သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

စစ္ေကာင္စီလက္ခ်က္ ေသဆုံးသူ ၁,၈၀၀ ေက်ာ္ၿပီလို႔ AAPP ထုတ္ျပန္


ႏုိင္ငံေရးအက်ဥ္းသားမ်ား ကူညီေစာင့္ေရွာက္ေရးအသင္း (AAPP) ရဲ႕ ဧၿပီ ၂၉၊ ၂၀၂၂ ထုတ္ျပန္ခ်က္။ (ပုံ - AAPP)

(Zawgyi / Unicode)

ျမန္မာႏုိင္ငံမွာ စစ္တပ္က အာဏာသိမ္းယူခဲ့တဲ့ ေဖေဖာ္ဝါရီလ ၁ ရက္ေန႔ကေန ဧၿပီလ ၂၉ ရက္ေန႔အထိဆိုရင္ စစ္ေကာင္စီလက္ခ်က္ေၾကာင့္ နည္းအမ်ဳိးမ်ဳိးနဲ႔ ေသဆံုးသူေပါင္း ၁,၈၀၃ ေယာက္ရွိၿပီလို႔ ေစာင့္ၾကည့္မွတ္တမ္းတင္ေနတဲ့ ႏုိင္ငံေရးအက်ဥ္းသားမ်ား ကူညီေစာင့္ေရွာက္ေရးအသင္း (AAPP) က ထုတ္ျပန္ထားပါတယ္။

စစ္အာဏာသိမ္းၿပီးေနာက္ပိုင္း ဖမ္းဆီးခံရတာ၊ အက်ဥ္းခ်ခံရတာ၊ ေသဆံုးတာေတြကို ေစာင့္ၾကည့္မွတ္တမ္းတင္ေနၿပီး ျဖစ္စဥ္ေတြကို အတည္ျပဳၿပီးမွသာ ထုတ္ျပန္တာျဖစ္တယ္လို႔ AAPP အဖြဲ႔က ေျပာပါတယ္။

စစ္ေကာင္စီဘက္ကေတာ့ AAPP ကထုတ္ျပန္္တဲ့ ကိန္းဂဏန္းေတြဟာ လုပ္ႀကံခ်ဲ႕ကားထားတာလို႔ ေခ်ပၿပီး ေသဆံုးတဲ့ျဖစ္စဥ္ေတြနဲ႔ ပတ္သက္လို႔ အခါအားေလ်ာ္စြာ ျငင္းဆန္ေလ့ရွိသလို သတင္းထုတ္ျပန္ေလ့လည္း မရွိပါဘူး။

ေသာၾကာေန႔အထိဆိုရင္ ျမန္မာတႏုိင္ငံလံုးမွာ ဖမ္းဆီးခံထားရသူ၊ စြဲခ်က္တင္ခံရသူ ဒါမွမဟုတ္ ျပစ္ဒဏ္ခ်မွတ္ခံရသူေပါင္း ၁၀,၄၄၉ ေယာက္ရွိၿပီိလို႔ AAPP ကေျပာပါတယ္။ ၁,၉၇၇ ေယာက္က စြဲခ်က္တင္ခံရၿပီးတဲ့ေနာက္ ထြက္ေျပးတိမ္းေရွာင္ေနၾကၿပီး ဖမ္းဝရမ္းထုတ္ခံထားရတယ္လုိ႔ AAPP ရဲ႕ ဝက္ဘ္ဆိုက္တ္မွာ ေဖာ္ျပထားသလို ေထာင္ခ်ခံရသူေပါင္းက ၁,၀၂၉ ေယာက္ရွိၿပီလို႔လည္း ေျပာပါတယ္။

ျပစ္ဒဏ္ခ်မွတ္ခံထားရသူေတြထဲမွာ ၆၅ ေယာက္က ေသဒဏ္ခ်မွတ္ခံထားရၿပီး အဲဒီထဲမွာ အရြယ္မေရာက္ေသးသူႏွစ္ဦး ပါဝင္တယ္လုိ႔ AAPP ရဲ႕ ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

-------------------------------

(Unicode)

စစ်ကောင်စီလက်ချက် သေဆုံးသူ ၁,၈၀၀ ကျော်ပြီလို့ AAPP ထုတ်ပြန်

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းယူခဲ့တဲ့ ဖေဖော်ဝါရီလ ၁ ရက်နေ့ကနေ ဧပြီလ ၂၉ ရက်နေ့အထိဆိုရင် စစ်ကောင်စီလက်ချက်ကြောင့် နည်းအမျိုးမျိုးနဲ့ သေဆုံးသူပေါင်း ၁,၈၀၃ ယောက်ရှိပြီလို့ စောင့်ကြည့်မှတ်တမ်းတင်နေတဲ့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ထားပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဖမ်းဆီးခံရတာ၊ အကျဉ်းချခံရတာ၊ သေဆုံးတာတွေကို စောင့်ကြည့်မှတ်တမ်းတင်နေပြီး ဖြစ်စဉ်တွေကို အတည်ပြုပြီးမှသာ ထုတ်ပြန်တာဖြစ်တယ်လို့ AAPP အဖွဲ့က ပြောပါတယ်။

စစ်ကောင်စီဘက်ကတော့ AAPP ကထုတ်ပြန်တဲ့ ကိန်းဂဏန်းတွေဟာ လုပ်ကြံချဲ့ကားထားတာလို့ ချေပပြီး သေဆုံးတဲ့ဖြစ်စဉ်တွေနဲ့ ပတ်သက်လို့ အခါအားလျော်စွာ ငြင်းဆန်လေ့ရှိသလို သတင်းထုတ်ပြန်လေ့လည်း မရှိပါဘူး။

သောကြာနေ့အထိဆိုရင် မြန်မာတနိုင်ငံလုံးမှာ ဖမ်းဆီးခံထားရသူ၊ စွဲချက်တင်ခံရသူ ဒါမှမဟုတ် ပြစ်ဒဏ်ချမှတ်ခံရသူပေါင်း ၁၀,၄၄၉ ယောက်ရှိပြီလို့ AAPP ကပြောပါတယ်။ ၁,၉၇၇ ယောက်က စွဲချက်တင်ခံရပြီးတဲ့နောက် ထွက်ပြေးတိမ်းရှောင်နေကြပြီး ဖမ်းဝရမ်းထုတ်ခံထားရတယ်လို့ AAPP ရဲ့ ဝက်ဘ်ဆိုက်တ်မှာ ဖော်ပြထားသလို ထောင်ချခံရသူပေါင်းက ၁,၀၂၉ ယောက်ရှိပြီလို့လည်း ပြောပါတယ်။

ပြစ်ဒဏ်ချမှတ်ခံထားရသူတွေထဲမှာ ၆၅ ယောက်က သေဒဏ်ချမှတ်ခံထားရပြီး အဲဒီထဲမှာ အရွယ်မရောက်သေးသူနှစ်ဦး ပါဝင်တယ်လို့ AAPP ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

XS
SM
MD
LG