သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ေျမာက္အေမရိကားတိုက္ ထိပ္သီးစည္းေဝးပြဲမွာ လုံၿခဳံေရးနဲ႔ စီးပြားေရးကိစၥ အဓိကထားေဆြးေႏြးမည္


အေမရိကန္သမၼတဘိုင္ဒန္ကို မကၠဆီကိုအမ်ိဳးသားနန္းေတာ္မွာ ႀကိဳဆိုေနတဲ့ မကၠဆီကိုသမၼတ အန္ဒေရမန္ႏ်ဴရယ္လိုပက္ဇ္အိုပရာေဒၚ (ဇန္ဝါရီ ၉၊ ၂၀၂၃)

ကေနဒါ၊ မကၠဆီကိုနဲ႔ အေမရိကန္ျပည္ေထာင္စု ေခါင္းေဆာင္ေတြဟာ မကၠစီကိုစီးတီးၿမိဳ႕ ထိပ္သီးညီလာခံရဲ႕ အဂၤါေန႔ အစည္းအေဝးမွာ ေဒသတြင္း လုံၿခဳံေရးနဲ႔ စီးပြါးေရး ပူးေပါင္းေဆာင္႐ြက္မႈ ကို အဓိကထားေဆြးေႏြးၾကမယ္လို႔ အိမ္ျဖဴေတာ္က ေျပာပါတယ္။ ကေနဒါဝန္ႀကီးခ်ဳပ္ ဂ်ပ္စတင္ ထ႐ူးဒိုး (Justin Trudeau), မကၠဆီကိုသမၼတ အန္ဒေရမန္ႏ်ဴရယ္လိုပက္ဇ္အိုပရာေဒၚ (Andrés Manuel Lopez Obrador) နဲ႔ အေမရိကန္ သမၼတ ဂ်ိဳးဘိုင္ဒန္ (Joe Biden) တို႔ မကၠဆီကိုႏိုင္ငံမွာ ေတြ႕ဆုံေနၾကတာပါ။ ဒီအစည္းအေဝးနဲ႔ ဆက္ႏြယ္ၿပီး အေမရိကန္နဲ႔ ကေနဒါ ထိပ္တန္းတာဝန္ရွိသူေတြဟာ ရာသီဥတု အေျပာင္းအလဲ နဲ႔ ယူကရိန္း ေထာက္ကူေရး ကိစၥေတြကိုလည္း သီးျခား ေဆြးေႏြးၾကမွာ ျဖစ္ပါတယ္။

သမၼတျဖစ္လာၿပီး မကၠဆီကိုႏိုင္ငံကို ပထမဆုံးအႀကိမ္ သြားေရာက္တဲ့ ဒီခရီးစဥ္အတြင္း သမၼတဘိုင္ဒန္အေနနဲ႔ ေျမာက္အေမရိကားတိုက္ရဲ႕ ဘုံရည္မွန္းခ်က္ကိစၥကို အေလးေပး ေဆြးေႏြးသြားမယ္လို႔ အေမရိကန္သမၼတအိမ္ျဖဴေတာ္က ေျပာဆိုထားတာပါ။ သမၼတဘိုင္ဒန္ဟာ မကၠဆီကို ကိုတနဂၤေႏြေန႔ေႏွာင္းပိုင္းက ေရာက္မလာခင္ နယ္စပ္ အေမရိကန္ၿမိဳ႕ျဖစ္တဲ့ အယ္ပါဆို (El Paso) ကိုသြားေရာက္ၿပီး အဲဒီမွာ ေရာက္ေနၾကတဲ့ ေထာင္ေသာင္းခ်ီတဲ့ ေတာင္နဲ႔ လက္တင္အေမရိကားတိုက္က ေ႐ႊ႕ေျပာင္းေနထိုင္သူေတြအေရးကို ကိုယ္တိုင္ ေလ့လာၾကည့္ရႈခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္

===========================================

[Unicode]

မြောက်အမေရိကားတိုက် ထိပ်သီးစည်းဝေးပွဲမှာ လုံခြုံရေးနဲ့ စီးပွားရေးကိစ္စ အဓိကထားဆွေးနွေးမည်

ကနေဒါ၊ မက္ကဆီကိုနဲ့ အမေရိကန်ပြည်ထောင်စု ခေါင်းဆောင်တွေဟာ မက္ကစီကိုစီးတီးမြို့ ထိပ်သီးညီလာခံရဲ့ အင်္ဂါနေ့ အစည်းအဝေးမှာ ဒေသတွင်း လုံခြုံရေးနဲ့ စီးပွါးရေး ပူးပေါင်းဆောင်ရွက်မှု ကို အဓိကထားဆွေးနွေးကြမယ်လို့ အိမ်ဖြူတော်က ပြောပါတယ်။ ကနေဒါဝန်ကြီးချုပ် ဂျပ်စတင် ထရူးဒိုး (Justin Trudeau), မက္ကဆီကိုသမ္မတ အန်ဒရေမန်နျူရယ်လိုပက်ဇ်အိုပရာဒေါ် (Andrés Manuel Lopez Obrador) နဲ့ အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန် (Joe Biden) တို့ မက္ကဆီကိုနိုင်ငံမှာ တွေ့ဆုံနေကြတာပါ။ ဒီအစည်းအဝေးနဲ့ ဆက်နွယ်ပြီး အမေရိကန်နဲ့ ကနေဒါ ထိပ်တန်းတာဝန်ရှိသူတွေဟာ ရာသီဥတု အပြောင်းအလဲ နဲ့ ယူကရိန်း ထောက်ကူရေး ကိစ္စတွေကိုလည်း သီးခြား ဆွေးနွေးကြမှာ ဖြစ်ပါတယ်။

သမ္မတဖြစ်လာပြီး မက္ကဆီကိုနိုင်ငံကို ပထမဆုံးအကြိမ် သွားရောက်တဲ့ ဒီခရီးစဉ်အတွင်း သမ္မတဘိုင်ဒန်အနေနဲ့ မြောက်အမေရိကားတိုက်ရဲ့ ဘုံရည်မှန်းချက်ကိစ္စကို အလေးပေး ဆွေးနွေးသွားမယ်လို့ အမေရိကန်သမ္မတအိမ်ဖြူတော်က ပြောဆိုထားတာပါ။ သမ္မတဘိုင်ဒန်ဟာ မက္ကဆီကို ကိုတနင်္ဂနွေနေ့နှောင်းပိုင်းက ရောက်မလာခင် နယ်စပ် အမေရိကန်မြို့ဖြစ်တဲ့ အယ်ပါဆို (El Paso) ကိုသွားရောက်ပြီး အဲဒီမှာ ရောက်နေကြတဲ့ ထောင်သောင်းချီတဲ့ တောင်နဲ့ လက်တင်အမေရိကားတိုက်က ရွှေ့ပြောင်းနေထိုင်သူတွေအရေးကို ကိုယ်တိုင် လေ့လာကြည့်ရှုခဲ့ပါတယ်။

XS
SM
MD
LG