နေ့စဉ် တီဗွီသတင်းလွှာ (နိုဝင်ဘာ ၃၀၊ ၂၀၂၂)
ရုရှားရဲ့ ကျူးကျော်တိုက်ခိုက်မှုကြောင့် ပျက်ဆီးသွားခဲ့တဲ့ လျှပ်စစ်ဓါတ်အားပေးစံနစ်တွေ ပြန်လည် ပြုပြင်ရေးအတွက် အမေရိကန်ပြည်ထောင်စုက ယူကရိန်းကို ကူညီ ထောက်ပံ့မှုတွေ ပေးမယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken က ကြေညာလိုက်ပါတယ်။ယူကရိန်းအပေါ် ရုရှားကကျူးလွန်တဲ့ ရာဇဝတ်မှုတွေကို တရားစွဲဖို့ အထူးတရားရုံးတခု ဖွင့်လှစ်ပေးဖို့ ဥရောပကော်မရှင်ဥက္ကဌ တောင်းဆိုလိုက်ပါတယ်။ပါကစ္စတန် နိုင်ငံမှာ ပိုလီယို ကာကွယ်ဆေးတိုက်ကျွေးတဲ့ အဖွဲ့ကို အကာအကွယ်ပေးမယ့် ရဲ ယာဉ်တန်း တခု အသေခံဗုံးခွဲ တိုက်ခိုက်ခံရတာကြောင့် လူ ၄ ဦးသေဆုံးပြီး ၂၃ ဦး ဒဏ်ရာ ရသွားပါတယ်။ဒီသတင်းနဲ့အတူ သတင်းဆောင်းပါးနဲ့ အပတ်စဉ်အစီအစဉ်တွေ တင်ဆက်ပေးပါမယ်။
ဗွီဒီယို ကြည့်ရှုရန်
-
၁၇ မတ်၊ ၂၀၂၅
နေ့စဉ် တီဗွီသတင်းလွှာ
-
၁၄ မတ်၊ ၂၀၂၅
နေ့စဉ် တီဗွီသတင်းလွှာ (မတ် ၁၄၊၂၀၂၅)
-
၁၃ မတ်၊ ၂၀၂၅
နေ့စဉ် တီဗွီသတင်းလွှာ (မတ် ၁၃၊ ၂၀၂၅)
-
၁၂ မတ်၊ ၂၀၂၅
နေ့စဉ် တီဗွီသတင်းလွှာ (မတ် ၁၂၊ ၂၀၂၅)
-
၁၁ မတ်၊ ၂၀၂၅
နေ့စဉ်တီဗွီသတင်းလွှာ (မတ် ၁၁၊ ၂၀၂၅)
-
၁၀ မတ်၊ ၂၀၂၅
နေ့စဉ် တီဗွီသတင်းလွှာ (မတ် ၁၀၊ ၂၀၂၅)