သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာပြည်တွင်း အိုးအိမ်စွန့်ခွါ ထွက်ပြေးရသူ ၁ သန်းခွဲကျော်ရှိ (ကုလသမဂ္ဂ)


မြန်မာစစ်ဘေးဒုက္ခသည်များ - IDPs။ ဓါတ်ပုံ - မိုင်ညီဝင်းမောင်
မြန်မာစစ်ဘေးဒုက္ခသည်များ - IDPs။ ဓါတ်ပုံ - မိုင်ညီဝင်းမောင်

[[ ZAWGYI ]]

မြန်မာပြည်တွင်း အိုးအိမ်စွန့်ခွါ ထွက်ပြေးရသူ ၁ သန်းခွဲကျော်ရှိ (ကုလသမဂ္ဂ)

မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ် စစ်တပ်က အာဏာသိမ်းပြီးနောက် အကြမ်းဖက်တိုက်ခိုက်မှုတွေနဲ့ လုံခြုံမှုကင်းမဲ့တာတွေကြေ ာင့် အိုးအိမ်စွန့်ခွါထွက်ပြေးရသူ ၁ ဒဿမ ၅ သန်း လောက်ရှိပြီး၊ လာမယ့် ၂၀၂၃ ခုနှစ်အတွင်း လူပေါင်း ၄ သန်းခွဲလော က်အတွက် အရေးပေါ် အသက်ကယ်ဆယ်ရေးအကူအညီတွေ လိုအပ်လိမ့်မယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းဆောင်ရွက်ရေးရုံး UNOCHA က သောကြာနေ့မှာ ထုတ်ပြန်ပြောဆိုထားပါတယ်။

မြေမြှုပ်မိုင်းတွေ၊ သွားလာခွင့် ပိတ်ပင်တားဆီးတာတွေ၊ လူသားခြင်းစာမှု လုပ်ကိုင်ဆောင်ရွက်တဲ့ ဝန်ထမ်းတွေကို ခြိမ်းခြောက်တာတွေကြောင့် လူသားချင်းစာနာမှု လုပ်ငန်းတွေကို အဟန့်အတားအနှောက်အယှက်တွေ ဖြစ်ခဲ့ရတယ်လို့ ပြောဆိုထားပါတယ်။

ဒါ့အပြင် အစိုးရမဟုတ်တဲ့ NGO အဖွဲ့အစည်းတွေနဲ့ပတ်သက်ပြီး တင်ကြပ်မှုတွေ ထပ်မံပြုလုပ်တဲ့တွက် အထောက်အကူ ပေးရေးလုပ်ငန်းတွေကို ပိုမိုခက်ခဲသွားစေတယ်လို့ OCHA ကကြေငြာချက်မှာဖေါ်ပြထားပါတယ်။

လွန်ခဲ့တဲ့ စက်တင်ဘာလအထိ အရေးအပေါ် အသက်ကယ်ဆယ်ရေး အကူအညီလိုအပ်နေတဲ့ လူပေါင်း ၄ သန်းလောက်ရှိပြီး၊ သူတို့အတွက် အကူအညီတွေကို ဆက်လက်လုပ်ဆောင်ဖို့ လိုအပ်တယ်လို့ပြောဆိုထားပါတယ်။

၂၀၂၂ ခုနှစ်အတွင်း လူသားချင်းစာနာမှု တုန့်ပြန်ဆောင်ရွက်ရေးအစီအစဉ် HRP အတွက် ရံပုံငွေ ၈၂၆ သန်း လိုအပ်တဲ့အထဲက ဒေါ်လာသန်း ၂၉၀ ပဲ ရရှိခဲ့တဲ့အတွက် ဒေါ်လာ ၅၃၆ သန်းလောက် လျော့နည်းနေခဲ့ပါတယ်။ ဒါကြောင့် လာမယ့် ၂၀၂၃ ခုနှစ်အ တွင်း အရေးပေါ် အသက်ကယ်ဆယ်ရေး အကူညီလို အပ်နေတဲ့ လူပေါင်း ၄ ဒဿမ ၅ သန်းလောက် အတွက် ရံပုံငွေရရှိရေးနဲ့ ဒုက္ခသည်တွေထံ အရောက် သွားနိုင်ရေးဟာ အရေးအကြီးဆုံးလိုအပ်ချက်တွေဖြစ်တယ်လို့ UNOCHA ကပြောဆိုထားပါတယ်။

တိုက်ရိုက် လင့်ခ်

{{ UNICODE }}







XS
SM
MD
LG