ႔ ေထာင္တြင္းကထြက္လာတဲ့ ေရးသားခ်က္ေတြအရ သိရပါတယ္။ ရန္ကုန္ကေပးပုိ႔တဲ့ သတင္းေဆာင္းပါးကုိ မသိဂႌထုိက္ တင္ျပေပးထားပါတယ္။

အာဏာသိမ္း စစ္ေကာင္စီက ဖမ္းဆီးထားတဲ့ ႏိုင္ငံေရးအက်ဥ္းသားေတြကို နည္းမ်ိဳးစုံနဲ႔ လူမဆန္စြာ ႏွိပ္စက္ခံရတာ၊ လူ႔အခြင့္အေရးနဲ႔ မသင့္ေလ်ာ္တဲ့ လုပ္ရပ္ေတြနဲ႔ ဖိႏွိပ္ေစာ္ကားတာ၊ ႏိုင္ငံေရးအက်ဥ္းသားေတြကို အက်ဥ္းေထာင္လက္စြဲေတြအတိုင္း မထားတာ၊ ျပစ္ဒဏ္က် ရာဇဝတ္သားေတြကို ႐ိုက္ႏွက္ခိုင္းတာေတြအျပင္ တိုက္ပိတ္တာေတြကို ပိုမိုလုပ္ေဆာင္လာခဲ့တယ္လို႔ အာဏာသိမ္းမႈကို ဆန႔္က်င္ဆႏၵျပလို႔ ဖမ္းဆီးခံရၿပီးမွ ျပန္လည္လြတ္ေျမာက္လာသူတဦးက ဗြီအိုေအကို ေျပာျပပါတယ္။

“ဘယ္လိုဖိႏွိပ္တာမ်ဳိးေတြ ရွိလဲဆုိေတာ့ သူတို႔က ဘယ္လုိလဲဆိုေတာ့ အက်ဥ္းသားေတြ အမ်ားႀကီးရွိတယ္၊ တျခားပုဒ္မေတြလည္း ရွိတယ္။ အထဲမွာရွိေနတဲ့ တျခားပုဒ္မနဲ႔ ေရာက္ေနတဲ့လူေတြကိုလည္း သူတုိ႔က ဘယ္လုိ႐ုိက္သြင္းထားလဲဆုိေတာ့ ဒါ ငါတုိ႔အစုိးရ၊ ဒီအစိုးရလက္ထက္က်မွ ငါတုိ႔က ေျဖေလွ်ာ့မႈေတြ ေလွ်ာ့ရက္တုိ႔ ဘာတုိ႔ ရမယ္ေပါ့၊ အဲ့ေတာ့ ဒီအစိုးရကို ေထာက္ခံမွ ငါတုိ႔ ျမန္ျမန္လြတ္မယ္ဆုိၿပီး တျခားပုဒ္မေတြက အထဲမွာ အဲ့လုိ႐ုိက္သြင္းထားတာရွိတယ္။ အဲဒီေတာ့ အခုဝင္လာတဲ့ သူေတြက ငါတုိ႔အစုိးရကို ပုန္ကန္ဆန္႔က်င္ၿပီး ဝင္လာတဲ့ သူပုန္ေတြေပါ့၊ သူတုိ႔ကို ငါတုိ႔ နွိပ္ကြပ္ရမယ္၊ သူူတုိ႔ကို မ်က္ႏွာသာေပးလုိ႔ မရဘူး၊ ဆုိေတာ့ ၅၀၅ ေတြကို ႏွိပ္ကြပ္ႏုိင္တဲ့ တျခားပုဒ္မနဲ႔ ဝင္လာတဲ့သူေတြဆုိ သူတုိ႔က အခြင့္အေရးေပးတယ္။ ရန္စတာတုိ႔၊ ဆဲတာတုိ႔၊ ႐ုိက္တာတုိ႔၊ ေထာင္ဝါဒါေတြကလည္း ပါဝါ အာဏာ ျပၾကတာေပ့ါ။ အဲဒီလိုမ်ဳိးေတြ လုပ္ၾကတယ္ဆုိေတာ့ က်မတုိ႔က အဲဒီဒဏ္ေတြကို မခံခ်င္ဘဲနဲ႔ ခံေနရတာ။ ဥပမာ ေယာက္်ားႀကီး သုံးေလးေယာက္ေလာက္ ထမ္းရတဲ့ ထမင္းအုိးအႀကီးႀကီးေတြကို မိန္းမေတြကို မခုိင္းတာမ်ုိး။”

ႏိုင္ငံေရးအက်ဥ္းသားေတြထဲက က်န္းမာေရးကုသမႈ လိုအပ္သူေတြကိုလည္း ေဆးကုသခြင့္ မေပးဘူးလို႔ သူက ခုလို ဆက္ေျပာျပပါတယ္။

“အဓိက က်မတုိ႔က က်န္းမာေရး၊ က်မက အသက္႐ွဴလုိက္ရင္ ေနာက္တေယာက္ရဲ႕ မ်က္ႏွာေပၚကုိ သြားက်တာမ်ဳိး၊ ျပြတ္ၿပီးေတာ့၊ သူတုိ႔ တျခားအက်ဥ္းသားကို ထားရင္ ၅၀၊ ၆၀ ပဲထားတယ္။ ဒါေပမဲ့ က်မတုိ႔ကို လူ ၂၀၀ အဲဒီအထဲ ထည့္ထားတယ္။ အျပင္ကေန က်မတုိ႔ကို ေသာ့ခတ္ထားတယ္။ အထဲမွာ အိမ္သာက ၂ လုံးရွိတယ္။ တလုံးက သုံးလုိ႔မရဘူး။ တလုံးပဲ သုံးလုိ႔ရတယ္။ က်န္းမာေရးအရ ေရခ်ဳိးတဲ့ေနရာမွာ ေနပူႀကဲေတာက္ႀကီးမွာ ေရခ်ဳိးခုိင္းတာ။ ရွင္းရွင္းေျပာရင္ ေထာင္နဲ႔ အျပင္နဲ႔ ဘာကြာလဲဆိုရင္ အျပင္မွာ လူမျမင္ သူမျမင္လုပ္ရတဲ့ အလုပ္ေတြ အားလုံးက ေထာင္ထဲမွာ လူေရွ႕သူေရွ႕မွာ လုပ္ရတယ္။ လူေရွ႕မွာ အိမ္သာတက္ရတယ္၊ လူေရွ႕မွာ ေရခ်ဳိးရတယ္၊ အဲဒါမ်ဳိးေတြေပါ့။ က်မတုိ႔ မိန္းကေလးေတြကို အဲဒါမ်ဳိးလုပ္တာက လုံးဝ အဆင္မေျပဘူး။ သူတုိ႔ေဆး႐ံုကုိ သြားရင္လည္း ဘာေရာဂါျဖစ္ျဖစ္ ပါရာစီတေမာကလြဲလို႔ မထြက္ဘူးေလ။ က်မဆိုရင္ ဆီးခ်ဳိရွိတယ္။ က်မအိမ္ကေန ေဆးသြင္းတယ္။ အဲဒါကို က်မက သူတုိ႔ေဆး႐ုံမွာ မျပထားလုိ႔ သူတုိ႔ေဆး႐ုံက က်မကို ဆီးခ်ဳိအျဖစ္ မသတ္မွတ္လို႔ ေဆးသုံးခြင့္မရွိဘူး။”

မၾကာေသးခင္ကလည္း အင္းစိန္အက်ဥ္းေထာင္မွာ ေထာင္ဒဏ္က်ခံေနရတဲ့ ဗမာႏိုင္ငံလုံးဆိုင္ရာ ေက်ာင္းသားသမဂၢမ်ားအဖြဲ႔ခ်ဳပ္ (ဗကသမ်ားအဖြဲ႔ခ်ဳပ္) က ဒုတိယဥကၠ႒ ကိုေဝယံၿဖိဳးမိုး အင္းစိန္အက်ဥ္းေထာင္မွာ ႐ိုက္ႏွက္ႏွိပ္စက္ခံရၿပီး ေဆးကုခြင့္ မေပးတာမို႔ အသက္အႏၲရာယ္ စုိးရိမ္ေနရတယ္လို႔ သူနဲ႔နီးစပ္သူေတြအျပင္ ဗကသမ်ားအဖြဲ႔ခ်ဳပ္ကလည္း ထုတ္ျပန္ ေျပာဆိုထားပါတယ္။

ဗကသမ်ားအဖြဲ႔ခ်ဳပ္ ဒုတိယဥကၠ႒ ကိုေဝယံၿဖိဳးမိုး၊ ရန္ကုန္တကၠသိုလ္ ေက်ာင္းသားမ်ားသမဂၢ ေက်ာင္းသားထုအခြင့္အေရး တာဝန္ခံ ကိုေလေျပစိုးမိုးတို႔ အပါအဝင္ ႏိုင္ငံေရးအက်ဥ္းသား ၈၉ ဦးတို႔ကိုလည္း အသံတိတ္သပိတ္ လႈပ္ရွားမႈမွာ ပါဝင္တယ္ဆိုၿပီး ျပင္းျပင္းထန္ထန္ ႐ိုက္ႏွက္ ႏွိပ္စက္ခံရတာ ရွိခဲ့တယ္လို႔ ဗကသမ်ားအဖြဲ႔ခ်ဳပ္က ထုတ္ျပန္ ေျပာဆိုထားတာလည္း ရွိပါတယ္။

စစ္တပ္က အာဏာသိမ္းၿပီးေနာက္ပိုင္း ေထာင္တြင္းမွာ လူ႔အခြင့္အေရး ခ်ိဳးေဖာက္တာေတြ ပိုမိုဆိုးရြားလာတဲ့အတြက္ ဖမ္းဆီးခံရတဲ့ ႏိုင္ငံေရးအက်ဥ္းသားေတြဟာ ေထာင္တြင္းသပိတ္ေတြ ျပဳလုပ္ၿပီး ေထာင္အာဏာပိုင္ေတြကို ဆန႔္က်င္တာေတြ ေတာ္ေတာ္ေလး လုပ္လာခဲ့ၾကပါတယ္။

မၾကာေသးခင္ကလည္း ကရင္ျပည္နယ္၊ ဘားအံအက်ဥ္းေထာင္၊ စစ္ကိုင္းတိုင္း မုံရြာအက်ဥ္းေထာင္နဲ႔ ထားဝယ္ေထာင္၊ ကေလးအက်ဥ္းေထာင္ေတြမွာ ႏိုင္ငံေရးအက်ဥ္းသားေတြ ဖိႏွိပ္ခံရတာေတြေၾကာင့္ ဆႏၵျပ ကန႔္ကြက္မႈေတြ ရွိခဲ့သလို စစ္တပ္က အၾကမ္းဖက္ ႏွိမ္နင္းတာေတြ လုပ္ခဲ့တာလည္း ရွိခဲ့ပါတယ္။ လူေသဆုံးရတဲ့အထိ ျပင္းျပင္းထန္ထန္ ႏွိမ္နင္းတာေတြ လုပ္ခဲ့ပါတယ္။

ႏိုင္ငံေရးအက်ဥ္းသားေတြကို ေထာင္အတြင္း ဖိႏွိပ္မႈမ်ား ျပဳလုပ္ရာ ေနရာေတြထဲမွာ အင္းစိန္ေထာင္၊ အိုးဘိုေထာင္တို႔အျပင္ ထားဝယ္အက်ဥ္းေထာင္ကလည္း နာမည္ဆိုးနဲ႔ ေက်ာ္ၾကားတဲ့ ေထာင္ေတြအျဖစ္ ပါဝင္ေနပါတယ္။

စစ္အာဏာရွင္ဆန႔္က်င္ေရး ဆႏၵျပလို႔ ထားဝယ္ေထာင္မွာ ဖမ္းဆီးခံထားရတဲ့သူ အေယာက္ ၄ဝဝ ေက်ာ္ ရွိေနပါတယ္။ အဲဒီထဲမွာ သားအိမ္ေရာဂါ ခံစားေနရတဲ့ အမ်ိဳးသမီးတဦး၊ ရင္ဘတ္ကို ေသနတ္ပစ္ခံထားရတဲ့ အမ်ိဳးသမီးတဦး၊ အက်ိတ္ခြဲစိတ္ရမယ့္ အမ်ိဳးသမီးတဦးနဲ႔ လက္ေမာင္း႐ိုး က်ိဳးထားတဲ့ အမ်ိဳးသားတဦးဟာ ေဆးကုသခံယူဖို႔ အလြန္လိုအပ္ေနတယ္လို႔ ထားဝယ္ ႏိုင္ငံေရးအက်ဥ္းသားမ်ား ကြန္ရက္က ေျပာပါတယ္။ လတ္တေလာ ေထာင္တြင္းအေျခအေနေတြနဲ႔ ပတ္သက္လုိ႔ အခုလို ေျပာျပလာတာပါ။

“က်ေနာ္တုိ႔ ထားဝင္ေထာင္မွာ အဓိက ဖိႏွိပ္ခံရတာကေတာ့ တျခားရာဇဝတ္မႈေတြနဲ႔ ေရာၿပီးထားတယ္။ ႏုိင္ငံေရးအက်ဥ္းသားေတြကို ရည္ရြယ္ခ်က္ရွိရွိ ဖိႏွိပ္တာမ်ဳိး ရွိတယ္။ ေနာက္တခုက ေထာင္ပုိင္တုိ႔ ေထာင္ဝန္ထမ္းတို႔ကေနၿပီးေတာ့ ႏုိင္ငံေရး အက်ဥ္းသားေတြ စု႐ုံးေနတာမ်ဳိး၊ ႏုိင္ငံေရးစကား ေျပာတာမ်ဳိးေတြ လုိက္ကန္႔သတ္တာေပါ့။ အဲဒီလုိ ေျပာတဲ့သူေတြဆုိရင္ တုိက္ပိတ္တာ၊ မိသားစုနဲ႔ ေတြ႔ခြင့္မေပးတာမ်ဳိးေတြ လုပ္တယ္။ ေနာက္တခုကေတာ့ ေထာင္တြင္းတရား႐ုံးနဲ႔ တရားရင္ဆုိင္တဲ့အခါမွာ ဘယ္ေရွ႕ေနမွလည္း လုိက္မေပးရဲေတာ့ဘူး။ ကုိယ္တုိင္ရင္ဆုိင္ရတယ္၊ သူတုိ႔ရဲ႕ စြပ္စြဲခ်က္ေတြေပါ့၊ သူတုိ႔က စြပ္စြဲၿပီးေတာ့ မတရားပုဒ္မေတြ တပ္တဲ့ကိစၥေတြကို ျပန္ၿပီးေတာ့ ေခ်ပေျပာဆုိတာေတြ မလုပ္ႏုိင္ဘဲနဲ႔၊ ေခ်ပေျပာဆုိရင္လည္း သူတုိ႔က အဲဒါကို ထည့္သြင္းမစဥ္းစားဘဲနဲ႔ ခ်ခ်င္တဲ့ပုဒ္မနဲ႔ ခ်ခ်င္တဲ့ေထာင္ဒဏ္ ခ်လုိက္တယ္။ ေရွ႕ေနမ်ားကြန္ရက္ကေနၿပီး အလကားလုိက္ေပးတဲ့ ေရွ႕ေနေတြ ရွိတယ္။ ဒါေပမဲ့ အခုေနာက္ပုိင္း အဲဒီအဖြဲ႔ေတြကုိလည္း သူတုိ႔က အားေပးကူညီမႈနဲ႔ တရားစြဲမယ္ ဆုိတာမ်ဳိး လုပ္လာတယ္။ ဖမ္းဆီးမႈေတြရွိေတာ့ ေရွ႕ေနေတြလည္း မလုိက္ေပးရဲေတာ့ဘူး။”

မၾကာေသးမီ ရက္ပိုင္းအတြင္းက ဗြီအိုေအက လက္ခံရရွိခဲ့တဲ့ ေထာင္တြင္းက လက္ေရးမူ စာတေစာင္ထဲမွာ “အက်ဥ္းသားအခ်င္းခ်င္းကို ႏွိပ္စက္ခိုင္းတာ၊ ႏိုင္ငံေရးအက်ဥ္းသားေတြကို အေၾကာင္းမရွိ ရာဇဝတ္အက်ဥ္းသားေတြကို ႐ိုက္ႏွက္ညႇင္းပန္းခိုင္းကာ၊ တိုက္ပိတ္ျပစ္ဒဏ္ေတြေပးတာ၊ လူ႔အခြင့္အေရး ခ်ိဳးေဖာက္တဲ့ လုပ္ရပ္ေတြျဖစ္တဲ့ အမ်ိဳးသား အမ်ိဳးသမီးေတြ ေရခ်ိဳးေနရာ၊ အိမ္သာတို႔မွာပါ CCTV ေတြတပ္ကာ ၂၄ နာရီ ေစာင့္ၾကည့္တာ စတာေတြကို လုပ္ေဆာင္တယ္ ဆုိတာကို” ေရးသားထားတာကို ေတြ႔ရပါတယ္။

ဒီလို ေထာင္တြင္း အၾကမ္းဖက္ခံရမႈေတြ၊ လိုအပ္ခ်က္ေတြကို ႏိုင္ငံတကာ အဖြဲ႔တခုျဖစ္တဲ့ ႏိုင္ငံတကာၾကက္ေျခနီအဖြဲ႔ (ICRC) အေနနဲ႔ အျမန္ဆုံး စစ္ေဆးဖို႔ လိုအပ္ေနတယ္လို႔ ေရွ႕ေနတဦးက ေျပာပါတယ္။

“က်ေနာ္တို႔ အေတြ႔အႀကဳံေတြအရ ျပည္တြင္းကျဖစ္ေစ၊ ျပည္ပကျဖစ္ေစ ဒီ ICRC နဲ႔ ျမန္မာႏိုင္ငံ လူ႔အခြင့္အေရး ေကာ္မရွင္တို႔ကေန ပူးေပါင္းၿပီး ျမန္မာႏုိင္ငံၾကက္ေျခနီေပါ့၊ ပူးေပါင္းၿပီး အက်ဥ္းေထာင္ေတြကို အရင္ကလိုပဲ ဝင္ေရာက္ၿပီးေတာ့ ေလ့လာတာ၊ အေျခအေန စုံစမ္းတာ၊ ဒါေတြျဖစ္လာရင္ေတာ့ ဒါက ေတာ္ေတာ္ေလ်ာ့က်ႏိုင္မယ့္ အေနအထား ရွိပါတယ္။”

ျမန္မာႏိုင္ငံရဲ႕ အက်ဥ္းေထာင္ေတြကို ၂၀၁၉ ခုႏွစ္ ကိုဗစ္ကူးစက္မႈေတြ စတင္ျဖစ္ပြားခဲ့ခ်ိန္ကစလို႔ ႏိုင္ငံတကာ ၾကက္ေျခနီအဖြဲ႔ (ICRC) က ဝင္ေရာက္ ေလ့လာခြင့္ မရေတာ့ဘူးလို႔ ICRC ရဲ႕ ၫႊန္ၾကားေရးမွဴးခ်ဳပ္ Robert Mardini က AP သတင္းဌာနကို ေျပာထားပါတယ္။ ဒါေၾကာင့္ ICRC အေနနဲ႔ အက်ဥ္းေထာင္ေတြထဲက အေျခအေနေတြကို ေလ့လာခြင့္ေပးဖို႔ ေတာင္းဆိုေနပါတယ္။ ဒီလို ေတာင္းဆိုေနေပမယ့္ ခုခ်ိန္ထိ စစ္ေကာင္စီဘက္က ခြင့္မျပဳေသးပါဘူး။

စစ္ေကာင္စီကို ဆန္႔က်င္မႈနဲ႔ ဆက္စပ္ၿပီးေတာ့ ဖမ္းဆီးခ်ဳပ္ေႏွာင္ ခံထားရသူ စုစုေပါင္းဟာ ဒီကေန႔ထိဆို လူဦေရ ၁၁,၀၀၀ နီးပါးရွိေနၿပီး အဲဒီထဲမွာ ေထာင္ဒဏ္ခ်မွတ္ျခင္း ခံထားရသူဟာ ၂,၀၀၀ နီးပါးရွိကာ က်န္သူေတြကေတာ့ အမႈရင္ဆိုင္ေနရဆဲနဲ႔ စစ္ေၾကာေရးေတြမွာ ရွိေနဆဲျဖစ္တယ္လို႔ ႏိုင္ငံေရးအက်ဥ္းသားမ်ား ကူညီေစာင့္ေရွာက္ေရးအသင္း (AAPP) ရဲ႕ စာရင္းမ်ားအရ သိရပါတယ္။ ဒီထဲမွာ ေသဒဏ္ခ်မွတ္ခံရသူကေတာ့ အေယာက္ ၂၀၀ နီးပါး ရွိတယ္လို႔ ဆိုပါတယ္။ စစ္ေကာင္စီဘက္ကေတာ့ AAPP ရဲ႕ ထုတ္ျပန္ခ်က္ဟာ ခ်ဲ႕ကားထားတဲ့ အခ်က္အလက္ေတြလို႔ ေျပာၿပီး အၿမဲ ပယ္ခ်ေလ့ ရွိပါတယ္။

တိုက္႐ိုက္ လင့္ခ္

--------------------------------

(Unicode)

ဖိနှိပ်ညှင်းပန်းခံနေရတဲ့ နိုင်ငံရေးအကျဉ်းသားတို့ရဲ့ အခြေအနေ

စစ်တပ်အာဏာသိမ်းတာကို ဆန့်ကျင်ဆန္ဒပြကြလို့ ဖမ်းဆီးခံထားရတဲ့ နိုင်ငံရေးသမားတွေနဲ့ တက်ကြွလှုပ်ရှားသူတွေဟာ အကျဉ်းထောင်တွင်းမှာ နည်းမျိုးစုံနဲ့ ဖိနှိပ်မှုတွေကို အဆိုးရွားဆုံး ကြုံတွေ့နေရတယ်လို့ ပြန်လွတ်လာသူတွေ၊ နီးစပ်သူတွေနဲ့ ထောင်တွင်းကထွက်လာတဲ့ ရေးသားချက်တွေအရ သိရပါတယ်။ ရန်ကုန်ကပေးပို့တဲ့ သတင်းဆောင်းပါးကို မသိင်္ဂီထိုက် တင်ပြပေးထားပါတယ်။

အာဏာသိမ်း စစ်ကောင်စီက ဖမ်းဆီးထားတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို နည်းမျိုးစုံနဲ့ လူမဆန်စွာ နှိပ်စက်ခံရတာ၊ လူ့အခွင့်အရေးနဲ့ မသင့်လျော်တဲ့ လုပ်ရပ်တွေနဲ့ ဖိနှိပ်စော်ကားတာ၊ နိုင်ငံရေးအကျဉ်းသားတွေကို အကျဉ်းထောင်လက်စွဲတွေအတိုင်း မထားတာ၊ ပြစ်ဒဏ်ကျ ရာဇဝတ်သားတွေကို ရိုက်နှက်ခိုင်းတာတွေအပြင် တိုက်ပိတ်တာတွေကို ပိုမိုလုပ်ဆောင်လာခဲ့တယ်လို့ အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြလို့ ဖမ်းဆီးခံရပြီးမှ ပြန်လည်လွတ်မြောက်လာသူတဦးက ဗွီအိုအေကို ပြောပြပါတယ်။

“ဘယ်လိုဖိနှိပ်တာမျိုးတွေ ရှိလဲဆိုတော့ သူတို့က ဘယ်လိုလဲဆိုတော့ အကျဉ်းသားတွေ အများကြီးရှိတယ်၊ တခြားပုဒ်မတွေလည်း ရှိတယ်။ အထဲမှာရှိနေတဲ့ တခြားပုဒ်မနဲ့ ရောက်နေတဲ့လူတွေကိုလည်း သူတို့က ဘယ်လိုရိုက်သွင်းထားလဲဆိုတော့ ဒါ ငါတို့အစိုးရ၊ ဒီအစိုးရလက်ထက်ကျမှ ငါတို့က ဖြေလျှော့မှုတွေ လျှော့ရက်တို့ ဘာတို့ ရမယ်ပေါ့၊ အဲ့တော့ ဒီအစိုးရကို ထောက်ခံမှ ငါတို့ မြန်မြန်လွတ်မယ်ဆိုပြီး တခြားပုဒ်မတွေက အထဲမှာ အဲ့လိုရိုက်သွင်းထားတာရှိတယ်။ အဲဒီတော့ အခုဝင်လာတဲ့ သူတွေက ငါတို့အစိုးရကို ပုန်ကန်ဆန့်ကျင်ပြီး ဝင်လာတဲ့ သူပုန်တွေပေါ့၊ သူတို့ကို ငါတို့ နှိပ်ကွပ်ရမယ်၊ သူူတို့ကို မျက်နှာသာပေးလို့ မရဘူး၊ ဆိုတော့ ၅၀၅ တွေကို နှိပ်ကွပ်နိုင်တဲ့ တခြားပုဒ်မနဲ့ ဝင်လာတဲ့သူတွေဆို သူတို့က အခွင့်အရေးပေးတယ်။ ရန်စတာတို့၊ ဆဲတာတို့၊ ရိုက်တာတို့၊ ထောင်ဝါဒါတွေကလည်း ပါဝါ အာဏာ ပြကြတာပေ့ါ။ အဲဒီလိုမျိုးတွေ လုပ်ကြတယ်ဆိုတော့ ကျမတို့က အဲဒီဒဏ်တွေကို မခံချင်ဘဲနဲ့ ခံနေရတာ။ ဥပမာ ယောက်ျားကြီး သုံးလေးယောက်လောက် ထမ်းရတဲ့ ထမင်းအိုးအကြီးကြီးတွေကို မိန်းမတွေကို မခိုင်းတာမျိုး။”

နိုင်ငံရေးအကျဉ်းသားတွေထဲက ကျန်းမာရေးကုသမှု လိုအပ်သူတွေကိုလည်း ဆေးကုသခွင့် မပေးဘူးလို့ သူက ခုလို ဆက်ပြောပြပါတယ်။

“အဓိက ကျမတို့က ကျန်းမာရေး၊ ကျမက အသက်ရှူလိုက်ရင် နောက်တယောက်ရဲ့ မျက်နှာပေါ်ကို သွားကျတာမျိုး၊ ပြွတ်ပြီးတော့၊ သူတို့ တခြားအကျဉ်းသားကို ထားရင် ၅၀၊ ၆၀ ပဲထားတယ်။ ဒါပေမဲ့ ကျမတို့ကို လူ ၂၀၀ အဲဒီအထဲ ထည့်ထားတယ်။ အပြင်ကနေ ကျမတို့ကို သော့ခတ်ထားတယ်။ အထဲမှာ အိမ်သာက ၂ လုံးရှိတယ်။ တလုံးက သုံးလို့မရဘူး။ တလုံးပဲ သုံးလို့ရတယ်။ ကျန်းမာရေးအရ ရေချိုးတဲ့နေရာမှာ နေပူကြဲတောက်ကြီးမှာ ရေချိုးခိုင်းတာ။ ရှင်းရှင်းပြောရင် ထောင်နဲ့ အပြင်နဲ့ ဘာကွာလဲဆိုရင် အပြင်မှာ လူမမြင် သူမမြင်လုပ်ရတဲ့ အလုပ်တွေ အားလုံးက ထောင်ထဲမှာ လူရှေ့သူရှေ့မှာ လုပ်ရတယ်။ လူရှေ့မှာ အိမ်သာတက်ရတယ်၊ လူရှေ့မှာ ရေချိုးရတယ်၊ အဲဒါမျိုးတွေပေါ့။ ကျမတို့ မိန်းကလေးတွေကို အဲဒါမျိုးလုပ်တာက လုံးဝ အဆင်မပြေဘူး။ သူတို့ဆေးရုံကို သွားရင်လည်း ဘာရောဂါဖြစ်ဖြစ် ပါရာစီတမောကလွဲလို့ မထွက်ဘူးလေ။ ကျမဆိုရင် ဆီးချိုရှိတယ်။ ကျမအိမ်ကနေ ဆေးသွင်းတယ်။ အဲဒါကို ကျမက သူတို့ဆေးရုံမှာ မပြထားလို့ သူတို့ဆေးရုံက ကျမကို ဆီးချိုအဖြစ် မသတ်မှတ်လို့ ဆေးသုံးခွင့်မရှိဘူး။”

မကြာသေးခင်ကလည်း အင်းစိန်အကျဉ်းထောင်မှာ ထောင်ဒဏ်ကျခံနေရတဲ့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသများအဖွဲ့ချုပ်) က ဒုတိယဥက္ကဋ္ဌ ကိုဝေယံဖြိုးမိုး အင်းစိန်အကျဉ်းထောင်မှာ ရိုက်နှက်နှိပ်စက်ခံရပြီး ဆေးကုခွင့် မပေးတာမို့ အသက်အန္တရာယ် စိုးရိမ်နေရတယ်လို့ သူနဲ့နီးစပ်သူတွေအပြင် ဗကသများအဖွဲ့ချုပ်ကလည်း ထုတ်ပြန် ပြောဆိုထားပါတယ်။

ဗကသများအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ကိုဝေယံဖြိုးမိုး၊ ရန်ကုန်တက္ကသိုလ် ကျောင်းသားများသမဂ္ဂ ကျောင်းသားထုအခွင့်အရေး တာဝန်ခံ ကိုလေပြေစိုးမိုးတို့ အပါအဝင် နိုင်ငံရေးအကျဉ်းသား ၈၉ ဦးတို့ကိုလည်း အသံတိတ်သပိတ် လှုပ်ရှားမှုမှာ ပါဝင်တယ်ဆိုပြီး ပြင်းပြင်းထန်ထန် ရိုက်နှက် နှိပ်စက်ခံရတာ ရှိခဲ့တယ်လို့ ဗကသများအဖွဲ့ချုပ်က ထုတ်ပြန် ပြောဆိုထားတာလည်း ရှိပါတယ်။

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ထောင်တွင်းမှာ လူ့အခွင့်အရေး ချိုးဖောက်တာတွေ ပိုမိုဆိုးရွားလာတဲ့အတွက် ဖမ်းဆီးခံရတဲ့ နိုင်ငံရေးအကျဉ်းသားတွေဟာ ထောင်တွင်းသပိတ်တွေ ပြုလုပ်ပြီး ထောင်အာဏာပိုင်တွေကို ဆန့်ကျင်တာတွေ တော်တော်လေး လုပ်လာခဲ့ကြပါတယ်။

မကြာသေးခင်ကလည်း ကရင်ပြည်နယ်၊ ဘားအံအကျဉ်းထောင်၊ စစ်ကိုင်းတိုင်း မုံရွာအကျဉ်းထောင်နဲ့ ထားဝယ်ထောင်၊ ကလေးအကျဉ်းထောင်တွေမှာ နိုင်ငံရေးအကျဉ်းသားတွေ ဖိနှိပ်ခံရတာတွေကြောင့် ဆန္ဒပြ ကန့်ကွက်မှုတွေ ရှိခဲ့သလို စစ်တပ်က အကြမ်းဖက် နှိမ်နင်းတာတွေ လုပ်ခဲ့တာလည်း ရှိခဲ့ပါတယ်။ လူသေဆုံးရတဲ့အထိ ပြင်းပြင်းထန်ထန် နှိမ်နင်းတာတွေ လုပ်ခဲ့ပါတယ်။

နိုင်ငံရေးအကျဉ်းသားတွေကို ထောင်အတွင်း ဖိနှိပ်မှုများ ပြုလုပ်ရာ နေရာတွေထဲမှာ အင်းစိန်ထောင်၊ အိုးဘိုထောင်တို့အပြင် ထားဝယ်အကျဉ်းထောင်ကလည်း နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ ထောင်တွေအဖြစ် ပါဝင်နေပါတယ်။

စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြလို့ ထားဝယ်ထောင်မှာ ဖမ်းဆီးခံထားရတဲ့သူ အယောက် ၄ဝဝ ကျော် ရှိနေပါတယ်။ အဲဒီထဲမှာ သားအိမ်ရောဂါ ခံစားနေရတဲ့ အမျိုးသမီးတဦး၊ ရင်ဘတ်ကို သေနတ်ပစ်ခံထားရတဲ့ အမျိုးသမီးတဦး၊ အကျိတ်ခွဲစိတ်ရမယ့် အမျိုးသမီးတဦးနဲ့ လက်မောင်းရိုး ကျိုးထားတဲ့ အမျိုးသားတဦးဟာ ဆေးကုသခံယူဖို့ အလွန်လိုအပ်နေတယ်လို့ ထားဝယ် နိုင်ငံရေးအကျဉ်းသားများ ကွန်ရက်က ပြောပါတယ်။ လတ်တလော ထောင်တွင်းအခြေအနေတွေနဲ့ ပတ်သက်လို့ အခုလို ပြောပြလာတာပါ။

“ကျနော်တို့ ထားဝင်ထောင်မှာ အဓိက ဖိနှိပ်ခံရတာကတော့ တခြားရာဇဝတ်မှုတွေနဲ့ ရောပြီးထားတယ်။ နိုင်ငံရေးအကျဉ်းသားတွေကို ရည်ရွယ်ချက်ရှိရှိ ဖိနှိပ်တာမျိုး ရှိတယ်။ နောက်တခုက ထောင်ပိုင်တို့ ထောင်ဝန်ထမ်းတို့ကနေပြီးတော့ နိုင်ငံရေး အကျဉ်းသားတွေ စုရုံးနေတာမျိုး၊ နိုင်ငံရေးစကား ပြောတာမျိုးတွေ လိုက်ကန့်သတ်တာပေါ့။ အဲဒီလို ပြောတဲ့သူတွေဆိုရင် တိုက်ပိတ်တာ၊ မိသားစုနဲ့ တွေ့ခွင့်မပေးတာမျိုးတွေ လုပ်တယ်။ နောက်တခုကတော့ ထောင်တွင်းတရားရုံးနဲ့ တရားရင်ဆိုင်တဲ့အခါမှာ ဘယ်ရှေ့နေမှလည်း လိုက်မပေးရဲတော့ဘူး။ ကိုယ်တိုင်ရင်ဆိုင်ရတယ်၊ သူတို့ရဲ့ စွပ်စွဲချက်တွေပေါ့၊ သူတို့က စွပ်စွဲပြီးတော့ မတရားပုဒ်မတွေ တပ်တဲ့ကိစ္စတွေကို ပြန်ပြီးတော့ ချေပပြောဆိုတာတွေ မလုပ်နိုင်ဘဲနဲ့၊ ချေပပြောဆိုရင်လည်း သူတို့က အဲဒါကို ထည့်သွင်းမစဉ်းစားဘဲနဲ့ ချချင်တဲ့ပုဒ်မနဲ့ ချချင်တဲ့ထောင်ဒဏ် ချလိုက်တယ်။ ရှေ့နေများကွန်ရက်ကနေပြီး အလကားလိုက်ပေးတဲ့ ရှေ့နေတွေ ရှိတယ်။ ဒါပေမဲ့ အခုနောက်ပိုင်း အဲဒီအဖွဲ့တွေကိုလည်း သူတို့က အားပေးကူညီမှုနဲ့ တရားစွဲမယ် ဆိုတာမျိုး လုပ်လာတယ်။ ဖမ်းဆီးမှုတွေရှိတော့ ရှေ့နေတွေလည်း မလိုက်ပေးရဲတော့ဘူး။”

မကြာသေးမီ ရက်ပိုင်းအတွင်းက ဗွီအိုအေက လက်ခံရရှိခဲ့တဲ့ ထောင်တွင်းက လက်ရေးမူ စာတစောင်ထဲမှာ “အကျဉ်းသားအချင်းချင်းကို နှိပ်စက်ခိုင်းတာ၊ နိုင်ငံရေးအကျဉ်းသားတွေကို အကြောင်းမရှိ ရာဇဝတ်အကျဉ်းသားတွေကို ရိုက်နှက်ညှင်းပန်းခိုင်းကာ၊ တိုက်ပိတ်ပြစ်ဒဏ်တွေပေးတာ၊ လူ့အခွင့်အရေး ချိုးဖောက်တဲ့ လုပ်ရပ်တွေဖြစ်တဲ့ အမျိုးသား အမျိုးသမီးတွေ ရေချိုးနေရာ၊ အိမ်သာတို့မှာပါ CCTV တွေတပ်ကာ ၂၄ နာရီ စောင့်ကြည့်တာ စတာတွေကို လုပ်ဆောင်တယ် ဆိုတာကို” ရေးသားထားတာကို တွေ့ရပါတယ်။

ဒီလို ထောင်တွင်း အကြမ်းဖက်ခံရမှုတွေ၊ လိုအပ်ချက်တွေကို နိုင်ငံတကာ အဖွဲ့တခုဖြစ်တဲ့ နိုင်ငံတကာကြက်ခြေနီအဖွဲ့ (ICRC) အနေနဲ့ အမြန်ဆုံး စစ်ဆေးဖို့ လိုအပ်နေတယ်လို့ ရှေ့နေတဦးက ပြောပါတယ်။

“ကျနော်တို့ အတွေ့အကြုံတွေအရ ပြည်တွင်းကဖြစ်စေ၊ ပြည်ပကဖြစ်စေ ဒီ ICRC နဲ့ မြန်မာနိုင်ငံ လူ့အခွင့်အရေး ကော်မရှင်တို့ကနေ ပူးပေါင်းပြီး မြန်မာနိုင်ငံကြက်ခြေနီပေါ့၊ ပူးပေါင်းပြီး အကျဉ်းထောင်တွေကို အရင်ကလိုပဲ ဝင်ရောက်ပြီးတော့ လေ့လာတာ၊ အခြေအနေ စုံစမ်းတာ၊ ဒါတွေဖြစ်လာရင်တော့ ဒါက တော်တော်လျော့ကျနိုင်မယ့် အနေအထား ရှိပါတယ်။”

မြန်မာနိုင်ငံရဲ့ အကျဉ်းထောင်တွေကို ၂၀၁၉ ခုနှစ် ကိုဗစ်ကူးစက်မှုတွေ စတင်ဖြစ်ပွားခဲ့ချိန်ကစလို့ နိုင်ငံတကာ ကြက်ခြေနီအဖွဲ့ (ICRC) က ဝင်ရောက် လေ့လာခွင့် မရတော့ဘူးလို့ ICRC ရဲ့ ညွှန်ကြားရေးမှူးချုပ် Robert Mardini က AP သတင်းဌာနကို ပြောထားပါတယ်။ ဒါကြောင့် ICRC အနေနဲ့ အကျဉ်းထောင်တွေထဲက အခြေအနေတွေကို လေ့လာခွင့်ပေးဖို့ တောင်းဆိုနေပါတယ်။ ဒီလို တောင်းဆိုနေပေမယ့် ခုချိန်ထိ စစ်ကောင်စီဘက်က ခွင့်မပြုသေးပါဘူး။

စစ်ကောင်စီကို ဆန့်ကျင်မှုနဲ့ ဆက်စပ်ပြီးတော့ ဖမ်းဆီးချုပ်နှောင် ခံထားရသူ စုစုပေါင်းဟာ ဒီကနေ့ထိဆို လူဦရေ ၁၁,၀၀၀ နီးပါးရှိနေပြီး အဲဒီထဲမှာ ထောင်ဒဏ်ချမှတ်ခြင်း ခံထားရသူဟာ ၂,၀၀၀ နီးပါးရှိကာ ကျန်သူတွေကတော့ အမှုရင်ဆိုင်နေရဆဲနဲ့ စစ်ကြောရေးတွေမှာ ရှိနေဆဲဖြစ်တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ စာရင်းများအရ သိရပါတယ်။ ဒီထဲမှာ သေဒဏ်ချမှတ်ခံရသူကတော့ အယောက် ၂၀၀ နီးပါး ရှိတယ်လို့ ဆိုပါတယ်။ စစ်ကောင်စီဘက်ကတော့ AAPP ရဲ့ ထုတ်ပြန်ချက်ဟာ ချဲ့ကားထားတဲ့ အချက်အလက်တွေလို့ ပြောပြီး အမြဲ ပယ်ချလေ့ ရှိပါတယ်။

XS
SM
MD
LG