သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်စစ်မှုထမ်းအဖွဲ့တွေက ဂုဏ်ပြုတဲ့ Most Influential Award ချီးမြှင့်ခံရသူ




=========================

[Unicode]

အမေရိကန် စစ်မှုထမ်းတွေအရေး၊ အိုးအိမ်မဲ့တွေအရေး အပါအဝင် ရပ်ရွာတွင်း အကူအညီ လိုသူတွေရဲ့ အခွင့်အရေးတွေအတွက် နှစ်ပေါင်းများစွာ ရှေ့တန်းက ထုတ်ဖော်ပြောဆိုခဲ့သလို၊ ဆက်ပြီးတော့လည်း လုပ်သွားမယ်လို့ အမေရိကန်စစ်မှုထမ်း အဖွဲ့အစည်းတွေက ပေးအပ်တဲ့ Most Influential Award ဆု ချီးမြှင့်ခံရသူ မထက်အဇ္ဇလီကျော်က ပြောပါတယ်။ မြန်မာ့အရေးနဲ့ ပတ်သက်လို့လည်း သူနေထိုင်တဲ့ ကယ်လီဖိုးနီးယား ပြည်နယ်တွင်းက ခရိုင်အတော်များများမှာ မြန်မာ့ဒီမိုကရေစီရေး ထောက်ခံအားပေးတဲ့ ဆုံးဖြတ်ချက်တွေ ချမှတ်လာအောင် ရှေ့တန်းက ကြိုးပမ်းနေသူတဦး ဖြစ်ပါတယ်။ အမေရိကန် စစ်မှုထမ်းအဖွဲ့အစည်းတွေ ဖြစ်ကြတဲ့ OneVet OneVoice နဲ့ American Legion တို့ကပေးအပ်တဲ့ The Most Influential Award ဆု ချီးမြှင့်ခံရသူ မထက်အဇ္ဇလီကျော် (ခေါ်) Valerie Sheibels ကို ဆက်သွယ် မေးမြန်းပြီး ဒီသီတင်းပတ် အမျိုးသမီးကဏ္ဍမှာ မခင်ဖြူထွေးက တင်ဆက်ထားပါတယ်။

XS
SM
MD
LG