သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြင်သစ်ဝန်ကြီးချုပ်ရုံးကို တက်ကြွလှုပ်ရှားသူတွေ ဆေးဖြန်း


ဥတုရာသီအရေးတက်ကြွလှုပ်ရှားသူ နှစ်ဦးဟာ ဗုဒ္ဓဟူးနေ့က ပြင်သစ်ဝန်ကြီးချုပ်ရုံးရှေ့အဝင်တခါးကို ဆေးနဲ့ ပက်ဖြန်းခဲ့ပါတယ်။ ဒါဟာ Last Renovation (နောက်ဆုံးပြုပြင်ရေး) လို့ခေါ်တဲ့ အဖွဲ့ရဲ့ လှုပ်ရှားမှုဖြစ်ပြီး "ရာသီဥတုဆိုင်ရာပြစ်မှုတွေ" ကျူးလွန်နေတဲ့ နိုင်ငံတွေကို အသိရှိလာစေဖို့ရည်ရွယ်တာဖြစ်ကြောင်း ဆိုပါတယ်။


ဗွီဒီယိုမှာတော့ အခုလိုဆေးဖြန်းနေတဲ့ တက်ကြွလှုပ်ရှားသူ နှစ်ဦးကို ရဲက ဖမ်းဆီးနေတာတွေ့ရပြီး သူတို့ရဲ့ ကိုယ်ပေါ်မှာတော့ "ဘယ်သူ့မှာ အပြစ်ရှိသလဲ" ဆိုတဲ့ စာတန်းပါ တီရှပ်အင်္ကျီကိုဝတ်ဆင်ထားတာတွေ့ရပါတယ်။

XS
SM
MD
LG