ဖယ်ရီအကျအနစီးတဲ့ ခွေးလေးများ
အမေရိကန်ပြည်ထောင်စု အလက်စကာပြည်နယ် စကတ်ဂ်ဝေးမြို့မှာ ခွေးကျောင်းတဲ့အလုပ်လုပ်တဲ့ ဇနီးမောင်နှံ သူတို့ခွေးကြိုတဲ့ဖယ်ရီခရီးရယ် ခွေးကျောင်းထွက်တဲ့ ဗွီဒီယိုတွေရယ်ကို လူမှုကွန်ရက် စာမျက်နှာမှာတင်တော့ အထူးလူအကြည့်များပြီး TikTok မှာ ကြည့်ရှုမှုပေါင်း သန်း ၅၀ ကျော်ပါတယ်။ အင်စတာဂရမ်စာမျက်နှာ သူတို့ပရိသတ်ပေါင်း ၂ သိန်းခွဲနီးပါးရှိပြီး TikTok မှာတော့ သူတို့ပရိသတ် ၁ သန်း ၃ သိန်းကျော်ရှိပါတယ်။