No media source currently available
ကိုဗစ်ကမ္ဘာ့ကူးစက်ရောဂါ ပျံ့ပွားမှုကြောင့် ၃ နှစ်ရပ်နားထားရတဲ့ တောင်ကိုရီးယား ရေခဲငါးမျှားပွဲတော်ကို ပြန်ကျင်းပတော့ ပါဝင်သူတွေနဲ့ အထူးစည်ကားခဲ့တာပါ။ ရေခဲနေတဲ့ ကန်ထဲကနေ ငါးမျှားနိုင်ဖို့ ဆိုးလ်မြို့တော်နဲ့ ၇၅ မိုင်အကွာက ဝှတ်ထွန်မြို့က ပွဲတော်ကို လူတသိန်းကျော် ရောက်လာခဲ့ကြပါတယ်။