သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘင်္ဂလားဒေ့ရှ်မှာ အစိုးရနုတ်ထွက်ပေးရေး ဆန္ဒပြတောင်းဆို


ဘင်္ဂလားဒေ့ရှ် အမျိုးသားပါတီ BNP က တက်ကြွလှုပ်ရှားသူများ အစိုးရဆန့်ကျင်ရေး ဆန္ဒပြနေစဉ် (ဇန်နဝါရီ ၁၁၊ ၂၀၂၃)
ဘင်္ဂလားဒေ့ရှ် အမျိုးသားပါတီ BNP က တက်ကြွလှုပ်ရှားသူများ အစိုးရဆန့်ကျင်ရေး ဆန္ဒပြနေစဉ် (ဇန်နဝါရီ ၁၁၊ ၂၀၂၃)

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ဝန်ကြီးချုပ် ရှိတ်ဟာစီနာ (Sheikh Hasina) နုတ်ထွက်ပေးဖို့နဲ့ ရွေးကောက်ပွဲ အသစ်ကျင်းပပေးဖို့ ဆန္ဒပြပွဲကြီးဖြစ်ခဲ့ပါတယ်။ အခုလို တောင်းဆိုဆန္ဒပြတဲ့ သိန်းဂဏန်းချီ လူအုပ်ကြီး ဒါကာ (Dhaka) မြို့တော်နဲ့ တခြားမြို့ကြီး ၉ မြို့မှာ ဒီနေ့ စုဝေးခဲ့တာဖြစ်ပြီး ဘင်္ဂလားဒေ့ရှ် အမျိုးသားပါတီ BNP နဲ့ တခြားအတိုက်အခံ ပါတီတွေပူးပေါင်း စီစဉ်ခဲ့တာပါ။
အစားအသောက်နဲ့ စက်သုံးဆီဈေးတွေ ထိုးတက်လာပြီး အများဒေါသထွက်နေချိန် အခုလို ဖြစ်လာတာလို့ သုံးသပ်သူတွေက ဆိုနေပါတယ်။ BNP ပါတီ ခေါင်းဆောင် မာဇာအဘာ့စ် (Mirza Abbas) ကတော့ အာဏာကို အင်အားသုံး ချုပ်ကိုင်ထားတဲ့ အချိန်ပြီးဆုံးသွားပြီလို့ ပါတီဌာနချုပ် အပြင်ဘက်သပိတ်ဆင်နွဲနေရာမှာပြောခဲ့ပြီး ကြားနေကျတဲ့ အစိုးရတရပ်ကတာဝန်ယူကာ ရွေးကောက်ပွဲကျင်းပပေးဖို့လည်း တောင်းဆိုလိုက်ပါတယ်။
ဒါကာမြို့တော်တခုထဲမှာတင် လူတွေသိန်းချီပါဝင်ပြီး တခြားမြို့ကြီးတွေမှာလည်း အလားတူ ညီနောင်ပါတီတွေ ပူးပေါင်းစီစဉ်တဲ့ ဆန္ဒပြပွဲထဲ ပါဝင်ပေးခဲ့ကြတယ်လို့ BNP ပါတီ တာဝန်ရှိသူတွေက ပြောပါတယ်။ အလားတူ အတိုက်အခံဆန္ဒပြပွဲတွေ မကြာခင်လတွေထဲက အများအပြားပေါ်လာခဲ့ပြီး ရဲတွေက နှိမ်နင်းခဲ့ရာမှာ အဘာ့စ်ကိုယ်တိုင်လည်း အရင်အဖမ်းခံခဲ့ရတာကနေ အခု တနင်္လာနေ့ကမှ ထောင်က လွတ်လာတာပါ။
ဒီ BNP ပါတီခေါင်းဆောင် အဘာ့စ်မိန့်ခွန်းပြောကြားတဲ့အချိန်မှာတော့ လူငါးသောင်းလောက်သာ တက်ရောက်ခဲ့မယ်လို့ ရဲတွေက ခန့်မှန်းထားပါတယ်။ အာဏာရ အာဝါမီ (Awami) ပါတီ ဘက်ကလည်း ဝန်ကြီးချုပ်ရှိတ်ဟာစီနာ နုတ်ထွက်ပေးရေး တောင်းဆိုတာကို ကန့်ကွက်တဲ့ တန်ပြန်သပိတ်ကျင်းပခဲ့ပေမယ့် BNP ပါတီနဲ့ နိုင်းယှဉ်ရင်တော့ လူသိပ်မများခဲ့ပါဘူး။

တိုက်ရိုက် လင့်ခ်

[Unicode]

ဘငျ်ဂလားဒေ့ရျှမှာ အစိုးရနုတျထှကျပေးရေး ဆန်ဒပွတောငျးဆို


XS
SM
MD
LG