[Zawgyi]
===================================
[Unicode]
၂၀၂၂ Magnitsky လူ့အခွင့်အရေးဆုရှင် မသဉ္ဇာရွှန်းလဲ့ရည် (အမျိုးသမီးကဏ္ဍ)
ကမ္ဘာတဝန်း အာဏာရှင်အစိုးရတွေကို ဆန့်ကျင်ပြီး လူ့အခွင့်အရေးတွေအတွက် တိုက်ပွဲဝင်သူတွေကို နှစ်စဉ် ဂုဏ်ပြုချီးမြှင့်တဲ့ Magnitsky လူ့အခွင့်အရေးဆုကို မြန်မာနိုင်ငံက လူငယ်အမျိုးသမီး တက်ကြွလှုပ်ရှားသူ မသဉ္ဇာရွှန်းလဲ့ရည် ဒီနှစ် ဂုဏ်ပြု ချီးမြှင့်ခံရပါတယ်။ ဒီဆုကို မြန်မာနိုင်ငံက လူ့အခွင့်အရေး လှုပ်ရှားသူတဦး ပထမဆုံးအကြိမ် ရရှိတာလည်း ဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုတွေမှာ လူငယ် အမျိုးသမီးတွေရဲ့ ပါဝင်မှုအခန်းကဏ္ဍကို နိုင်ငံတကာက အသိအမှတ်ပြုရာကျပြီး မြန်မာ့အရေးနဲ့ပတ်သက်လို့ နိုင်ငံတကာနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ အများကြီး ပိုရလာဖို့ မျှော်လင့်တဲ့အကြောင်း မသဉ္ဇာရွှန်းလဲ့ရည်က ပြောပါတယ်။ ၂၀၂၂ ခုနှစ်အတွက် Magnitsky လူ့အခွင့်အရေးဆုရှင် မသဉ္ဇာရွှန်းလဲ့ရည်ကို မခင်ဖြူထွေးက ဆက်သွယ်မေးမြန်းပြီး ဒီသီတင်းပတ် အမျိုးသမီးကဏ္ဍမှာ တင်ဆက်ထားပါတယ်။