သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ဖက္ဒရယ္တပ္ ေပၚေပါက္ေရး


PDF ေတာင္ပိုင္းတို္င္းစစ္ဌာနခ်ဳပ္ သင္တန္းဆင္းပြဲ အခမ္းအနား။ (ဓာတ္ပုံ - Screenshot from CRPH Facebook)

ဖက္ဒရယ္တပ္မေတာ္ ေပၚေပါက္လာမယ့္ အလားအလာေတြနဲ႔ ပတ္သက္လို႔ ဦးေအာင္ခင္က သုံးသပ္ေရးသားၿပီး ကိုဉာဏ္ဝင္းေအာင္နဲ႔အတူ တင္ျပထားပါတယ္။

ဖက္ဒရယ္တပ္ ေပၚေပါက္ေရး
please wait

No media source currently available

0:00 0:05:21 0:00
တိုက္႐ိုက္ လင့္ခ္

===== ZAWGYI =====

ဦးေအာင္ခင္ရဲ့ ျမန္မာ့အေရးသုံးသပ္ခ်က္

ဖက္ဒရယ္တပ္မေတာ္ ေပၚေပါက္လာမယ့္ အလားအလာေတြနဲ႔ ပတ္သက္လို႔ ဦးေအာင္ခင္က သုံးသပ္ေရးသားၿပီး ကိုဉာဏ္ဝင္းေအာင္နဲ႔အတူ တင္ျပထားပါတယ္။

ဖက္ဒရယ္တပ္ ေပၚေပါက္ေရး

ျပည္သူ႔ကာကြယ္ေရးတပ္ျဖစ္တဲ့ PDF ေတြကို တုိင္းရင္သားတပ္ဖြဲ႔အခ်ဳိ႕က ကူညီေနတာရယ္၊ ဖက္ဒရယ္ဒီမုိကေရစီပဋိညာဥ္ ေၾကညာစာတမ္းထုတ္ျပန္တာရယ္၊ NUG အမ်ဳိးသားညီညြတ္ေရးအစိုးရက စစ္ေၾကညာတာရယ္ စတာေတြေၾကာင့္ ဖက္ဒရယ္တပ္ Federal Army ေပၚထြက္လာမယ့္ အလားအလာေတြကို ေဆြးေႏြးလာၾကပါတယ္။ ဒါေပမဲ့ စစ္ေကာင္စီ မတက္မီကတည္းက ရွိခဲ့တဲ့ တုိင္းရင္းသားတပ္ဖြဲ႔ေတြရဲ႕အျမင္ဟာ ဒီကိစၥမွာ အေရးႀကီးတယ္လို႔ ယူဆသူေတြလည္း ရွိပါတယ္။ တိုင္းရင္းသားတပ္ဖြဲ႔ အမ်ဳိးမ်ဳိး ရွိသလို၊ သေဘာတရားအျမင္လည္း အမ်ဳိးမ်ဳိး ရွိႏိုင္ပါတယ္။

စစ္အာဏာသိမ္းမႈဟာ တိုင္းရင္းသားအေရးကို ဂရုမစုိက္တဲ့၊ NLD နဲ႔ စစ္တပ္ၾကား ျဖစ္ပြားတဲ့ ပဋိပကၡျဖစ္တယ္လို႔ တိုင္းရင္းသားေတြကျမင္ေၾကာင္း ၂၀၂၁ ေဖေဖၚဝါရီ(၂၂)ရက္ေန႔ထုတ္ New Mandala စာေစာင္မွာ သုေတသီ ခင္ခင္ျမက သုံးသပ္ထားပါတယ္။ သူတို႔အဖို႔ကေတာ့ စစ္တပ္အစိုးရနဲ႔ NLD အစိုးရဟာ အတူတူပါပဲ။ ဒါေၾကာင့္ စစ္အာဏာသိမ္းၿပီး မၾကာမီ တိုင္းရင္းသားလူမ်ဳိးမ်ား အေထြေထြသပိတ္ေကာ္မတီကို ဖြဲ႔စည္းၿပီး၊ စစ္အာဏာရွင္စနစ္ နိဂုံးခ်ဳပ္ေရး၊ ၂၀၀၈ အေျခခံဥပေဒဖ်က္သိမ္းေရး၊ ဖက္ဒရယ္ဒီမိုကေရစီႏုိင္ငံ ထူေထာင္ေရးနဲ႔ မတရားဖမ္းဆီးထားသူေတြ လႊတ္ေပးဖို႔ ေတာင္းဆိုၾကပါတယ္။

ဒီေတာင္းဆုိခ်က္ကို NLD ေထာက္ခံသူေတြကလည္း လက္ခံတဲ့အတြက္ ဘုံရည္မွန္းခ်က္ ျဖစ္ေပၚလာတာမ်ဳိး ေတြ႔ရတယ္လို႔ ခင္ခင္ျမက ဆိုပါတယ္။ ဒါေပမဲ့ Salween Institute က သုေတသီ ရႈိင္းကုိကိုလြင္ကေတာ့ တိုင္းရင္းသားတပ္ဖြဲ႔ေတြ စည္းလုံးဖို႔ မေျပာနဲ႔ ေစ့စပ္ညႇိႏႈိင္းဖို႔ေတာင္ အခက္အခဲရွိတယ္လို႔ ေအာက္တိုဘာ(၂၈)ရက္ေန႔ထုတ္ စာတမ္းမွာ ေဖၚျပပါတယ္။ စစ္မွန္တဲ့ ဖက္ဒရယ္နဲ႔ ကိုယ္ပိုင္ျပဌာန္းခြင့္ကို တန္းဖိုးထားတဲ့ တုိင္းရင္းသားတပ္ဖြဲ႔ေတြ ရွိသလုိ၊ ရပ္တည္ခ်က္ အမ်ဳိးမ်ဳိးေျပာင္းေနတဲ့ အဖြဲ႔ေတြလည္းရွိပါတယ္။ ဒီလိုတပ္ဖြဲ႔ေတြကို စုေပါင္းၿပီး စစ္တပ္ႀကီးဖြဲ႔စည္းဖို႔ဆိုတာ မျဖစ္ႏိုင္တဲ့ကိစၥမို႔ ဖက္ဒရယ္တပ္မေတာ္ဆိုတာ စိတ္ကူးယဥ္ခ်က္သာျဖစ္တယ္လို႔ ဆိုပါတယ္။ ရွမ္းျပည္နယ္မွာ တုိင္းရင္းသားတပ္ဖြဲ႔အခ်င္းခ်င္း တိုက္ခိုက္ေနတာ ႏွစ္နဲ႔ခ်ီ ရွိေနပါၿပီ။

ဒုတိယကမၻာစစ္ၿပီးဆုံးလို႔ အဂၤလိပ္နဲ႔ မဟာမိတ္ေတြ ေအာင္ပဲြခံၾကတဲ့အခါမွာ ျပည္တြင္းက လက္နက္ကိုင္အုပ္စုေတြကို ျပဳျပင္ေျပာင္းလဲၿပီး ျပန္လည္ေနရာခ်ေပးႏိုင္တဲ့အတြက္ ဗမာ့တပ္မေတာ္ ေပၚထြက္လာတာမ်ဳိးေတာ့ အခုေခတ္မွာ ျဖစ္ႏိုင္စရာ မရွိပါဘူး။ အေၾကာင္းကေတာ့ ဗမာ့တပ္မေတာ္ဟာ အၾကမ္းဖက္အဖြဲ႔အစည္း အျဖစ္နဲ႔ ျပည္သူ႔ရန္သူ နံပါတ္(၁)ဘဝကို ေရာက္ေနၿပီး စစ္အင္အား ျပဳန္းတီးမႈ မ်ားျပားေနလို႔ပါပဲ။ ဒါေၾကာင့္ ဖက္ဒရယ္တပ္ တည္ေထာင္မယ္ဆိုရင္ တုိင္းရင္းသားတပ္ဖြဲ႔ကသာ ဦးေဆာင္ႏုိင္ဖြယ္ ရွိတယ္လို႔ ရႈိင္းကုိကုိလြင္က ျမင္ပါတယ္။ တိုင္းရင္းသားတပ္ဖြဲ႔ ေခါင္းေဆာင္ေတြဟာ မ်ဳိးခ်စ္စိတ္ဓါတ္နဲ႔ တိုက္ပြဲဝင္ေနသူေတြ ျဖစ္ပါတယ္။ ဗမာ ဗုိလ္ခ်ဳပ္ႀကီးေတြလို မခ်မ္းသာၾကပါဘူး။

တိုင္းရင္းသားစစ္သည္ေတြဟာ လခစား မဟုတ္ပဲ၊ ယုံၾကည္ခ်က္အရ လက္နက္ ကိုင္လာတာျဖစ္ပါတယ္။ ဒါေၾကာင့္ တုိင္းရင္းသားစစ္သည္အားလုံး ႏိုင္ငံေရးမွာ သာတူညီမွ် လက္ရည္တျပင္တည္း ရွိတယ္ဆိုတဲ့ သေဘာတရားကို အေျခခံတဲ့ ေရရွည္ ေသနဂၤဗ်ဴဟာရွိဖို႔ အေရးႀကီးတယ္လို႔ ရႈိင္းကိုကုိလြင္က ျမင္ပါတယ္။ အေစာပုိင္းမွာ စစ္ေကာင္စီတပ္ကို တုိက္ခိုက္ေနတဲ့ လက္နက္ကုိင္ေတြဟာ ပူးေပါင္းေဆာင္ရြက္ၾကဖို႔ မ်ားပါတယ္။ ဒီလို မဟာမိတ္အျဖစ္ လက္တြဲၿပီး တိုက္ပြဲဝင္လုိ႔ အခ်ိန္ၾကာလာတဲ့အခါမွာ ယုံၾကည္မႈ ရွိလာတာေၾကာင့္ စုေပါင္းသြားပါလိမ့္မယ္။ လူမ်ဳိးတမ်ဳိးကို အေျခခံဖြဲ႔စည္းထားတဲ့ တပ္ဖြဲ႔ကို လူမ်ဳိးစုံတပ္ဖြဲ႔အျဖစ္ အသြင္ေျပာင္းရာမွာ ဖက္ဒရယ္စနစ္နဲ႔တင္ မလုံေလာက္ပါဘူး။ လူမ်ဳိး၊ ဘာသာနဲ႔ ေဒသစိတ္ စတာေတြကို ထည့္သြင္းသုံးသပ္တဲ့ လမ္းစဥ္ရွိဖို႔ လိုပါတယ္။ အဖိႏွိပ္ခံလူနည္းစုကို အရင္က ဖိႏွိပ္ခဲ့တဲ့ လူမ်ားစုနဲ႔ စုေပါင္းရာမွာ အဆင္ေျပေအာင္လုပ္ႏုိင္ဖို႔ လိုအပ္တယ္လို႔ ဆိုပါတယ္။

တိုင္းရင္းသားတပ္ရင္းေတြ စုေပါင္း ဖြဲ႔စည္းထားတဲ့ တပ္မေတာ္ ၁၉၄၅ မွာ ေပၚေပါက္လာပုံဟာ သင္ခန္းစာယူစရာ ျဖစ္ေနပါတယ္။ ဘုံရန္သူ ဖက္ဆစ္ဂ်ပန္ကို ဝိုင္းဝန္းတုိက္ခိုက္တဲ့ တပ္ဖြဲ႔က ကုိယ္စားလွယ္ေတြ အဂၤလိပ္စစ္ဦးစီးဌာနရွိတဲ့ ကန္ဒီၿမဳိ႕မွာ ေဆြးေႏြးၿပီး တပ္မေတာ္မွာ ပါဝင္မယ့္ စစ္သည္ဦးေရကို သတ္မွတ္ၾကပါတယ္။ ျပည္သူ႔ရဲေဘာ္လို႔ ေခၚတဲ့ ဗမာလက္နက္ကိုင္(၅၂၀၀)နဲ႔ အရာရွိ(၂၀၀)ကို တပ္ရင္း(၃)ရင္းမွာ ပါဝင္ေစၿပီး၊ ကရင္တပ္ရင္း(၂)ရင္း၊ ကခ်င္တပ္ရင္း (၂)ရင္း၊ ခ်င္းတပ္ရင္း (၂)ရင္းနဲ႔ ေရာစပ္တပ္ရင္း(၁)ရင္း စသည္ျဖင့္ တပ္ရင္း(၁၀)ရင္းကို ဖြဲ႔စည္းႏိုင္ခဲ့ပါတယ္။

တကယ္ေတာ့ ကန္ဒီစာခ်ဳပ္ဟာ ဗိုလ္ခ်ဳပ္ေအာင္ဆန္း ေမွ်ာ္မွန္းခဲ့တဲ့ ျပည္ေထာင္စုတပ္မေတာ္လို႔လည္း ေျပာႏိုင္ပါတယ္။ ၁၉၄၇ မွာ လက္မွတ္ေရးထုိးတဲ့ ပင္လုံစာခ်ဳပ္မွာလည္း ကန္ဒီက ျပည္ေထာင္စု သေဘာတရားေတြ ပါဝင္ေနတယ္လို႔ ေျပာႏိုင္ပါတယ္။ ဒီလုိပုံစံနဲ႔ ဖြဲ႔စည္းထားတဲ့ ျပည္ေထာင္စုတပ္(သုိ႔မဟုတ္) ဖက္ဒရယ္တပ္ ေပၚထြက္လာဖို႔ အလားအလာ မရွိေသးပါဘူး။ ကိုယ့္ေဒသ၊ ကိုယ့္တပ္၊ ကိုယ့္အုပ္ခ်ဳပ္ေရးကို ခိုင္မာေအာင္လုပ္မယ့္ ကိုယ္ပုိင္လက္နက္ကိုင္ေဒသေတြသာ ေပၚေပါက္လာဖြယ္ ရွိတယ္လို႔ သုံးသပ္ၾကပါတယ္ခင္ဗ်ား။


===== UNICODE =====

ဦးအောင်ခင်ရဲ့ မြန်မာ့အရေးသုံးသပ်ချက်

ဖက်ဒရယ်တပ်မတော် ပေါ်ပေါက်လာမယ့် အလားအလာတွေနဲ့ ပတ်သက်လို့ ဦးအောင်ခင်က သုံးသပ်ရေးသားပြီး ကိုဉာဏ်ဝင်းအောင်နဲ့အတူ တင်ပြထားပါတယ်။

ဖက်ဒရယ်တပ် ပေါ်ပေါက်ရေး

ပြည်သူ့ကာကွယ်ရေးတပ်ဖြစ်တဲ့ PDF တွေကို တိုင်းရင်သားတပ်ဖွဲ့အချို့က ကူညီနေတာရယ်၊ ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ် ကြေညာစာတမ်းထုတ်ပြန်တာရယ်၊ NUG အမျိုးသားညီညွတ်ရေးအစိုးရက စစ်ကြေညာတာရယ် စတာတွေကြောင့် ဖက်ဒရယ်တပ် Federal Army ပေါ်ထွက်လာမယ့် အလားအလာတွေကို ဆွေးနွေးလာကြပါတယ်။ ဒါပေမဲ့ စစ်ကောင်စီ မတက်မီကတည်းက ရှိခဲ့တဲ့ တိုင်းရင်းသားတပ်ဖွဲ့တွေရဲ့အမြင်ဟာ ဒီကိစ္စမှာ အရေးကြီးတယ်လို့ ယူဆသူတွေလည်း ရှိပါတယ်။ တိုင်းရင်းသားတပ်ဖွဲ့ အမျိုးမျိုး ရှိသလို၊ သဘောတရားအမြင်လည်း အမျိုးမျိုး ရှိနိုင်ပါတယ်။

စစ်အာဏာသိမ်းမှုဟာ တိုင်းရင်းသားအရေးကို ဂရုမစိုက်တဲ့၊ NLD နဲ့ စစ်တပ်ကြား ဖြစ်ပွားတဲ့ ပဋိပက္ခဖြစ်တယ်လို့ တိုင်းရင်းသားတွေကမြင်ကြောင်း ၂၀၂၁ ဖေဖေါ်ဝါရီ(၂၂)ရက်နေ့ထုတ် New Mandala စာစောင်မှာ သုတေသီ ခင်ခင်မြက သုံးသပ်ထားပါတယ်။ သူတို့အဖို့ကတော့ စစ်တပ်အစိုးရနဲ့ NLD အစိုးရဟာ အတူတူပါပဲ။ ဒါကြောင့် စစ်အာဏာသိမ်းပြီး မကြာမီ တိုင်းရင်းသားလူမျိုးများ အထွေထွေသပိတ်ကော်မတီကို ဖွဲ့စည်းပြီး၊ စစ်အာဏာရှင်စနစ် နိဂုံးချုပ်ရေး၊ ၂၀၀၈ အခြေခံဥပဒေဖျက်သိမ်းရေး၊ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံ ထူထောင်ရေးနဲ့ မတရားဖမ်းဆီးထားသူတွေ လွှတ်ပေးဖို့ တောင်းဆိုကြပါတယ်။

ဒီတောင်းဆိုချက်ကို NLD ထောက်ခံသူတွေကလည်း လက်ခံတဲ့အတွက် ဘုံရည်မှန်းချက် ဖြစ်ပေါ်လာတာမျိုး တွေ့ရတယ်လို့ ခင်ခင်မြက ဆိုပါတယ်။ ဒါပေမဲ့ Salween Institute က သုတေသီ ရှိုင်းကိုကိုလွင်ကတော့ တိုင်းရင်းသားတပ်ဖွဲ့တွေ စည်းလုံးဖို့ မပြောနဲ့ စေ့စပ်ညှိနှိုင်းဖို့တောင် အခက်အခဲရှိတယ်လို့ အောက်တိုဘာ(၂၈)ရက်နေ့ထုတ် စာတမ်းမှာ ဖေါ်ပြပါတယ်။ စစ်မှန်တဲ့ ဖက်ဒရယ်နဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ကို တန်းဖိုးထားတဲ့ တိုင်းရင်းသားတပ်ဖွဲ့တွေ ရှိသလို၊ ရပ်တည်ချက် အမျိုးမျိုးပြောင်းနေတဲ့ အဖွဲ့တွေလည်းရှိပါတယ်။ ဒီလိုတပ်ဖွဲ့တွေကို စုပေါင်းပြီး စစ်တပ်ကြီးဖွဲ့စည်းဖို့ဆိုတာ မဖြစ်နိုင်တဲ့ကိစ္စမို့ ဖက်ဒရယ်တပ်မတော်ဆိုတာ စိတ်ကူးယဉ်ချက်သာဖြစ်တယ်လို့ ဆိုပါတယ်။ ရှမ်းပြည်နယ်မှာ တိုင်းရင်းသားတပ်ဖွဲ့အချင်းချင်း တိုက်ခိုက်နေတာ နှစ်နဲ့ချီ ရှိနေပါပြီ။

ဒုတိယကမ္ဘာစစ်ပြီးဆုံးလို့ အင်္ဂလိပ်နဲ့ မဟာမိတ်တွေ အောင်ပွဲခံကြတဲ့အခါမှာ ပြည်တွင်းက လက်နက်ကိုင်အုပ်စုတွေကို ပြုပြင်ပြောင်းလဲပြီး ပြန်လည်နေရာချပေးနိုင်တဲ့အတွက် ဗမာ့တပ်မတော် ပေါ်ထွက်လာတာမျိုးတော့ အခုခေတ်မှာ ဖြစ်နိုင်စရာ မရှိပါဘူး။ အကြောင်းကတော့ ဗမာ့တပ်မတော်ဟာ အကြမ်းဖက်အဖွဲ့အစည်း အဖြစ်နဲ့ ပြည်သူ့ရန်သူ နံပါတ်(၁)ဘဝကို ရောက်နေပြီး စစ်အင်အား ပြုန်းတီးမှု များပြားနေလို့ပါပဲ။ ဒါကြောင့် ဖက်ဒရယ်တပ် တည်ထောင်မယ်ဆိုရင် တိုင်းရင်းသားတပ်ဖွဲ့ကသာ ဦးဆောင်နိုင်ဖွယ် ရှိတယ်လို့ ရှိုင်းကိုကိုလွင်က မြင်ပါတယ်။ တိုင်းရင်းသားတပ်ဖွဲ့ ခေါင်းဆောင်တွေဟာ မျိုးချစ်စိတ်ဓါတ်နဲ့ တိုက်ပွဲဝင်နေသူတွေ ဖြစ်ပါတယ်။ ဗမာ ဗိုလ်ချုပ်ကြီးတွေလို မချမ်းသာကြပါဘူး။

တိုင်းရင်းသားစစ်သည်တွေဟာ လခစား မဟုတ်ပဲ၊ ယုံကြည်ချက်အရ လက်နက် ကိုင်လာတာဖြစ်ပါတယ်။ ဒါကြောင့် တိုင်းရင်းသားစစ်သည်အားလုံး နိုင်ငံရေးမှာ သာတူညီမျှ လက်ရည်တပြင်တည်း ရှိတယ်ဆိုတဲ့ သဘောတရားကို အခြေခံတဲ့ ရေရှည် သေနင်္ဂဗျူဟာရှိဖို့ အရေးကြီးတယ်လို့ ရှိုင်းကိုကိုလွင်က မြင်ပါတယ်။ အစောပိုင်းမှာ စစ်ကောင်စီတပ်ကို တိုက်ခိုက်နေတဲ့ လက်နက်ကိုင်တွေဟာ ပူးပေါင်းဆောင်ရွက်ကြဖို့ များပါတယ်။ ဒီလို မဟာမိတ်အဖြစ် လက်တွဲပြီး တိုက်ပွဲဝင်လို့ အချိန်ကြာလာတဲ့အခါမှာ ယုံကြည်မှု ရှိလာတာကြောင့် စုပေါင်းသွားပါလိမ့်မယ်။ လူမျိုးတမျိုးကို အခြေခံဖွဲ့စည်းထားတဲ့ တပ်ဖွဲ့ကို လူမျိုးစုံတပ်ဖွဲ့အဖြစ် အသွင်ပြောင်းရာမှာ ဖက်ဒရယ်စနစ်နဲ့တင် မလုံလောက်ပါဘူး။ လူမျိုး၊ ဘာသာနဲ့ ဒေသစိတ် စတာတွေကို ထည့်သွင်းသုံးသပ်တဲ့ လမ်းစဉ်ရှိဖို့ လိုပါတယ်။ အဖိနှိပ်ခံလူနည်းစုကို အရင်က ဖိနှိပ်ခဲ့တဲ့ လူများစုနဲ့ စုပေါင်းရာမှာ အဆင်ပြေအောင်လုပ်နိုင်ဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။

တိုင်းရင်းသားတပ်ရင်းတွေ စုပေါင်း ဖွဲ့စည်းထားတဲ့ တပ်မတော် ၁၉၄၅ မှာ ပေါ်ပေါက်လာပုံဟာ သင်ခန်းစာယူစရာ ဖြစ်နေပါတယ်။ ဘုံရန်သူ ဖက်ဆစ်ဂျပန်ကို ဝိုင်းဝန်းတိုက်ခိုက်တဲ့ တပ်ဖွဲ့က ကိုယ်စားလှယ်တွေ အင်္ဂလိပ်စစ်ဦးစီးဌာနရှိတဲ့ ကန်ဒီမြို့မှာ ဆွေးနွေးပြီး တပ်မတော်မှာ ပါဝင်မယ့် စစ်သည်ဦးရေကို သတ်မှတ်ကြပါတယ်။ ပြည်သူ့ရဲဘော်လို့ ခေါ်တဲ့ ဗမာလက်နက်ကိုင်(၅၂၀၀)နဲ့ အရာရှိ(၂၀၀)ကို တပ်ရင်း(၃)ရင်းမှာ ပါဝင်စေပြီး၊ ကရင်တပ်ရင်း(၂)ရင်း၊ ကချင်တပ်ရင်း (၂)ရင်း၊ ချင်းတပ်ရင်း (၂)ရင်းနဲ့ ရောစပ်တပ်ရင်း(၁)ရင်း စသည်ဖြင့် တပ်ရင်း(၁၀)ရင်းကို ဖွဲ့စည်းနိုင်ခဲ့ပါတယ်။

တကယ်တော့ ကန်ဒီစာချုပ်ဟာ ဗိုလ်ချုပ်အောင်ဆန်း မျှော်မှန်းခဲ့တဲ့ ပြည်ထောင်စုတပ်မတော်လို့လည်း ပြောနိုင်ပါတယ်။ ၁၉၄၇ မှာ လက်မှတ်ရေးထိုးတဲ့ ပင်လုံစာချုပ်မှာလည်း ကန်ဒီက ပြည်ထောင်စု သဘောတရားတွေ ပါဝင်နေတယ်လို့ ပြောနိုင်ပါတယ်။ ဒီလိုပုံစံနဲ့ ဖွဲ့စည်းထားတဲ့ ပြည်ထောင်စုတပ်(သို့မဟုတ်) ဖက်ဒရယ်တပ် ပေါ်ထွက်လာဖို့ အလားအလာ မရှိသေးပါဘူး။ ကိုယ့်ဒေသ၊ ကိုယ့်တပ်၊ ကိုယ့်အုပ်ချုပ်ရေးကို ခိုင်မာအောင်လုပ်မယ့် ကိုယ်ပိုင်လက်နက်ကိုင်ဒေသတွေသာ ပေါ်ပေါက်လာဖွယ် ရှိတယ်လို့ သုံးသပ်ကြပါတယ်ခင်ဗျား။

XS
SM
MD
LG