သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နှင်းရှင်းရင်း ဒဏ်ရာရခဲ့တဲ့ မင်းသားအခြေအနေတည်ငြိမ်


နှင်းရှင်းရင်း ဒဏ်ရာရခဲ့တဲ့ မင်းသားအခြေအနေတည်ငြိမ်
please wait

No media source currently available

0:00 0:00:25 0:00

နှစ်ကူးနေ့က နှင်းရှင်းတဲ့ကားနဲ့ မတော်တဆတိုက်မိပြီး ဒဏ်ရာအကြီးအကျယ်ရသွားတဲ့ အမေရိကန်သရုပ်ဆောင် ဂျယ်ရမီရမ်နာဟာ ဇန်နဝါရီ ၅ရက်နေ့မှာတော့ ဆေးရုံပေါ်က သူ့ရဲ့အခြေအနေကို ရိုက်ပြထားတဲ့ ဗွီဒီယိုဖိုင်တခု သူ့ရဲ့ တွစ်တာလူမှုကွန်ရက်စာမျက်နှာကနေ ဖြန့်ဝေလိုက်ပါတယ်။

သူဟာ ရင်ဘတ်နဲ့ အရိုးတွေမှာ အဓိကဒဏ်ရာရခဲ့တာဖြစ်ပြီး အခုတော့ အခြေအနေတည်ငြိမ်တယ်လို့ သူရဲ့ ပြောခွင့်ရက ဆိုပါတယ်။

၂၀၀၈ ခုနှစ်မှာ အော်စကာအကောင်ဆုံးရုပ်ရှင်ဆု ရခဲ့တဲ့ The Hurt Locker ရုပ်ရှင်မှာ ရမ်နာဟာ အကောင်းဆုံးသရုပ်ဆောင်ဆုအတွက် စကာတင်ရွေးချယ်ခံခဲ့ရပြီး၊ The Town, Arrival, American Hustle, Mission Impossible ရုပ်ရှင် ၂ ကားအပြင် မာဗယ်ကထုတ်တဲ့ စူပါဟီးရိုးဇာတ်ကားတွေနဲ့လည်း လူသိများတဲ့ သရုပ်ဆောင်တဦးဖြစ်ပါတယ်။

XS
SM
MD
LG