သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း



စစ်တပ်အာဏာသိမ်းထားတဲ့ မြန်မာနိုင်ငံမှာ ၂၀၂၂ ခုနှစ် အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုတွေ တနှစ်တာ ဖြတ်သန်းမှုတွေ ကနေ ဘယ်လို သင်ခန်းစာတွေ ယူပြီး နှစ်သစ်အတွက် ဘာတွေ ပိုမို တိုးတက် ကောင်းမွန်အောင် ဆောင်ရွက်နိုင်မလဲဆိုတာကို နှစ်ချုပ် အထူး အစီအစဉ် ဒုတိယပိုင်းအဖြစ် မခင်ဖြူထွေးက အမျိုးသမီးကဏ္ဍမှာ တင်ဆက်ထားပါတယ်။

[Unicode/Zawgyi]

အာဏာရှင်ဆန့်ကျင်ရေးနဲ့ အမျိုးသမီးလှုပ်ရှားမှု (နှစ်ချုပ်သုံးသပ်ချက် ၂)

စစ်တပ်အာဏာသိမ်းထားတဲ့ မြန်မာနိုင်ငံမှာ ဒီနှစ် ၂၀၂၂ ခုနှစ် တနှစ်တာ ကာလအတွင်း အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုတွေရဲ့ တိုးတက်မှု၊ ဆုတ်ယုတ်မှု အခြေအနေ၊ တနှစ်တာ ဖြတ်သန်းမှု အတွေ့အကြုံတွေနဲ့ ပတ်သက်လို့ ကိုယ်တိုင် ပါဝင်နေတဲ့ အမျိုးသမီးတွေရဲ့ အမြင်တချို့ကို ပြီးခဲ့တဲ့သီတင်းပတ်က နှစ်ချုပ် အထူး အစီအစဉ်အဖြစ် တင်ပြခဲ့ပါတယ်။ ဒီသီတင်းပတ်မှာလည်း ဒီလို တနှစ်တာ ဖြတ်သန်းမှုတွေ ကနေ ဘယ်လို သင်ခန်းစာတွေ ယူပြီး နှစ်သစ်အတွက် ဘာတွေ ပိုမို တိုးတက် ကောင်းမွန်အောင် ဆောင်ရွက်နိုင်မလဲ ဆိုတာကို လူ့ဘောင်သစ် ဒီမိုကရက်တစ် ပါတီ တွဲဖက် အထွေထွေ အတွင်းရေးမှူး မနှင်းနှင်းမွေး၊ ဒီမိုကရေစီ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းဆောင်ရွက်မှုအဖွဲ့ ACDD ရဲ့ စည်းရုံး လှုံ့ဆော်ရေးမှူး မသဉ္ဇာရွှန်းလဲ့ရည်၊ CDM လှုပ်ရှားမှုမှာပါဝင်သူ တရားသူကြီး တဦးဖြစ်တဲ့ မသဉ္ဇာမြ တို့ကို ဆက်သွယ် မေးမြန်းပြီး နှစ်ချုပ် အထူး အစီအစဉ် ဒုတိယပိုင်းအဖြစ် မခင်ဖြူထွေးက ဒီသီတင်းပတ် အမျိုးသမီးကဏ္ဍမှာ တင်ဆက်ထားပါတယ်။

====================



XS
SM
MD
LG