သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နယ်သာလန် ယုဝတီခရစ်ယာန်အသင်း Golden Girl Award ဆုရှင် မဧကရီစိုး


အမျိုးသမီးအခွင့်အရေး၊ လူ့အခွင့်အရေးအတွက် ရှေ့တန်းကနေ ရွတ်ရွတ်ချွံချွံ ကြိုးပမ်းနေကြတဲ့ လူငယ်အမျိုးသမီးတွေကို ဂုဏ်ပြုတဲ့ နယ်သာလန်ယုဝတီ ခရစ်ယာန်အသင်းကြီးရဲ့ ၂၀၂၂ ခုနှစ် Golden Girl Award ဆုကို မြန်မာလူငယ်အမျိုးသမီး မဧကရီစိုး ချီးမြှင့်ခံခဲ့ရပါတယ်။ အမျိုးသမီးကဏ္ဍမှာ မခင်ဖြူထွေးက မေးမြန်း တင်ပြထားပါတယ်။

[Unicode/Zawgyi]



================================

နယ်သာလန် ယုဝတီခရစ်ယာန်အသင်း Golden Girl Award ဆုရှင် မဧကရီစိုး (အမျိုးသမီးကဏ္ဍ)

အမျိုးသမီးအခွင့်အရေး၊ လူ့အခွင့်အရေး၊ တရားမျှတမှုနဲ့ တန်းတူအခွင့်အရေးတွေ အတွက် ရှေ့တန်းကနေ ရွတ်ရွတ်ချွံချွံ အားထုတ်ကြိုးပမ်း နေကြတဲ့ လူငယ်အမျိုးသမီးတွေကို ဂုဏ်ပြုတဲ့ နယ်သာလန်နိုင်ငံ ယုဝတီ ခရစ်ယာန်အသင်းကြီးရဲ့ ၂၀၂၂ ခုနှစ်အတွက် Golden Girl Award ဆုကို မြန်မာလူငယ်အမျိုးသမီး မဧကရီစိုး မကြာခင်က ချီးမြှင့်ခံခဲ့ရပါတယ်။ ထိုင်း-မြန်မာနယ်စပ် ထန်ဟင်း (Tham Hin) ဒုက္ခသည်စခန်းမှာ မွေးဖွား ကြီးပြင်းလာခဲ့ပြီး မိသားစုနဲ့အတူ ဒုက္ခသည်အစီအစဉ်နဲ့ နယ်သာလန်နိုင်ငံမှာ အခြေချ နေထိုင်နေတဲ့ မဧကရီစိုးဟာ ဥရောပပါလီမန်မှာ မြန်မာ့အရေး ဆွေးနွေး ပြောဆို စည်းရုံးခွင့် Lobby Pass ရထားတဲ့ လူငယ်အမျိုးသမီး တယောက်လည်း ဖြစ်ပါတယ်။ ဒီလို ပြည်ပရောက် လူငယ်အမျိုးသမီး တယောက်ရဲ့ မြန်မာ့အရေး ကြိုးပမ်းမှုတွေအကြောင်း ဒီသီတင်းပတ် အမျိုးသမီးကဏ္ဍမှာ မခင်ဖြူထွေးက ဆက်သွယ် မေးမြန်း တင်ပြထားပါတယ်။

XS
SM
MD
LG