[Zawgyi]
ကာတာႏိုင္ငံမွာ လက္ရွိက်င္းပေနတဲ့ ကမာၻ႔ဖလား ေဘာလုံးၿပိဳင္ပြဲေတြမွာ ဒုတိယအဆင့္ ရႈံးထြက္အဆင့္အထိ ပါဝင္ယွဥ္ၿပိဳင္ခဲ့တဲ့ ေတာင္ကိုရီးယားအသင္းဟာ တခ်ိန္က ျမန္မာေဘာလုံးအသင္းနဲ႔ အႀကိတ္အနယ္ ယွဥ္ၿပိဳင္ ကစားခဲ့ရတဲ့ အာရွအသင္းတခု ျဖစ္ပါတယ္။ ျမန္မာေဘာလုံးအသင္း ကေတာ့ အာရွ ခ်န္ပီယံ အဆင့္ကေန ေအာက္ဆုံးအဆင့္အထိ က်သြားခဲ့တာပါ။ ျမန္မာ့ေဘာလုံး အားကစား အမ်ားႀကီး ဆုတ္ယုတ္သြားခဲ့ရတာ ဘာေၾကာင့္ပါလဲ။ ဒီဆုတ္ယုတ္မႈက ဒီမိုကေရစီ၊ လူ႔အခြင့္အေရးေတြနဲ႔ ဆက္စပ္ေနပါသလား။ ျမန္မာ့လက္ေ႐ြးစဥ္ ေဘာလုံးသမားေဟာင္း ဦးယဥ္ေထြးကို ဦးတင္ေမာင္သန္းက ေမးျမန္းၿပီး ဒီတပတ္ ဒီမိုကေရစီ၊ လူ႔အခြင့္အေရးနဲ႔ ေခတ္ျပိဳင္ေရးရာ အစီအစဥ္မွာ ေဆြးေႏြးတင္ျပထားပါတယ္။
============
[Unicode]
ကာတာနိုင်ငံမှာ လက်ရှိကျင်းပနေတဲ့ ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲတွေမှာ ဒုတိယအဆင့် ရှုံးထွက်အဆင့်အထိ ပါဝင်ယှဉ်ပြိုင်ခဲ့တဲ့ တောင်ကိုရီးယားအသင်းဟာ တချိန်က မြန်မာဘောလုံးအသင်းနဲ့ အကြိတ်အနယ် ယှဉ်ပြိုင် ကစားခဲ့ရတဲ့ အာရှအသင်းတခု ဖြစ်ပါတယ်။ မြန်မာဘောလုံးအသင်း ကတော့ အာရှ ချန်ပီယံ အဆင့်ကနေ အောက်ဆုံးအဆင့်အထိ ကျသွားခဲ့တာပါ။ မြန်မာ့ဘောလုံး အားကစား အများကြီး ဆုတ်ယုတ်သွားခဲ့ရတာ ဘာကြောင့်ပါလဲ။ ဒီဆုတ်ယုတ်မှုက ဒီမိုကရေစီ၊ လူ့အခွင့်အရေးတွေနဲ့ ဆက်စပ်နေပါသလား။ မြန်မာ့လက်ရွေးစဉ် ဘောလုံးသမားဟောင်း ဦးယဉ်ထွေးကို ဦးတင်မောင်သန်းက မေးမြန်းပြီး ဒီတပတ် ဒီမိုကရေစီ၊ လူ့အခွင့်အရေးနဲ့ ခေတ်ပြိုင်ရေးရာ အစီအစဉ်မှာ ဆွေးနွေးတင်ပြထားပါတယ်။