သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

စစ္ကိုင္းတိုင္းမွာ စစ္ဒဏ္သင့္ ကေလးေတြအတြက္ စာသင္ေက်ာင္းေတြ ဖြင့္ဖို႔ျပင္ဆင္


စစ္ကိုင္းတိုင္းအတငြ္း ေလၾေကာင္းတိုက္ခိုက္မႈအၿပီး ေတ႔ြရသည့္ မူလတန္း စာသင္ခန္းတခု။ (မွတ္တမ္းပုံေဟာင္း - ၂၀၂၂)

[[ ZAWGYI ]]

စစ္ကိုင္းတိုင္းမွာ စစ္ဒဏ္သင့္ ကေလးေတြအတြက္ စာသင္ေက်ာင္းေတြ ဖြင့္ဖို႔ျပင္ဆင္

စစ္ကိုင္းတိုင္းထဲက စစ္ေဘးသင့္ ကေလးငယ္ေတြ ပညာသင္ၾကားႏိုင္ေရးအတြက္ အေျခခံပညာသင္ေက်ာင္း ၆ ေက်ာင္းကို ဒီလထဲမွာ ဖြင့္လွစ္သြားေတာ့မယ္လို႔ ကူညီေဆာင္႐ြက္ေနသူေတြက ေျပာပါတယ္။ ကေလးငယ္ေတြရဲ႕ ပညာသင္ယူႏိုင္ေရးနဲ႔ သင္ၾကားေပးမယ့္ ဆရာ၊ ဆရာမေတြအတြက္ အကူအညီေတြလည္း လိုအပ္ေနပါတယ္။ ဒီအေၾကာင္း သတင္းေပးပို႔ခ်က္ကို ကိုဉာဏ္ဝင္းေအာင္က ေျပာျပမွာပါ။


စစ္အာဏာသိမ္းၿပီးေနာက္ပိုင္း ျဖစ္ေပၚလာတဲ့ လက္နက္ကိုင္ ပဋိပကၡေတြေၾကာင့္ ေနရပ္စြန႔္ခြာ ထြက္ေျပးရသူေတြ၊ ေနစရာ အိမ္မရွိေတာ့လို႔ ႀကဳံရာမွာ ေနရသူေတြထဲ စစ္ကိုင္းတိုင္းထဲက ေက်း႐ြာေတြမွာလည္း ေဒသခံအေတာ္မ်ားမ်ားဟာ ဒီအေျခအေနကို ႀကဳံေတြ႕ေနရတာပါ။ အဲဒီထဲမွာ ေက်ာင္းေနအ႐ြယ္ ကေလးငယ္ေတြ ပညာမသင္ၾကားႏိုင္ခဲ့တာလည္း အခ်ိန္ေတာ္ေတာ္ၾကာခဲ့ပါတယ္။

စစ္ကိုင္းတိုင္းထဲက စစ္ေဘးသင့္ ကေလးငယ္ေတြထဲက ေက်ာင္းသား၊ ေက်ာင္းသူေပါင္း ၁,၁၀၀ ကို အခုလ ဇန္နဝါရီထဲမွာ ပညာသင္ေပးႏိုင္ဖို႔ အေျခခံပညာသင္ေက်ာင္း ၆ ေက်ာင္း ဖြင့္လွစ္သြားဖို႔ စီစဥ္ေနတယ္လို႔ ကူညီေဆာင္႐ြက္ေပးေနတဲ့ S&C မီးေဘး၊ စစ္ေဘး၊ ပညာေရး ကူညီေစာင့္ေရွာက္ေရးအဖြဲ႕ တာဝန္ခံ ကိုစိုးမိုးေအာင္က ေျပာပါတယ္။

"အခု က်ေနာ္တို႔ အစီအစဥ္ဆြဲထားတာ ေက်ာင္းသားဦးေရ ၁,၁၀၀ ကို တေယာက္ကို ၂ ေသာင္းခြဲႏႈန္း က်မွာေပါ့ေနာ္။ ေက်ာင္းသုံးပစၥည္းေတြ အတြက္ေရာေပါ့။ ေနာက္ၿပီးေတာ့ ဆရာမတေယာက္ကို က်ေနာ္တို႔က ၅ ေသာင္းႏႈန္း သတ္မွတ္ထားတာေပါ့။ သူတို႔ကို ကူညီေစခ်င္တာေပါ့ေနာ္။ ကူလည္း ကူညီၾကပါတယ္။ တခ်ိဳ႕ေတြက်ေတာ့ အဆင္မေျပလို႔ မကူႏိုင္တာကိုေတာ့ က်ေနာ္တို႔က ဘာမွေျပာလို႔ မရဘူးေလ။ တကယ္ႏိုင္တဲ့သူေတြဆို မကူရေသးရင္ေတာ့ ကူညီဖို႔ တိုက္တြန္းခ်င္တယ္ဗ်။ အလႉရွင္ေတြ ဒီလိုလႉႏိုင္မွသာ က်ေနာ္တို႔ကလည္း ဒီဘက္ကေနၿပီးေတာ့ ေဖာ္ေဆာင္ေပးလို႔ ရမွာဗ်။"

ေက်ာင္းသား၊ ေက်ာင္းသူေတြအတြက္ လိုအပ္တဲ့ သင္ေထာက္ကူပစၥည္းစရိတ္က တႏွစ္စာအတြက္ တဦးကို ၂ ေသာင္းခြဲႏႈန္း ကုန္က်မွာျဖစ္ၿပီး၊ ဆရာ၊ ဆရာမေတြရဲ႕ လစဥ္အသုံးစရိတ္က ၁ လကို ၅ ေသာင္းက်မွာျဖစ္လို႔ ဒီကုန္က်စရိတ္ေတြအတြက္ ကူညီေပးမယ့္ အလႉရွင္ေတြလည္း လိုအပ္ေနတယ္လို႔ ေျပာပါတယ္။ စစ္ကိုင္းတိုင္းမွာ ျမန္မာစစ္တပ္နဲ႔ ေဒသခံကာကြယ္ေရး အဖြဲ႕ေတြၾကားက လက္နက္ကိုင္တိုက္ပြဲေတြေၾကာင့္ ႐ြာလုံးကြၽတ္နီးပါး ေနရပ္စြန႔္ ထြက္ေျပးေနရသူေတြလည္း တစထက္တစ ပိုမ်ားလာေနပါတယ္။ ဒီလိုအေျခအေနေတြၾကားမွာ ကေလးငယ္ေတြ ပညာသင္ၾကားႏိုင္ဖို႔ နယ္ေျမလုံၿခဳံေရးကို အဓိကဦးစားေပး စီစဥ္ထားတယ္လို႔ ကိုစိုးမိုးေအာင္က ေျပာပါတယ္။

"အခု ေျမျပင္မွာေတာ့ က်ေနာ္တို႔ ၃ ေက်ာင္းေလာက္ေတာ့ ဖြင့္ႏိုင္ၿပီဗ်။ စစ္ကိုင္းတိုင္းကေတာ့ ဘယ္ေနရာမွေတာ့ မလုံၿခဳံဘူးေပါ့ဗ်ာ။ ဒါေပမဲ့ တကယ္စာသင္ခ်င္တဲ့ ကေလးေတြ၊ တကယ္လိုအပ္ေနတဲ့ ေနရာမ်ိဳးကို ဂ႐ုစိုက္ၿပီး က်ေနာ္တို႔ ေလ့လာၿပီးမွ သူ႔အနယ္လိုက္ေတြ လုပ္သြားတာဗ်။ အဲလိုမွလည္း တကယ္လိုအပ္တဲ့ေနရာကို ေရာက္တာဗ်။ အခုဆိုရင္ က်ေနာ္ကိုယ္တိုင္ ေျမျပင္မွာဆင္းၿပီးေတာ့ ေလ့လာၿပီးေတာ့ ၾကည့္တာေပါ့ေနာ္။ ေျမျပင္မွာ အခက္အခဲကေတာ့ အမ်ားႀကီးရွိတာေပါ့ဗ်ာ။ အဓိကေတာ့ လုံၿခဳံေရးပိုင္းေပါ့ေနာ္။ ေျပာရမယ္ဆိုရင္ဗ်ာ ဒိျပင့္လုံၿခဳံေရးပိုင္း မေျပာနဲ႔၊ ပစၥည္းပို႔ရင္ေတာင္မွ က်ေနာ္တို႔ေတြ ေတာ္ေတာ္ေလးကို အရစ္ခံရတာမ်ိဳးေတြ ရွိတယ္ဗ်။ ေန႔ခ်င္းေပါက္ေရာက္မယ့္ ေနရာမ်ိဳးေတြဆို က်ေနာ္တို႔ ေန႔ခ်င္းေပါက္ မေရာက္ဘူး။ လမ္းမွာ စစ္ေၾကာင္းေတြရွိလို႔ က်ေနာ္တို႔ နားရတာမ်ိဳးေတြရွိတယ္။ ပို႔တဲ့တန္းလန္းႀကီးကို ရပ္ရတာမ်ိဳးေတြ ရွိတယ္ဗ်။"

စစ္ကိုင္းတိုင္းထဲက ၿမိဳ႕နယ္တခုမွာ ႐ြာေပါင္း ၁၅ ႐ြာေလာက္ရွိၿပီး၊ ၿမိဳ႕နယ္ကလည္း အေတာ္မ်ားေတာ့ ေနစရာမရွိတဲ့ စစ္ေဘးေရွာင္သူေတြမွာ ေနထိုင္စားေသာက္ေရးအတြက္ အကူအညီေတြလိုအပ္ေနသလို ကေလးငယ္ေတြ ပညာသင္ၾကားႏိုင္ဖို႔ကလည္း အလွမ္းေဝး ေနတာပါ။ အခုဖြင့္လွစ္မယ့္ စာသင္ေက်ာင္းေတြမွာ စစ္ကိုင္းတိုင္းထဲက စစ္ေဘးသင့္ ကေလးငယ္ေတြဟာ သူတို႔နဲ႔နီးစပ္ရာမွာရွိတဲ့ ေက်ာင္းေတြမွာ တက္ေရာက္ရမွာ ျဖစ္ပါတယ္။ ေက်ာင္းသား၊ ေက်ာင္းသူေတြအတြက္ လိုအပ္တဲ့သင္ေထာက္ကူ ပစၥည္းေတြကို အခမဲ့ေပးေဆာင္မွာျဖစ္ၿပီး ကေလးငယ္ေတြရဲ႕ ပညာေရးအတြက္ ကူညီေပးၾကဖို႔ကိုလည္း ေဆာင္႐ြက္ေပးေနသူေတြက တိုက္တြန္းထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

====================

{{ UNICODE }}

စစ်ကိုင်းတိုင်းမှာ စစ်ဒဏ်သင့် ကလေးတွေအတွက် စာသင်ကျောင်းတွေ ဖွင့်ဖို့ပြင်ဆင်

စစ်ကိုင်းတိုင်းထဲက စစ်ဘေးသင့် ကလေးငယ်တွေ ပညာသင်ကြားနိုင်ရေးအတွက် အခြေခံပညာသင်ကျောင်း ၆ ကျောင်းကို ဒီလထဲမှာ ဖွင့်လှစ်သွားတော့မယ်လို့ ကူညီဆောင်ရွက်နေသူတွေက ပြောပါတယ်။ ကလေးငယ်တွေရဲ့ ပညာသင်ယူနိုင်ရေးနဲ့ သင်ကြားပေးမယ့် ဆရာ၊ ဆရာမတွေအတွက် အကူအညီတွေလည်း လိုအပ်နေပါတယ်။ ဒီအကြောင်း သတင်းပေးပို့ချက်ကို ကိုဉာဏ်ဝင်းအောင်က ပြောပြမှာပါ။


စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဖြစ်ပေါ်လာတဲ့ လက်နက်ကိုင် ပဋိပက္ခတွေကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးရသူတွေ၊ နေစရာ အိမ်မရှိတော့လို့ ကြုံရာမှာ နေရသူတွေထဲ စစ်ကိုင်းတိုင်းထဲက ကျေးရွာတွေမှာလည်း ဒေသခံအတော်များများဟာ ဒီအခြေအနေကို ကြုံတွေ့နေရတာပါ။ အဲဒီထဲမှာ ကျောင်းနေအရွယ် ကလေးငယ်တွေ ပညာမသင်ကြားနိုင်ခဲ့တာလည်း အချိန်တော်တော်ကြာခဲ့ပါတယ်။

စစ်ကိုင်းတိုင်းထဲက စစ်ဘေးသင့် ကလေးငယ်တွေထဲက ကျောင်းသား၊ ကျောင်းသူပေါင်း ၁,၁၀၀ ကို အခုလ ဇန်နဝါရီထဲမှာ ပညာသင်ပေးနိုင်ဖို့ အခြေခံပညာသင်ကျောင်း ၆ ကျောင်း ဖွင့်လှစ်သွားဖို့ စီစဉ်နေတယ်လို့ ကူညီဆောင်ရွက်ပေးနေတဲ့ S&C မီးဘေး၊ စစ်ဘေး၊ ပညာရေး ကူညီစောင့်ရှောက်ရေးအဖွဲ့ တာဝန်ခံ ကိုစိုးမိုးအောင်က ပြောပါတယ်။

"အခု ကျနော်တို့ အစီအစဉ်ဆွဲထားတာ ကျောင်းသားဦးရေ ၁,၁၀၀ ကို တယောက်ကို ၂ သောင်းခွဲနှုန်း ကျမှာပေါ့နော်။ ကျောင်းသုံးပစ္စည်းတွေ အတွက်ရောပေါ့။ နောက်ပြီးတော့ ဆရာမတယောက်ကို ကျနော်တို့က ၅ သောင်းနှုန်း သတ်မှတ်ထားတာပေါ့။ သူတို့ကို ကူညီစေချင်တာပေါ့နော်။ ကူလည်း ကူညီကြပါတယ်။ တချို့တွေကျတော့ အဆင်မပြေလို့ မကူနိုင်တာကိုတော့ ကျနော်တို့က ဘာမှပြောလို့ မရဘူးလေ။ တကယ်နိုင်တဲ့သူတွေဆို မကူရသေးရင်တော့ ကူညီဖို့ တိုက်တွန်းချင်တယ်ဗျ။ အလှူရှင်တွေ ဒီလိုလှူနိုင်မှသာ ကျနော်တို့ကလည်း ဒီဘက်ကနေပြီးတော့ ဖော်ဆောင်ပေးလို့ ရမှာဗျ။"

ကျောင်းသား၊ ကျောင်းသူတွေအတွက် လိုအပ်တဲ့ သင်ထောက်ကူပစ္စည်းစရိတ်က တနှစ်စာအတွက် တဦးကို ၂ သောင်းခွဲနှုန်း ကုန်ကျမှာဖြစ်ပြီး၊ ဆရာ၊ ဆရာမတွေရဲ့ လစဉ်အသုံးစရိတ်က ၁ လကို ၅ သောင်းကျမှာဖြစ်လို့ ဒီကုန်ကျစရိတ်တွေအတွက် ကူညီပေးမယ့် အလှူရှင်တွေလည်း လိုအပ်နေတယ်လို့ ပြောပါတယ်။ စစ်ကိုင်းတိုင်းမှာ မြန်မာစစ်တပ်နဲ့ ဒေသခံကာကွယ်ရေး အဖွဲ့တွေကြားက လက်နက်ကိုင်တိုက်ပွဲတွေကြောင့် ရွာလုံးကျွတ်နီးပါး နေရပ်စွန့် ထွက်ပြေးနေရသူတွေလည်း တစထက်တစ ပိုများလာနေပါတယ်။ ဒီလိုအခြေအနေတွေကြားမှာ ကလေးငယ်တွေ ပညာသင်ကြားနိုင်ဖို့ နယ်မြေလုံခြုံရေးကို အဓိကဦးစားပေး စီစဉ်ထားတယ်လို့ ကိုစိုးမိုးအောင်က ပြောပါတယ်။

"အခု မြေပြင်မှာတော့ ကျနော်တို့ ၃ ကျောင်းလောက်တော့ ဖွင့်နိုင်ပြီဗျ။ စစ်ကိုင်းတိုင်းကတော့ ဘယ်နေရာမှတော့ မလုံခြုံဘူးပေါ့ဗျာ။ ဒါပေမဲ့ တကယ်စာသင်ချင်တဲ့ ကလေးတွေ၊ တကယ်လိုအပ်နေတဲ့ နေရာမျိုးကို ဂရုစိုက်ပြီး ကျနော်တို့ လေ့လာပြီးမှ သူ့အနယ်လိုက်တွေ လုပ်သွားတာဗျ။ အဲလိုမှလည်း တကယ်လိုအပ်တဲ့နေရာကို ရောက်တာဗျ။ အခုဆိုရင် ကျနော်ကိုယ်တိုင် မြေပြင်မှာဆင်းပြီးတော့ လေ့လာပြီးတော့ ကြည့်တာပေါ့နော်။ မြေပြင်မှာ အခက်အခဲကတော့ အများကြီးရှိတာပေါ့ဗျာ။ အဓိကတော့ လုံခြုံရေးပိုင်းပေါ့နော်။ ပြောရမယ်ဆိုရင်ဗျာ ဒိပြင့်လုံခြုံရေးပိုင်း မပြောနဲ့၊ ပစ္စည်းပို့ရင်တောင်မှ ကျနော်တို့တွေ တော်တော်လေးကို အရစ်ခံရတာမျိုးတွေ ရှိတယ်ဗျ။ နေ့ချင်းပေါက်ရောက်မယ့် နေရာမျိုးတွေဆို ကျနော်တို့ နေ့ချင်းပေါက် မရောက်ဘူး။ လမ်းမှာ စစ်ကြောင်းတွေရှိလို့ ကျနော်တို့ နားရတာမျိုးတွေရှိတယ်။ ပို့တဲ့တန်းလန်းကြီးကို ရပ်ရတာမျိုးတွေ ရှိတယ်ဗျ။"

စစ်ကိုင်းတိုင်းထဲက မြို့နယ်တခုမှာ ရွာပေါင်း ၁၅ ရွာလောက်ရှိပြီး၊ မြို့နယ်ကလည်း အတော်များတော့ နေစရာမရှိတဲ့ စစ်ဘေးရှောင်သူတွေမှာ နေထိုင်စားသောက်ရေးအတွက် အကူအညီတွေလိုအပ်နေသလို ကလေးငယ်တွေ ပညာသင်ကြားနိုင်ဖို့ကလည်း အလှမ်းဝေး နေတာပါ။ အခုဖွင့်လှစ်မယ့် စာသင်ကျောင်းတွေမှာ စစ်ကိုင်းတိုင်းထဲက စစ်ဘေးသင့် ကလေးငယ်တွေဟာ သူတို့နဲ့နီးစပ်ရာမှာရှိတဲ့ ကျောင်းတွေမှာ တက်ရောက်ရမှာ ဖြစ်ပါတယ်။ ကျောင်းသား၊ ကျောင်းသူတွေအတွက် လိုအပ်တဲ့သင်ထောက်ကူ ပစ္စည်းတွေကို အခမဲ့ပေးဆောင်မှာဖြစ်ပြီး ကလေးငယ်တွေရဲ့ ပညာရေးအတွက် ကူညီပေးကြဖို့ကိုလည်း ဆောင်ရွက်ပေးနေသူတွေက တိုက်တွန်းထားပါတယ်။

စိတ္၀င္စားဖြယ္ ...

XS
SM
MD
LG