သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ယူကရိန်းတပ်မတော်နေ့ သမ္မတ ရှေ့တန်းစစ်မြေပြင်သွားရောက်


ဒီဇင်ဘာလ ၆ ရက်နေ့မှာ ကျရောက်တဲ့ ယူကရိန်းတပ်မတော်နေ့ အထိမ်းအမှတ်အဖြစ် ရုရှားကျူးကျော်စစ်မှာ နိုင်ငံအတွက် ခုခံတိုက်နေကြတဲ့ စစ်သည်တွေကို ဂုဏ်ပြုတဲ့အနေနဲ့ သမ္မတ ဗလိုဒီမီယာဇလန်းစကီး ရှေ့တန်းစစ်မြေပြင်တနေရာကို သွားရောက်ခဲ့ပါတယ်။

တိုက်ပွဲတွေ ပိုပြင်းလာတယ်၊ နစ်နာစရာတွေ ပိုများလာတယ်ဆိုပေမဲ့ ကျွန်ုပ်တို့ရဲ့ ခိုင်မာမှုက သံမဏိလိုပဲ တည်တန့်ပါတယ်၊ ခင်ဗျားတို့ ဇွဲနဲ့ ရဲစွမ်းသတ္တိကြောင့် ကျွန်ုပ်တို့ လွတ်လပ်ရေး ရရှိမှာပါ။ အထူးဂုဏ်ယူပါတယ်လို့ သမ္မတက စစ်သည်တွေကို ပြောကြားသွားပါတယ်။

XS
SM
MD
LG