သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ထိုင္းႏိုင္ငံမွာ ျမန္မာသတင္းသမား ၁၈၀ ထက္မနည္း ခိုလႈံေန


(Zawgyi / Unicode)

အေဝးေရာက္ မီဒီယာေခတ္ ျပန္လာၿပီဆိုေပမဲ့ အနာဂတ္က မ‌‌ေရမရာရွိေနဆဲပဲ ျဖစ္တယ္လို႔ ထိုင္းႏိုင္ငံမွာ ေရာက္ရွိေနၾကတဲ့ ျမန္မာသတင္းစာဆရာေတြက ဆိုၾကပါတယ္။ ထိုင္းႏိုင္ငံထဲမွာ အနည္းဆုံး သတင္းသမား ၁၈၀ ခိုလႈံေနၾကပါတယ္လို႔ ထိုင္းႏိုင္ငံ တမ်ိဳးသားလုံးဆိုင္ရာ သတင္းေကာင္စီရဲ႕ ဥကၠ႒ Chavarong Limpattamapanee က ေျပာပါတယ္။

၂၀၂၁ ခုႏွစ္ ေဖေဖာ္ဝါရီလ အာဏာသိမ္းၿပီးကတည္းက ျမန္မာသတင္းသမားေတြ ထိုင္းႏိုင္ငံကို ေရာက္ရွိလာခဲ့ၾကတာျဖစ္ၿပီး တခ်ိဳ႕က အေနာက္ႏိုင္ငံေတြမွာ ဒုကၡသည္အျဖစ္ ေရာက္ရွိသြားခဲ့ၾကၿပီး ျဖစ္ေပမဲ့ အမ်ားစုကေတာ့ ထိုင္းႏိုင္ငံမွာ အခက္အခဲေတြ ၾကားထဲက သတင္းအလုပ္ကို လုပ္ေနၾကတာပါ။

အႀကီးမားဆုံး စိန္ေခၚခ်က္ကေတာ့ ထိုင္းႏိုင္ငံမွာ ေရာက္ရွိေနတာ တရားဝင္ေရးျဖစ္ၿပီး ကမၻာ့ႏိုင္ငံတႏိုင္ငံမွာ ေရရွည္ေနထိုင္ခြင့္ ရရွိေရးပဲ ျဖစ္တယ္လို႔ သတင္းစာဆရာတဦး ျဖစ္တဲ့ ဦးေအာင္ႏိုင္စိုးက ဗြီအိုေအကို ေျပာပါတယ္။

ထိုင္းႏိုင္ငံက ဒုကၡသည္ဆိုင္ရာ ႏိုင္ငံတကာ သေဘာတူညီခ်က္ကို လက္မွတ္ေရးထိုးမထားတဲ့အတြက္ သတင္းသမားေတြကို ရဲက ဖမ္းမိရင္ ျပန္ပို႔ခံရႏိုင္တဲ့ အႏၲရာယ္က ရွိေနပါတယ္။

သူတို႔မွတ္တမ္းတင္ေနတဲ့ သတင္းေတြက အေရးႀကီးၿပီး ႀကဳံေနရတဲ့ အႏၲရာယ္ၾကားမွာ သတင္းဓာတ္ပုံဆရာေတြရတဲ့ အခေၾကးေငြက အလြန႔္ကို နည္းလွတယ္လို႔ ထိုင္းႏိုင္ငံ ႏိုင္ငံျခားသတင္းေထာက္မ်ားအသင္း ဥကၠ႒ Panu Wongcha-um က ဆိုပါတယ္။

အာဏာသိမ္းၿပီးတဲ့ေနာက္ စစ္ေကာင္စီရဲ႕ ဖိႏွိပ္မႈေတြေၾကာင့္ သတင္းစာဆရာ အမ်ားအျပားဟာ ထိုင္း-ျမန္မာနယ္စပ္ကို ထြက္ေျပး ေရာက္ရွိလာၾကရတာပါ။

သတင္းစာဆရာေတြကို အက်ဥ္းခ်ထားရာမွာ တ႐ုတ္ၿပီးရင္ ျမန္မာႏိုင္ငံက အဆိုးဝါးဆုံးႏိုင္ငံအျဖစ္ ဒုတိယစြဲပါတယ္လို႔ နယ္စည္းမျခား သတင္းသမားမ်ားအဖြဲ႔ (RSF) က ၂၀၂၂ ခုႏွစ္ မီဒီယာလြတ္လပ္ခြင့္ဆိုင္ရာ အစီရင္ခံစာမွာ ေျပာပါတယ္။

စစ္အာဏာသိမ္းၿပီးကတည္းကဆိုရင္ သတင္းစာဆရာ ၁၄၃ ေယာက္ကို ဖမ္းဆီးခဲ့တယ္လို႔ ဆိုပါတယ္။ ၅၈ ဦးက ဆက္လက္ အက်ဥ္းက်ခံေနရၿပီး ၃ ဦး ေသဆုံးခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္

--------------------------------

(Unicode)

ထိုင်းနိုင်ငံမှာ မြန်မာသတင်းသမား ၁၈၀ ထက်မနည်း ခိုလှုံနေ

အဝေးရောက် မီဒီယာခေတ် ပြန်လာပြီဆိုပေမဲ့ အနာဂတ်က မ‌‌ရေမရာရှိနေဆဲပဲ ဖြစ်တယ်လို့ ထိုင်းနိုင်ငံမှာ ရောက်ရှိနေကြတဲ့ မြန်မာသတင်းစာဆရာတွေက ဆိုကြပါတယ်။ ထိုင်းနိုင်ငံထဲမှာ အနည်းဆုံး သတင်းသမား ၁၈၀ ခိုလှုံနေကြပါတယ်လို့ ထိုင်းနိုင်ငံ တမျိုးသားလုံးဆိုင်ရာ သတင်းကောင်စီရဲ့ ဥက္ကဋ္ဌ Chavarong Limpattamapanee က ပြောပါတယ်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ အာဏာသိမ်းပြီးကတည်းက မြန်မာသတင်းသမားတွေ ထိုင်းနိုင်ငံကို ရောက်ရှိလာခဲ့ကြတာဖြစ်ပြီး တချို့က အနောက်နိုင်ငံတွေမှာ ဒုက္ခသည်အဖြစ် ရောက်ရှိသွားခဲ့ကြပြီး ဖြစ်ပေမဲ့ အများစုကတော့ ထိုင်းနိုင်ငံမှာ အခက်အခဲတွေ ကြားထဲက သတင်းအလုပ်ကို လုပ်နေကြတာပါ။

အကြီးမားဆုံး စိန်ခေါ်ချက်ကတော့ ထိုင်းနိုင်ငံမှာ ရောက်ရှိနေတာ တရားဝင်ရေးဖြစ်ပြီး ကမ္ဘာ့နိုင်ငံတနိုင်ငံမှာ ရေရှည်နေထိုင်ခွင့် ရရှိရေးပဲ ဖြစ်တယ်လို့ သတင်းစာဆရာတဦး ဖြစ်တဲ့ ဦးအောင်နိုင်စိုးက ဗွီအိုအေကို ပြောပါတယ်။

ထိုင်းနိုင်ငံက ဒုက္ခသည်ဆိုင်ရာ နိုင်ငံတကာ သဘောတူညီချက်ကို လက်မှတ်ရေးထိုးမထားတဲ့အတွက် သတင်းသမားတွေကို ရဲက ဖမ်းမိရင် ပြန်ပို့ခံရနိုင်တဲ့ အန္တရာယ်က ရှိနေပါတယ်။

သူတို့မှတ်တမ်းတင်နေတဲ့ သတင်းတွေက အရေးကြီးပြီး ကြုံနေရတဲ့ အန္တရာယ်ကြားမှာ သတင်းဓာတ်ပုံဆရာတွေရတဲ့ အခကြေးငွေက အလွန့်ကို နည်းလှတယ်လို့ ထိုင်းနိုင်ငံ နိုင်ငံခြားသတင်းထောက်များအသင်း ဥက္ကဋ္ဌ Panu Wongcha-um က ဆိုပါတယ်။

အာဏာသိမ်းပြီးတဲ့နောက် စစ်ကောင်စီရဲ့ ဖိနှိပ်မှုတွေကြောင့် သတင်းစာဆရာ အများအပြားဟာ ထိုင်း-မြန်မာနယ်စပ်ကို ထွက်ပြေး ရောက်ရှိလာကြရတာပါ။

သတင်းစာဆရာတွေကို အကျဉ်းချထားရာမှာ တရုတ်ပြီးရင် မြန်မာနိုင်ငံက အဆိုးဝါးဆုံးနိုင်ငံအဖြစ် ဒုတိယစွဲပါတယ်လို့ နယ်စည်းမခြား သတင်းသမားများအဖွဲ့ (RSF) က ၂၀၂၂ ခုနှစ် မီဒီယာလွတ်လပ်ခွင့်ဆိုင်ရာ အစီရင်ခံစာမှာ ပြောပါတယ်။

စစ်အာဏာသိမ်းပြီးကတည်းကဆိုရင် သတင်းစာဆရာ ၁၄၃ ယောက်ကို ဖမ်းဆီးခဲ့တယ်လို့ ဆိုပါတယ်။ ၅၈ ဦးက ဆက်လက် အကျဉ်းကျခံနေရပြီး ၃ ဦး သေဆုံးခဲ့ပါတယ်။

XS
SM
MD
LG