သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ဒီပဲယင္းမွာ တိုက္ပြဲ မရွိဘဲ အိမ္ေတြ မီးရိႈ႕ခံေနရ  ( ေဒသခံမ်ား) 


ဒီပဲယင္းမွာ တိုက္ပြဲ မရွိဘဲ အိမ္ေတြ မီးရိႈ႕ခံေနရ  ( ေဒသခံမ်ား) 

စစ္ကိုင္းတိုင္း ဒီပဲယင္းၿမိဳ႕နယ္ထဲက ေက်းရြာေတြကို ျမန္မာစစ္တပ္က နယ္ေျမရွင္းလင္းေရး လုပ္ေနတဲ့ ၁၀ ရက္အတြင္း ေက်းရြာ ၁၈ ရြာက ေနအိမ္ေတြ ရာခ်ီ မီးရိႈ႕ခံခဲ့ရတယ္လို႔ စစ္ေဘးေရွာင္ေတြကို ကူညီေပးေနသူေတြကေျပာပါတယ္။ ရန္ကုန္ကေပးပို႔လာတဲ့ ဒီပဲယင္းၿမိဳ႕နယ္ထဲက အေျခအေနေတြကို ကိုရဲမြန္ ကေျပာျပပါမယ္။ 

ဒီပဲယင္းမွာ တိုက္ပြဲ မရွိဘဲ အိမ္ေတြ မီးရိႈ႕ခံေနရ ( ေဒသခံမ်ား)

{{Zawgyi/Unicode}}

စစ္ကိုင္းတိုင္း ေဒသႀကီး ဒီပဲယင္းၿမိဳ႕နယ္ထဲက ေက်းရြာေတြကို ျမန္မာစစ္တပ္က နယ္ေျမရွင္းလင္းေရး လုပ္ေနတဲ့ ၁၀ ရက္အတြင္း ေက်းရြာ ၁၈ ရြာက ေနအိမ္ေတြ ရာခ်ီ မီးရိႈ႕ခံခဲ့ရတယ္လို႔ စစ္ေဘးေရွာင္ေတြကို ကူညီေပးေနသူေတြကေျပာပါတယ္။ တိုက္ပြဲျဖစ္ပြားတာမရွိဘဲ ေက်းရြာက ေနအိမ္ေတြမီးရိႈ႕ခံရတာလို႔ ေဒသခံေတြက ေျပာပါတယ္။ ရန္ကုန္ကေပးပို႔လာတဲ့ ဒီပဲယင္းၿမိဳ႕နယ္ထဲက အေျခအေနေတြကို ကိုရဲမြန္ ကေျပာျပပါမယ္။

စစ္ကိုင္းတိုင္း ေဒသႀကီး ဒီပဲယင္းၿမိဳ႕နယ္ထဲကို ျမန္မာစစ္တပ္က ဒီဇင္ဘာ ၂ ရက္ေန႔က စလို႔ နယ္ေျမရွင္းလင္းေရး လုပ္ေနတာ ဒီဇင္ဘာ ၁၂ ရက္ဆိုရင္ ၁၀ ရက္ရွိေနၿပီျဖစ္ပါတယ္။ ဒီနယ္ေျမရွင္းလင္းတဲ့ ၁၀ ရက္အတြင္းမွာ ေက်းရြာ ၁၈ ရြာက ေနအိမ္ေတြ မီးရိႈ႕ခံေနရတဲ့အေျခအေနနဲ႔ ပတ္သက္လို႔ စစ္ေဘးေရွာင္တဦးက အခုလုိေျပာပါတယ္။

“အေျခအေနက အရမ္းႀကီးကိုဆိုးရြားေနတယ္။ ရြာေပါင္း ၁၈ ရြာ မီးရိႈ႕သြားတယ္။ ေနအိမ္ ၁၆၀၀ ေက်ာ္ ၁၇၀၀ နီးပါး မီးေလာင္သြားတယ္။ နမ်ား ၊ မူးကတြင္း ၊ လက္ယက္ကုန္း ၊ မဲအိုး ၊ အင္ပင္ အဲ့ရြာေတြက ေတာ္ေတာ္ဆိုးတယ္ခင္ဗ်။ ရြာမွာရွိတဲ့ အိမ္ေျခထက္စာရင္ ေတာ္ေတာ္နည္းနည္းပါးပါးပဲက်န္ေတာ့တာ။ အိုးမဲ့အိမ္မဲ့ေတြျဖစ္ၿပီး ခိုးကိုးရာမဲ့ၿပီး ဘယ္ကပ္လို႔ကပ္ရမွန္းမသိတဲ့ ဘ၀ကိုေရာက္သြားတာ။”

ဒီေက်းရြာ ၁၈ ရြာထဲမွာ နမ်ားေက်းရြာက ေနအိမ္ ၃၀၀ ေက်ာ္မီးရိႈ႕ခံခဲ့ၿပီး အင္ပင္ ေက်းရြာက ေနအိမ္ ၂၅၀အထိ မီးေလာင္ကြ်မ္းခဲ့သလို ေညာင္လွေက်းရြာနဲ႔ ျမန္မာစစ္တပ္က ေလေၾကာင္းကေန ပစ္ခတ္လို႔ ကေလးငယ္ေတြအပါအ၀င္ ၁၃ ဦးအထိ ေသဆံုးခဲ့တဲ့ လက္ယက္ကုန္းေက်းရြာတို႔ဟာ ေနအိမ္ ၂၀၀ နီးပါး မီးေလာင္ဆံုးရံႈးခဲ့ရတယ္လို႔ ေျမျပင္မွာ ေကာက္ယူထားတဲ႔ ခန္႔မွန္းစာရင္းေတြက ေဖာ္ျပပါတယ္။

ဒီစာရင္းအခ်က္အလက္ေတြဟာ ေဒသခံေတြ ေျမျပင္မွာေကာက္ယူထားတဲ့ခန္႔မွန္းစာရင္းေတြျဖစ္ၿပီး ဒီအေရအတြက္ထက္လည္း မ်ားႏိုင္သလို ျမန္မာစစ္တပ္ရွိေနေသးတဲ့အတြက္ အတိအက် ေကာက္ယူဖို႔ ခက္ခဲေနပါတယ္။

တနလာၤေန႔ အထိ မီးရိႈ႕ခံေနရတဲ့ေက်းရြာေတြရွိေနၿပီး ေက်းရြာေတြဟာ တိုက္ပြဲျဖစ္ပြားတာမရွိဘဲ မီးရိႈ႕ခံခဲ့ရတာျဖစ္သလိုတယ္လို႔ ဒီပဲယင္း ေဒသခံတဦးက သူႀကံဳေတြ႕ေနရတာကို အခုလိုေျပာပါတယ္။

“ကြ်န္ေတာ့္ရြာအိမ္ေျခ ၉၀ ရာခိုင္ႏႈန္းေလာက္ပါသြားတယ္။ သြပ္ပဲျမင္ရတာပဲ ဘာမွမက်န္ခဲ့ဘူး။ ဘုန္းႀကီးေက်ာင္းနဲ႔နီးစပ္တာ ဘုန္းႀကီးေက်ာင္းေပါ့ ေဆြမ်ိဳးေတြအိမ္က်န္တဲ့ဟာေလးေတြက ေဆြမ်ိဳးေတြအိမ္ စုေပါင္းၿပီးေနရတာေပါ့။ စစ္ေၾကာင္းေတြက ဒီေန႔ကို တေနကုန္ရိႈ႕ေနတယ္။ တိုက္ပြဲကကြ်န္ေတာ္သိသေလာက္ ဘာတခုမွ တိုက္ပြဲမျဖစ္ဘူးဗ်။ ေသြးေျမတခုမွ မက်ခဲ့ဘူး။ တိုက္ပြဲလည္းမျဖစ္ခဲဘူး ဒီဘက္မွာက ဒါက အလြတ္ကိုု စစ္ဆင္ေရးတခုအေနနဲ႔ မီးရိႈ႕ဖို႔ သက္သက္ကို လာတဲ့အေနအထားျဖစ္သြားတာဗ်။”

ဒီပဲယင္းၿမိဳ႕နယ္ထဲကေက်းရြာ ေနအိမ္ေတြမီးေလာင္တာနဲ႔ ပတ္သက္လို႔ စစ္ေကာင္စီဘက္ကေတာ့ သတင္းထုတ္ျပန္တာမရွိေသးဘဲ ၂၀၂၂ ခုႏွစ္မွာ KIA နဲ႔ PDF အဖြဲ႕ေတြက မီးရိႈ႕လို႔ စစ္ကိုင္းတိုင္းထဲ ေနအိမ္ ၂၄၈ လံုးမီးေလာင္ကြ်မ္းခဲ့တယ္လို႔သာ သတင္းထုတ္ျပန္ထားပါတယ္။

ေနအိမ္ေတြမီးေလာင္တာနဲ႔ပတ္သက္လို႔ ေဒသခံေတြက ျမန္မာစစ္တပ္က မီးရိႈ႕တာလို႔ အခိုင္အမာေျပာဆိုၿပီး စစ္ေကာင္စီကေတာ့ ဒါေတြနဲ႔ပတ္သက္လို႔ ျငင္းဆိုေနပါတယ္။

တိုက္႐ိုက္ လင့္ခ္

ဒီပဲယင်းမှာ တိုက်ပွဲ မရှိဘဲ အိမ်တွေ မီးရှို့ခံနေရ ( ဒေသခံများ)

{{Zawgyi/Unicode}}

စစ်ကိုင်းတိုင်း ဒေသကြီး ဒီပဲယင်းမြို့နယ်ထဲက ကျေးရွာတွေကို မြန်မာစစ်တပ်က နယ်မြေရှင်းလင်းရေး လုပ်နေတဲ့ ၁၀ ရက်အတွင်း ကျေးရွာ ၁၈ ရွာက နေအိမ်တွေ ရာချီ မီးရှို့ခံခဲ့ရတယ်လို့ စစ်ဘေးရှောင်တွေကို ကူညီပေးနေသူတွေကပြောပါတယ်။ တိုက်ပွဲဖြစ်ပွားတာမရှိဘဲ ကျေးရွာက နေအိမ်တွေမီးရှို့ခံရတာလို့ ဒေသခံတွေက ပြောပါတယ်။ ရန်ကုန်ကပေးပို့လာတဲ့ ဒီပဲယင်းမြို့နယ်ထဲက အခြေအနေတွေကို ကိုရဲမွန် ကပြောပြပါမယ်။

စစ်ကိုင်းတိုင်း ဒေသကြီး ဒီပဲယင်းမြို့နယ်ထဲကို မြန်မာစစ်တပ်က ဒီဇင်ဘာ ၂ ရက်နေ့က စလို့ နယ်မြေရှင်းလင်းရေး လုပ်နေတာ ဒီဇင်ဘာ ၁၂ ရက်ဆိုရင် ၁၀ ရက်ရှိနေပြီဖြစ်ပါတယ်။ ဒီနယ်မြေရှင်းလင်းတဲ့ ၁၀ ရက်အတွင်းမှာ ကျေးရွာ ၁၈ ရွာက နေအိမ်တွေ မီးရှို့ခံနေရတဲ့အခြေအနေနဲ့ ပတ်သက်လို့ စစ်ဘေးရှောင်တဦးက အခုလိုပြောပါတယ်။

“အခြေအနေက အရမ်းကြီးကိုဆိုးရွားနေတယ်။ ရွာပေါင်း ၁၈ ရွာ မီးရှို့သွားတယ်။ နေအိမ် ၁၆၀၀ ကျော် ၁၇၀၀ နီးပါး မီးလောင်သွားတယ်။ နများ ၊ မူးကတွင်း ၊ လက်ယက်ကုန်း ၊ မဲအိုး ၊ အင်ပင် အဲ့ရွာတွေက တော်တော်ဆိုးတယ်ခင်ဗျ။ ရွာမှာရှိတဲ့ အိမ်ခြေထက်စာရင် တော်တော်နည်းနည်းပါးပါးပဲကျန်တော့တာ။ အိုးမဲ့အိမ်မဲ့တွေဖြစ်ပြီး ခိုးကိုးရာမဲ့ပြီး ဘယ်ကပ်လို့ကပ်ရမှန်းမသိတဲ့ ဘဝကိုရောက်သွားတာ။”

ဒီကျေးရွာ ၁၈ ရွာထဲမှာ နများကျေးရွာက နေအိမ် ၃၀၀ ကျော်မီးရှို့ခံခဲ့ပြီး အင်ပင် ကျေးရွာက နေအိမ် ၂၅၀အထိ မီးလောင်ကျွမ်းခဲ့သလို ညောင်လှကျေးရွာနဲ့ မြန်မာစစ်တပ်က လေကြောင်းကနေ ပစ်ခတ်လို့ ကလေးငယ်တွေအပါအဝင် ၁၃ ဦးအထိ သေဆုံးခဲ့တဲ့ လက်ယက်ကုန်းကျေးရွာတို့ဟာ နေအိမ် ၂၀၀ နီးပါး မီးလောင်ဆုံးရှုံးခဲ့ရတယ်လို့ မြေပြင်မှာ ကောက်ယူထားတဲ့ ခန့်မှန်းစာရင်းတွေက ဖော်ပြပါတယ်။

ဒီစာရင်းအချက်အလက်တွေဟာ ဒေသခံတွေ မြေပြင်မှာကောက်ယူထားတဲ့ခန့်မှန်းစာရင်းတွေဖြစ်ပြီး ဒီအရေအတွက်ထက်လည်း များနိုင်သလို မြန်မာစစ်တပ်ရှိနေသေးတဲ့အတွက် အတိအကျ ကောက်ယူဖို့ ခက်ခဲနေပါတယ်။

တနလာၤနေ့ အထိ မီးရှို့ခံနေရတဲ့ကျေးရွာတွေရှိနေပြီး ကျေးရွာတွေဟာ တိုက်ပွဲဖြစ်ပွားတာမရှိဘဲ မီးရှို့ခံခဲ့ရတာဖြစ်သလိုတယ်လို့ ဒီပဲယင်း ဒေသခံတဦးက သူကြုံတွေ့နေရတာကို အခုလိုပြောပါတယ်။

“ကျွန်တော့်ရွာအိမ်ခြေ ၉၀ ရာခိုင်နှုန်းလောက်ပါသွားတယ်။ သွပ်ပဲမြင်ရတာပဲ ဘာမှမကျန်ခဲ့ဘူး။ ဘုန်းကြီးကျောင်းနဲ့နီးစပ်တာ ဘုန်းကြီးကျောင်းပေါ့ ဆွေမျိုးတွေအိမ်ကျန်တဲ့ဟာလေးတွေက ဆွေမျိုးတွေအိမ် စုပေါင်းပြီးနေရတာပေါ့။ စစ်ကြောင်းတွေက ဒီနေ့ကို တနေကုန်ရှို့နေတယ်။ တိုက်ပွဲကကျွန်တော်သိသလောက် ဘာတခုမှ တိုက်ပွဲမဖြစ်ဘူးဗျ။ သွေးမြေတခုမှ မကျခဲ့ဘူး။ တိုက်ပွဲလည်းမဖြစ်ခဲဘူး ဒီဘက်မှာက ဒါက အလွတ်ကို စစ်ဆင်ရေးတခုအနေနဲ့ မီးရှို့ဖို့ သက်သက်ကို လာတဲ့အနေအထားဖြစ်သွားတာဗျ။”

ဒီပဲယင်းမြို့နယ်ထဲကကျေးရွာ နေအိမ်တွေမီးလောင်တာနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်ကတော့ သတင်းထုတ်ပြန်တာမရှိသေးဘဲ ၂၀၂၂ ခုနှစ်မှာ KIA နဲ့ PDF အဖွဲ့တွေက မီးရှို့လို့ စစ်ကိုင်းတိုင်းထဲ နေအိမ် ၂၄၈ လုံးမီးလောင်ကျွမ်းခဲ့တယ်လို့သာ သတင်းထုတ်ပြန်ထားပါတယ်။

နေအိမ်တွေမီးလောင်တာနဲ့ပတ်သက်လို့ ဒေသခံတွေက မြန်မာစစ်တပ်က မီးရှို့တာလို့ အခိုင်အမာပြောဆိုပြီး စစ်ကောင်စီကတော့ ဒါတွေနဲ့ပတ်သက်လို့ ငြင်းဆိုနေပါတယ်။

XS
SM
MD
LG