သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်အောက်လွှတ်တော် ဥက္ကဋ္ဌ ရွေးချယ်ရေး ၂ ရက် ဆက်တိုက်အောင်မြင်မှုမရ


(Zawgyi/ Unicode)

အမေရိကန် အောက်လွှတ်တော်မှာ အမတ်ဦးရေ အများစုရခဲ့တဲ့ ရီပတ်ဘလစ်ကင်ပါတီက အောက်လွှတ်တော် ဥက္ကဌအဖြစ် ခန့်အပ်ရမယ့် သူကို အခုထိ ရွေးချယ်လို့ မရသေးပါဘူး။

အင်္ဂါနေ့က သက်တမ်းကုန်ဆုံးသွားပြီဖြစ်တဲ့ အောက်လွှတ်တော်မှာ လူနည်းစုခေါင်းဆောင်အဖြစ် တာဝန်ယူခဲ့တဲ့ ၁၆ နှစ်ကြာ လွှတ်တော်အမတ် တာဝန်ထမ်းဆောင်ခဲ့သူ ကယ်လီဖိုးနီးယားပြည်နယ် အောက်လွှတ်တော်အမတ် Kevin McCarthy ကို ခေါင်းဆောင်တင်မြှောက်ဖို့ ကြိုးပမ်းနေကြပေမဲ့ လိုအပ်တဲ့ ထောက်ခံမှု မရဘဲ ဖြစ်နေတာပါ။ သူ့ကို အောက်လွှတ်တော် ဥက္ကဌအဖြစ် ရွေးချယ်ဖို့ မဲခွဲဆုံးဖြတ်မှုဟာ ကိုယ်စားလှယ် ၄၃၅ နေရာရှိတဲ့ အောက်လွှတ်တော်မှာ ထောက်ခံမဲ ၂၁၈ မဲ ရရှိဖို့ လိုအပ်ပါတယ်။

အင်္ဂါနေ့က မဲ ၃ ကြိမ်ခွဲခဲ့ရာမှာ လိုအပ်တဲ့မဲ မရခဲ့သလို ဗုဒ္ဓဟူးနေ့ နောက်ထပ် ၂ ကြိမ်မဲခွဲရာမှာလည်း ရှုံးခဲ့တာ ဖြစ်ပါတယ်။ အောက်လွှတ်တော်က ကွန်ဆာဗေးတစ် ရှေးရိုးစွဲဝါဒပြင်းထန်သူ တွေက သူဟာ ဒီအယူဝါဒကို ခိုင်ခိုင်မာမာ စွဲကိုင်ထားသူမဟုတ် ဘူးဆိုပြီး ကန့်ကွက်နေကြတာ ဖြစ်ပါတယ်။
အင်္ဂါနေ့က သူလိုအပ်တဲ့ မဲအရေအတွက် ၁၆ မဲ လိုနေသလို စတုတ္ထနဲ့ ပဉ္စမအကြိမ် မဲခွဲခဲ့တဲ့ ဗုဒ္ဓဟူးနေ့မှာလည်း အလားတူမရဘဲ ဖြစ်နေတာပါ။ ဆဌမမြောက် မဲခွဲမှုကို ဆက်ပြုလုပ် မလုပ် ခုထိ မသိရသေးပါဘူး။

အရင်သမ္မတဟောင်းလည်းဖြစ် အခု ၂၀၂၄ မှာ သမ္မတအဖြစ် ဝင်ရောက်ယှဉ်ပြိုင်မယ်လို့ ကြေညာထားတဲ့ Donald Trump က သူ့ကို ထောက်ခံကြောင်း ပြောဆိုထားတာပါ။ လက်ရှိသမ္မတ Joe Biden ကတော့ အခုလို အောက်လွှတ်တော် ဥက္ကဌ ရာထူး မရွေးနိုင်သေးတာ အတွက် နိုင်ငံတကာ အမြင်မှာ ရှက်စရာ ဖြစ်ရကြောင်း ပြောပါတယ်။

ဗုဒ္ဓဟူးနေ့ မဲခွဲရာမှာ McCarthy ကို မနှစ်သက်တဲ့ ရီပတ်ဘလစ်ကင်အမတ် ၂၀ က ဖလော်ရီဒါ အောက်လွှတ်တော်အမတ် Byron Donalds ကို မဲပေးခဲ့ကြတာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

(Unicode)





အငျ်ဂါနေ့က သူလိုအပျတဲ့ မဲအရအေတှကျ ၁၆ မဲ လိုနသေလို စတုတ်ထနဲ့ ပဉ်စမအကွိမျ မဲခှဲခဲ့တဲ့ ဗုဒ်ဓဟူးနေ့မှာလညျး အလားတူမရဘဲ ဖွဈနတောပါ။ ဆဌမမွောကျ မဲခှဲမှုကို ဆကျပွုလုပျ မလုပျ ခုထိ မသိရသေးပါဘူး။



XS
SM
MD
LG