သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဖဂန်မိန်းကလေးတွေ စာသင်ခွင့်ရရေး တာလီဘန်ကို အမေရိကန်တိုက်တွန်း


စာသင်ကြားခွင့်ရရေး ကဘူးလ်မြို့တော်မှာ ဆန္ဒပြနေကြတဲ့ အာဖဂန်အမျိုးသမီးများ။ (မတ် ၂၆၊ ၂၀၂၂)
စာသင်ကြားခွင့်ရရေး ကဘူးလ်မြို့တော်မှာ ဆန္ဒပြနေကြတဲ့ အာဖဂန်အမျိုးသမီးများ။ (မတ် ၂၆၊ ၂၀၂၂)

(Zawgyi / Unicode)

အာဖဂန်နစ္စတန်နိုင်ငံမှာ ဆယ်ကျော်သက်ရွယ် မိန်းကလေးငယ်တွေကို ပညာသင်ခွင့်မပေးဖို့ ဆုံးဖြတ်ချက်ကို တာလီဘန်တွေအနေနဲ့ မကြာမီ ပြန်လည်ပြင်ဆင်ဖို့ မျှော်လင့်ကြောင်း အာဖဂန်ဆိုင်ရာ အမေရိကန် အထူးကိုယ်စားလှယ် Thomas West က စနေနေ့မှာ ပြောဆိုလိုက်ပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၂၃ ရက်နေ့က ကျောင်းတွေ ပြန်ဖွင့်ချိန်မှာ မိန်းကလေးတွေကို တက်ခွင့်မပေးဖို့ တာလီဘန်တွေ ဆုံးဖြတ်ခဲ့တဲ့အပေါ် တုံ့ပြန်တဲ့အနေနဲ့ ကာတာနိုင်ငံ ဒိုဟာမြို့မှာ တာလီဘန်တွေနဲ့ သီးသန့်ဆွေးနွေးဖို့ အစီအစဉ်ကို အမေရိကန်ဘက်က ဖျက်သိမ်းခဲ့ပါတယ်။

တာလီဘန်တွေအနေနဲ့ ဒီဆုံးဖြတ်ချက်ကို မကြာမီရက်ပိုင်းအတွင်း ပြန်လည် ပြင်ဆင်လိမ့်မယ်လို့ သူ့အနေနဲ့ မျှော်လင့်ကြောင်း အာဖဂန်ဆိုင်ရာ အထူးကိုယ်စားလှယ် Thomas West က ဒိုဟာညီလာခံမှာ ပြောဆိုခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့ ကျောင်းတွေပြန်ဖွင့်ရာမှာ ကျောင်းဝတ်စုံဝတ်ဆင်တာ အပါအဝင် အစ္စလာမ်ဥပဒေနဲ့အညီ စီစဉ်စရာတွေ ရှိနေသေးတယ်ဆိုပြီး ၆ တန်းကနေအထက် ကျောင်းသူတွေကို ကျောင်းတက်ခွင့်ပေးမယ့် အစီအစဉ်ကို ရုတ်တရက် ဖျက်လိုက်တာပါ။

စနေနေ့မှာပဲ အာဖဂန်မြို့တော် ကဘူးလ်မှာ ကျောင်းတက်ခွင့်မရတဲ့ ကျောင်းသူတွေ၊ မိဘတွေ၊ ဆရာမတွေနဲ့ လူ့အခွင့်အရေး လှုပ်ရှားသူတွေ ဒါဇင်နဲ့ချီပြီး တာလီဘန် ပညာရေးဝန်ကြီးဌာနရှေ့မှာ ဆန္ဒပြခဲ့ကြပါတယ်။

ဆန္ဒပြသူတွေ၊ မိန်းကလေးတွေကတော့ စာအုပ်တွေကိုင်ဆောင် ချီတက်ခဲ့ကြသလို ပညာရေးဟာ အခြေခံအခွင့်အရေး ဖြစ်တယ်ဆိုတဲ့ ဆိုင်းဘုတ်တွေကိုလည်း ကိုင်ဆောင်ခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

-----------------------------

(Unicode)








XS
SM
MD
LG