သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

အာဖဂန္အမ်ဳိးသမီးေရးရာ အေမရိကန္ အထူးသံ ခန္႔အပ္ 


RINA AMIRI

=== [ Zawgyi ] ===

အာဖဂန္အမ်ဳိးသမီးေရးရာ အေမရိကန္ အထူးသံ ခန္႔အပ္

အာဖဂန္ အမ်ဳိးသမီးမ်ား ၊ မိန္းကေလးမ်ားနဲ႔ လူ႔အခြင့္အေရးဆိုင္ရာ အေမရိကန္ရဲ႕ အထူးသံ ကိုယ္စားလွယ္အျဖစ္ Rina Amiri ကို ခန္႔အပ္လိုက္ေၾကာင္း ႏိုင္ငံျခားေရးဝန္ႀကီး Antony Blinken က ဗုဒၶဟူးေန႔မွာ ေၾကညာပါတယ္။

ၾသဂုတ္လမွာ အေမရိကန္တပ္ေတြ ဆုတ္ခြါခဲ့ၿပီးေနာက္ ၊ တာလီဘန္ အုပ္ခ်ဳပ္ေရး လက္ေအာက္မွာ ျပင္းထန္တဲ့ ဖိႏွိပ္မႈေတြကို အာဖဂန္အမ်ဳိးသမီးေတြ ရင္ဆိုင္ေနရခ်ိန္မွာ အခုလို ခန္႔အပ္လိုက္တာ ျဖစ္ပါတယ္။

အာဖဂန္ အမ်ဳိးသမီးေတြဟာ အမ်ဳိးသား-အေဖၚမပါပဲ ခရီးေဝး မသြားရဘူးလို႔ ဒီအပတ္ အေစာပိုင္းမွာပဲ တာလီဘန္တို႔က ေၾကညာခဲ့တာပါ။ အမ်ဳိးသမီးေတြဟာ ပညာေရးနဲ႔ အလုပ္အကိုင္ ကိစၥေတြမွာလည္း တင္းၾကပ္တဲ့ ခ်ဳပ္ျခယ္မႈကို ခံေနရတာ ျဖစ္ပါတယ္။

ဝန္ႀကီး Blinken ကေတာ့ ၿငိမ္းခ်မ္း-တည္ၿငိမ္-လုံျခဳံတဲ့ အာဖဂန္ႏိ္ုင္ငံမွာ အာဖဂန္လူမ်ဳိးတိုင္း ႏိုင္ငံေရး၊ စီးပြားေရး လူမႈေရးအရ ပါဝင္ႏိုင္ခြင့္ရွိဖို႔ လိုလားတယ္လို႔ ေၾကညာခ်က္တေစာင္မွာ ေဖၚျပထားပါတယ္။

အထူးသံအျဖစ္ ခန္႔အပ္ခံရတဲ့ Amiri ဟာ အာဖဂန္ႏိုင္ငံဖြား ပညာရွင္တဦးျဖစ္ၿပီး ၊ ယခင္ သမၼတ Obama လက္ထက္ ႏိုင္ငံျခားေရးဌာနမွာ တာဝန္ ထမ္းေဆာင္ခဲ့သူ ျဖစ္ပါတယ္။ အာဖဂန္အေရးနဲ႔ ပတ္သက္ၿပီး အစိုးရေတြနဲ႔ ကုလသမဂၢကို ဆယ္စုႏွစ္နဲ႔ခ်ီၿပီး အၾကံေပးခဲ့သူ တဦးလည္း ျဖစ္ပါတယ္။

သမၼတ ဘိုင္ဒန္အစိုးရဟာ အာဖဂန္အမ်ဳိးသမီးေရး တက္ႂကြလႈပ္ရွားသူေတြကို အကာအကြယ္ေပးဖို႔ ပ်က္ကြက္တယ္ ဆိုၿပီး အမ်ဳိးသမီးအခြင့္အေရးအဖြဲ႔ေတြရဲ႕ ျပင္းထန္တဲ့ ေဝဖန္မႈနဲ႔ ရင္ဆိုင္ခဲ့ရတာျဖစ္ၿပီး ၊ Rina Amiri ဟာ အဲဒီလို ေဝဖန္ၾကသူေတြထဲမွာ တဦး အပါအဝင္ ျဖစ္တယ္လို႔ Reuters သတင္းမွာ ေဖၚျပထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

=== { Unicode } ===

အာဖဂန်အမျိုးသမီးရေးရာ အမေရိကန် အထူးသံ ခန့်အပ်

အာဖဂန် အမျိုးသမီးများ ၊ မိန်းကလေးများနဲ့ လူ့အခွင့်အရေးဆိုင်ရာ အမေရိကန်ရဲ့ အထူးသံ ကိုယ်စားလှယ်အဖြစ် Rina Amiri ကို ခန့်အပ်လိုက်ကြောင်း နိုင်ငံခြားရေးဝန်ကြီး Antony Blinken က ဗုဒ္ဓဟူးနေ့မှာ ကြေညာပါတယ်။

သြဂုတ်လမှာ အမေရိကန်တပ်တွေ ဆုတ်ခွါခဲ့ပြီးနောက် ၊ တာလီဘန် အုပ်ချုပ်ရေး လက်အောက်မှာ ပြင်းထန်တဲ့ ဖိနှိပ်မှုတွေကို အာဖဂန်အမျိုးသမီးတွေ ရင်ဆိုင်နေရချိန်မှာ အခုလို ခန့်အပ်လိုက်တာ ဖြစ်ပါတယ်။

အာဖဂန် အမျိုးသမီးတွေဟာ အမျိုးသား-အဖေါ်မပါပဲ ခရီးဝေး မသွားရဘူးလို့ ဒီအပတ် အစောပိုင်းမှာပဲ တာလီဘန်တို့က ကြေညာခဲ့တာပါ။ အမျိုးသမီးတွေဟာ ပညာရေးနဲ့ အလုပ်အကိုင် ကိစ္စတွေမှာလည်း တင်းကြပ်တဲ့ ချုပ်ခြယ်မှုကို ခံနေရတာ ဖြစ်ပါတယ်။

ဝန်ကြီး Blinken ကတော့ ငြိမ်းချမ်း-တည်ငြိမ်-လုံခြုံတဲ့ အာဖဂန်နိုင်ငံမှာ အာဖဂန်လူမျိုးတိုင်း နိုင်ငံရေး၊ စီးပွားရေး လူမှုရေးအရ ပါဝင်နိုင်ခွင့်ရှိဖို့ လိုလားတယ်လို့ ကြေညာချက်တစောင်မှာ ဖေါ်ပြထားပါတယ်။

အထူးသံအဖြစ် ခန့်အပ်ခံရတဲ့ Amiri ဟာ အာဖဂန်နိုင်ငံဖွား ပညာရှင်တဦးဖြစ်ပြီး ၊ ယခင် သမ္မတ Obama လက်ထက် နိုင်ငံခြားရေးဌာနမှာ တာဝန် ထမ်းဆောင်ခဲ့သူ ဖြစ်ပါတယ်။ အာဖဂန်အရေးနဲ့ ပတ်သက်ပြီး အစိုးရတွေနဲ့ ကုလသမဂ္ဂကို ဆယ်စုနှစ်နဲ့ချီပြီး အကြံပေးခဲ့သူ တဦးလည်း ဖြစ်ပါတယ်။

သမ္မတ ဘိုင်ဒန်အစိုးရဟာ အာဖဂန်အမျိုးသမီးရေး တက်ကြွလှုပ်ရှားသူတွေကို အကာအကွယ်ပေးဖို့ ပျက်ကွက်တယ် ဆိုပြီး အမျိုးသမီးအခွင့်အရေးအဖွဲ့တွေရဲ့ ပြင်းထန်တဲ့ ဝေဖန်မှုနဲ့ ရင်ဆိုင်ခဲ့ရတာဖြစ်ပြီး ၊ Rina Amiri ဟာ အဲဒီလို ဝေဖန်ကြသူတွေထဲမှာ တဦး အပါအဝင် ဖြစ်တယ်လို့ Reuters သတင်းမှာ ဖေါ်ပြထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG