[[ ZAWGYI ]]
သမၼတဘိုင္ဒန္ ကန္- မက္ဆီကိုနယ္စပ္ သြားေရာက္
Mexico နယ္စပ္ကို ျဖတ္ေက်ာ္ၿပီး အေမရိကန္ျပည္ေထာင္စုအတြင္း အေထာက္အထားမဲ့ တရားမဝင္ ဝင္ေရာက္လာၾကသူ ေထာင္ေပါင္းမ်ားစြာရဲ႕ အေျခအေနကို ကိုယ္တိုင္ၾကည့္ရႈဖို႔အတြက္ အေမရိကန္သမၼတ Joe Biden ဟာ Texas ျပည္နယ္ El Paso ၿမိဳ႕ကို တနဂၤေႏြေန႔က သြားေရာက္ခဲ့ပါတယ္။
က်ဴးဘား ၊ နီကာရာဂြာ ၊ ေဟတီ နဲ႔ ဗင္နီဇြဲလား စတဲ့ႏိုင္ငံေတြက လူေပါင္း ၃ ေသာင္း ကို လစဥ္ အေမရိကန္ျပည္ေထာင္စုအတြင္း ဝင္ေရာက္ခြင့္ျပဳမွာ ျဖစ္သလို သူတို႔ကို ၂ ႏွစ္အထိ အလုပ္လုပ္ခြင့္ ျပဳမွာျဖစ္ေၾကာင္း အေမရိကန္အစိုးရက ေၾကညာခဲ့ၿပီး ရက္ပိုင္းအတြင္းမွာပဲ အခုလို သမၼတ ဂ်ိဳးဘိုင္ဒန္ သြားေရာက္တာ ျဖစ္ပါတယ္။
အခုလို အေမရိကန္ႏိုင္ငံတြင္း လာေရာက္ခြင့္အတြက္ မူရင္းႏိုင္ငံကသာလွ်င္ ေလွ်ာက္ထားရမွာျဖစ္ၿပီး ေနာက္ခံ ကိုယ္ေရးအခ်က္အလက္ စစ္ေဆးမႈ ေအာင္ျမင္ရမွာျဖစ္သလို အေမရိကန္ျပည္ေထာင္စုမွာလည္း ေငြေၾကးအရ တာဝန္ခံ ေပးႏိုင္ရမယ့္သူတဦး လိုအပ္ေၾကာင္းလည္း ပါရွိပါတယ္။
အေမရိကန္ျပည္ေထာင္စု အတြင္းကို တရားမဝင္ ဝင္ေရာက္လာပါက Mexico ႏိုင္ငံဖက္ကို ျပည္ႏွင္ဒဏ္ ေပးမယ္လို႔လည္း သမၼတ က ေျပာပါတယ္။ သူ႔ရဲ႕သမၼတသက္တမ္း ၂ ႏွစ္အတြင္း ပထမဆုံး နယ္စပ္ေဒသခရီးစဥ္ သြားေရာက္တဲ့ သမၼတ ဂ်ိဳးဘိုင္ဒန္ဟာ နယ္စပ္လုံၿခဳံေရး တာဝန္ထမ္းေဆာင္ေနတဲ့ သက္ဆိုင္ရာ အဖြဲ႕အစည္းေတြရဲ႕ လုပ္ငန္းစဥ္ေတြကို ဆန္းစစ္ဖို႔ ရွိေၾကာင္းလည္း သမၼတအိမ္ျဖဴက ေျပာပါတယ္။
အတိုက္အခံ Republican ပါတီကေတာ့ ဘိုင္ဒန္အစိုးရအဖြဲ႕ရဲ႕ နယ္စပ္လုံၿခဳံေရးကိစၥ ကိုင္တြယ္ရာမွာ ေပ်ာ့ေျပာင္း လြန္းတယ္လို႔ ေဝဖန္ေနတာ ျဖစ္ပါတယ္။
{{ UNICODE }}
သမ္မတဘိုင်ဒန် ကန်- မက်ဆီကိုနယ်စပ် သွားရောက်
Mexico နယ်စပ်ကို ဖြတ်ကျော်ပြီး အမေရိကန်ပြည်ထောင်စုအတွင်း အထောက်အထားမဲ့ တရားမဝင် ဝင်ရောက်လာကြသူ ထောင်ပေါင်းများစွာရဲ့ အခြေအနေကို ကိုယ်တိုင်ကြည့်ရှုဖို့အတွက် အမေရိကန်သမ္မတ Joe Biden ဟာ Texas ပြည်နယ် El Paso မြို့ကို တနင်္ဂနွေနေ့က သွားရောက်ခဲ့ပါတယ်။
ကျူးဘား ၊ နီကာရာဂွာ ၊ ဟေတီ နဲ့ ဗင်နီဇွဲလား စတဲ့နိုင်ငံတွေက လူပေါင်း ၃ သောင်း ကို လစဉ် အမေရိကန်ပြည်ထောင်စုအတွင်း ဝင်ရောက်ခွင့်ပြုမှာ ဖြစ်သလို သူတို့ကို ၂ နှစ်အထိ အလုပ်လုပ်ခွင့် ပြုမှာဖြစ်ကြောင်း အမေရိကန်အစိုးရက ကြေညာခဲ့ပြီး ရက်ပိုင်းအတွင်းမှာပဲ အခုလို သမ္မတ ဂျိုးဘိုင်ဒန် သွားရောက်တာ ဖြစ်ပါတယ်။
အခုလို အမေရိကန်နိုင်ငံတွင်း လာရောက်ခွင့်အတွက် မူရင်းနိုင်ငံကသာလျှင် လျှောက်ထားရမှာဖြစ်ပြီး နောက်ခံ ကိုယ်ရေးအချက်အလက် စစ်ဆေးမှု အောင်မြင်ရမှာဖြစ်သလို အမေရိကန်ပြည်ထောင်စုမှာလည်း ငွေကြေးအရ တာဝန်ခံ ပေးနိုင်ရမယ့်သူတဦး လိုအပ်ကြောင်းလည်း ပါရှိပါတယ်။
အမေရိကန်ပြည်ထောင်စု အတွင်းကို တရားမဝင် ဝင်ရောက်လာပါက Mexico နိုင်ငံဖက်ကို ပြည်နှင်ဒဏ် ပေးမယ်လို့လည်း သမ္မတ က ပြောပါတယ်။ သူ့ရဲ့သမ္မတသက်တမ်း ၂ နှစ်အတွင်း ပထမဆုံး နယ်စပ်ဒေသခရီးစဉ် သွားရောက်တဲ့ သမ္မတ ဂျိုးဘိုင်ဒန်ဟာ နယ်စပ်လုံခြုံရေး တာဝန်ထမ်းဆောင်နေတဲ့ သက်ဆိုင်ရာ အဖွဲ့အစည်းတွေရဲ့ လုပ်ငန်းစဉ်တွေကို ဆန်းစစ်ဖို့ ရှိကြောင်းလည်း သမ္မတအိမ်ဖြူက ပြောပါတယ်။
အတိုက်အခံ Republican ပါတီကတော့ ဘိုင်ဒန်အစိုးရအဖွဲ့ရဲ့ နယ်စပ်လုံခြုံရေးကိစ္စ ကိုင်တွယ်ရာမှာ ပျော့ပြောင်း လွန်းတယ်လို့ ဝေဖန်နေတာ ဖြစ်ပါတယ်။