သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဖဂန် မိန်းကလေးငယ်တွေ ကျောင်းတက်ခွင့်ပေးဖို့ တာလီဘန်တွေကို ကုလတောင်းဆို


(Zawgyi / Unicode)

အာဖဂန်နစ္စတန် နိုင်ငံမှာ ဆယ်ကျော်သက်ရွယ် မိန်းကလေးတွေကို ကျောင်းပြန်တက်ခွင့်ပေးဖို့ တာလီဘန်တွေကို ကုလသမဂ္ဂက တနင်္ဂနွေနေ့တုန်းက ထပ်မံ တိုက်တွန်းလိုက်ပါတယ်။

မိန်းကလေးတွေကို ကျောင်းတက်ခွင့် ပိတ်ပင်တာ နှစ်ပတ်လည်ရှိပြီဖြစ်တဲ့ အချိန်မှာ ကုလသမဂ္ဂက အခုလိုထပ်မံ တောင်းဆိုလိုက်တာပါ၊ ရှက်စရာ၊ ဝမ်းနည်းစရာကိစ္စဖြစ်ပြီး လုံးဝမလုပ်သင့်တဲ့ ကိစ္စဖြစ်တယ်လို့ ပြောဆိုပါတယ်။

ပြီးခဲ့တဲ့နှစ် စက်တင်ဘာလ ၁၈ ရက်နေ့က ကျောင်းတွေပြန်ဖွင့်ပြီး ယောက်ျားလေးတွေကို တက်ခွင့်ပေးခဲ့ပေမယ့် မိန်းကလေးတွေကို ၇ တန်းကနေ ၁၂ အထိကို တက်ခွင့်မပေးပါဘူး။ ဒါဟာ အသက် ၁၂ နှစ်ကနေ ၁၈ နှစ်အရွယ်မိန်း ကလေးတွေကို ထိခိုက်နစ်နာစေပါတယ်။

အခုလို မိန်းကလေးတွေ ကျောင်တက်ခွင့် မပေးတာဟာ ကမ ္ဘာ ပေါ်မှာ ဘယ်နေရာမှာမှ မရှိသလို၊ လက်ခံနိုင်လောက်တဲ့ ကြောင်းကျိုး ဆီလျော်မှုလည်း မရှိပါဘူးလို့ အာဖရိကန်မှာရှိတဲ့ ကုလသမဂ္ဂ ကူညီထောက်ပံရေးအဖွဲ့တာဝန်ရှိသူ Markus Potzel က ကြေညာချက်ထဲမှာ ပြောဆိုထားပါတယ်။ ဒီလုပ်ရပ်ကြောင့် မိန်းကလေး မျိုးဆက်တခုကို ထိခိုက်မှာ ဖြစ်ပြီး အာဖဂန်ရဲ့ အနာဂတ်ကိုလည်း ထိခိုက်စေမှာ ဖြစ်တယ်လို့ သူက ပြောဆိုပါတယ်။

မိန်းကလေးတွေ ကျောင်းတက်ခွင့်နဲ့ ပတ်သက်ပြီး ရှာရီရာ ဥပဒေ ဒါမှမဟုတ် အစ္စလာမ္မစ် ဥပဒေတွေနဲ့ အညီ ဖြေရှင်း သွားမယ်လို့ တာလီဘန်ပြောရေးဆိုခွင့်ရှိသူ Zabihullah Mujahid က VOA ကိုပြောဆိုခဲ့ပါတယ်။

တာလီဘန်တွေက အခြား အမျိုးသမီးတွေကိုလည်း အများပြည်သူဆိုင်ရာ နေရာတွေမှာ ခေါင်းမြီးခြုံဝတ်ဆင်ဖို့ အမိန့်ထုတ် ထားပြီး အချို့အလုပ်တွေမှာ လုပ်ကိုင်ခွင့် ပိတ်ပင်ထားပါတယ်။ ဒီလိုလုပ်ဆောင်မှုဟာ အစ္စလာမ္မစ် ဥပဒေတွေ၊ အာဖဂန် ယဉ်ကျေးမှုတွေနဲ့ ကိုက်ညီတယ်လို့ တာလီဘန်တွေက ပြောဆိုပါတယ်။

တိုက်ရိုက် လင့်ခ်

(Unicode)







XS
SM
MD
LG