သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဖဂန် မိန်းကလေးတွေ တက္ကသိုလ်တက်ခွင့် တာလီဘန်တွေ ပိတ်ပင်


AFGHANISTAN-WOMEN-EDUCATION-PROTEST
AFGHANISTAN-WOMEN-EDUCATION-PROTEST

[[ ZAWGYI ]]

အာဖဂန် မိန်းကလေးတွေ တက္ကသိုလ်တက်ခွင့် တာလီဘန်တွေ ပိတ်ပင်

အာဖဂန်နစ္စတန်နိုင်ငံမှာ အစိုးရပိုင်နဲ့ ပုဂ္ဂလိကပိုင် တက္ကသိုလ် ကောလိပ်ကျောင်းတွေမှာ မိန်းကလေးတွေကို တက်ရောက် ပညာသင်ကြားခွင့် ပိတ်ပင်လိုက်ကြောင်း တာလီဘန်တွေက အင်္ဂါနေ့မှာ အမိန့်ထုတ်ပြန် လိုက်ပါတယ်။ တာလီဘန်ဝန်ကြီးများ အစည်းအဝေးဆုံးဖြတ်ချက်အရ တက္ကသိုလ်အားလုံးနဲ့ ကောလိပ်တွေကို အကြောင်းကြားထားပြီးဖြစ်ကြောင်းနဲ့ နောက်ထပ် တစုံတရာ မထုတ်ပြန်မချင်း ဒီအမိန့်အတိုင်း လိုက်နာရမှာဖြစ်တယ်လို့ တာလီဘန် ပညာရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Hafiz Zia Hashami ကပြေပါတယ်။

အခုလို မိန်းကလေးတွေအပေါ် ကန့်သတ် ပိတ်ပင်တာကို ကုလသမဂ္ဂနဲ့ အမေရိကန်ပြည်ထောင်စု အပါအဝင် နိုင်ငံတကာက ကန့်ကွက် ရှုတ်ချလိုက်ပါတယ်။

“ မိန်းကလေးတွေကို တက္ကသိုလ်တက်ခွင့် ပိတ်ပင်တဲ့ တာလီဘန်တွေရဲ့တရားမျှတမှု မရှိတဲ့ ဆုံးဖြတ်ချက်အပေါ် အမေရိကန်ပြည်ထောင်စုက အပြင်းထန်ဆုံး ရှုတ်ချပါတယ်။ အရင်ကလည်း မိန်းကလေးတွေကို အထက်တန်းပညာသင်ခွင့် ပိတ်ပင်ခဲ့ပြီး အခုလည်း မိန်းကလေးနဲ့အမျိုးသမီးတွေရဲ့ လူ့အခွင့်အရေးနဲ့ အခြေခံအခွင့်အရေးတွေကို ဆက်လက် ပိတ်ပင်တားမြစ်လိုက်တာ ဖြစ်တယ်”လို့ အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Ned Price ကပြောပါတယ်။

အမျိုးသမီးနဲ့ မိန်းကလေးတွေရဲ့ အခြေခံ လူ့အခွင့်အရေးနဲ့ လွတ်လပ်ခွင့်တွေကို မလေးစားသရွေ့ တာလီဘန်တွေကို နိုင်ငံတကာအသိုင်းအဝိုင်းက လက်ခံမှာ မဟုတ်ဘူးလို့ ကုလသမဂ္ဂဆိုင်ရာ အမေရိကန် ဒုတိယသံအမတ်ကြီး Robert Wood ကလည်း ကြေငြာချက် ထုတ်ပြန် ပြောဆိုပါတယ်။

နိုင်ငံတကာလူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ဖြစ်တဲ့ HRW ကလည်း၊ တာလီဘန်တွေရဲ့ ဆုံးဖြတ်ချက်ဟာ အလွန်ရှက်စရာကောင်းတဲ့ ဆုံးဖြတ်ချက်ဖြစ်ပြီး၊ အာဖဂန်က မိန်းကလေးနဲ့ အမျိုးသမီးတွေရဲ့ပညာသင်ကြားခွင့်ဆိုတဲ့ အခြေခံအခွင့်အရေးကို ချိုးဖေါက်တာဖြစ်တယ်လို့ပြောဆိုပါတယ်။

တိုက်ရိုက် လင့်ခ်

===============

{{ UNICODE }}







XS
SM
MD
LG