ကမ္ဘာကျော်ဂန္တဝင်ဘောလုံးသမားကြီး ပီလီဟာ ဒီကနေ့ ၂၀၂၂ ဒီဇင်ဘာ ၂၉၊ ကြာသပတေးနေ့မှာ ကွယ်လွန်သွားပြီဖြစ်ပါတယ်။ ကွယ်လွန်ချိန်မှာ အသက် ၈၂ အရွယ်ရှိတဲ့ ဘရာဇီးအကျော်အမော်ဟာ ဆင်းရဲတဲ့ဘဝကနေစခဲ့ရပြီး သမိုင်းမှာ လူသိအများဆုံးအားကစားသမားတဦးအဖြစ် ထွန်းတောက်ခဲ့တာဖြစ်ပါတယ်။ ကမ္ဘာ့ဖလားကို ၃ ကြိမ်ရဖူးထားတဲ့ တဦးတည်းသောဘောလုံးကစားသမားလည်းဖြစ်ပါတယ်။
ပီလီအမှတ်တရ ဓါတ်ပုံမှတ်တမ်း

၅
၁၉၈၇ခုနှစ် အီတလီက ဆုပေးပွဲတခုမှာ အတူတွေ့ရတဲ့ ပီလီနဲ့ အာဂျင်တီးနားဂန္တဝင်တိုက်စစ်မှူး မာရာဒိုနာ။

၆
အီတလီနိုင်ငံ မီလန်မြို့မှာ အသက် (၅၀)ပြည့်မွေးနေ့အတွက် ချစ်ကြည်ရေးပွဲကစားခဲ့တဲ့ ပီလီ (အောက်တိုဘာ ၃၁၊ ၁၉၉၀)

၇
၂၀၀၆ခုနှစ် ဂျာမနီမှာကျင်းပခဲ့တဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားမှာ ကမ္ဘာ့ဖလားဆုကိုကိုင်မြှောက်နေတဲ့ ပီလီ (ဇွန် ၉ ၊ ၂၀၀၆)

၈
ယခင်ကမ္ဘာ့ဖလားဆု(ပုံစံ)အဟောင်းရဲ့ ပုံတူတစ်ခုကို ပီလီကိုင်ထားစဉ် (ဇွန်လ ၁၊ ၂၀၁၆)