တ႐ုတ္ႏိုင္ငံမွာ ကိုဗစ္-19 လိႈင္းေၾကာင့္ ေသဆုံးမႈမ်ားေနခ်ိန္၊ ေပၚလာတဲ့ မ်ိဳးကြဲသစ္ေတြအေပၚ ဒီကုေဆးေတြ ဘယ္ေလာက္ထိေရာက္မႈ ရိွသလဲဆိုတာကို အမ်ားျပည္သူ သိခ်င္လာတယ္လို႔ က်န္းမာေရးပညာ႐ွင္ေတြက ဆိုၾကပါတယ္။
ဒီမ်ဳိးကြဲသစ္ေတြ (အိုမီခ႐ြန္မ်ဳိးကြဲစိတ္ XBB.1.5 နဲ႔ BA.5 ေတြအပါအဝင္) က ကိုဗစ္ကိုယ္ခံအားတခ်ဳိ ႔အေပၚ ေက်ာ္လႊားသြားခဲ့တာေၾကာင့္၊ အေမရိကန္မွာ အဓိကသုံးခဲ့တဲ့ Monoclonal Antibody အုပ္စုဝင္ ကုေဆးေတြ ထိေရာက္မႈက်သြားခဲ့ပါတယ္။ ဒါေၾကာင့္ တျခားေဆးေတြရဲ ႔ ထိေရာက္မႈအေပၚ ေမးခြန္းေတြ ထြက္ေပၚလာခ်ိန္မွာ၊ မၾကာခင္က ဂ်ပန္ႏိုင္ငံက လက္ေတြ႔စမ္းသပ္ခဲ့ၿပီး New England ေဆးဂ်ာနယ္မွာပါလာတဲ့ ေတြ႔႐ွိခ်က္အရ က်န္တဲ့ ေဆး ၃ မ်ိဳးျဖစ္တဲ့ ေသာက္ေဆး Paxlovid နဲ႔ Molnupiravir အျပင္၊ အေၾကာေဆး Remdesivir တို႔ ဆက္ထိေရာက္ေနတယ္လို႔ ဆိုပါတယ္။ ဒီအထဲ Paxlovid တံဆိပ္အမည္႐ွိ ေဆးကေတာ့ ႏိုင္ငံတကာမွာ အသုံးမ်ားလာၿပီး၊ ျမန္မာႏိုင္ငံမွာလည္း Molnupiravir နဲ႔အတူ ရ႐ွိေနခ်ိန္၊ Remdesivir အေၾကာေဆးကေတာ့ ျမန္မာႏိုင္ငံမွာ သိပ္မရေသးပါဘူး။
အခုလိုအခ်ိန္မွာ ဒီတ႐ုတ္မ်ိဳးကြဲသစ္ေတြက ျမန္မာႏုိင္ငံအပါအဝင္ တစ္ကမၻာလုံးကို ေရာက္ႏိုင္ေျခ႐ွိေနၿပီး၊ အေမရိကန္ႏိုင္ငံမွာလို တ႐ုတ္ႏိုင္ငံက ဝင္ေရာက္လာသူေတြကို ကန္႔သတ္စစ္ေဆးတာနဲ႔၊ ဒီ သုံးႏိုင္တဲ့ေဆးေတြကို စနစ္တက်သုံးစြဲႏိုင္ဖို႔က အရင္အသက္ဆုံးမႈမ်ားခဲ့တဲ့ အေတြ႔အၾကဳံအရ အေရးႀကီးလာပါတယ္။ အေမရိကန္မွာေတာ့ ဒီေဆးေတြကို၊ ကိုဗစ္ျဖစ္လွ်င္ အသက္ထိခိုက္တာအပါအဝင္ ျပင္းထန္ႏိုင္တဲ့ အသက္ ၆၅ ႏွစ္အထက္ေတြ၊ အသက္ ၆၅ ႏွစ္မေက်ာ္လွ်င္လည္း အဝလြန္သူေတြနဲ႔ ေရာဂါအခံ႐ွိသူေတြမွာ ကိုဗစ္စစ္ေဆးေတြ႔႐ွိအၿပီး လကၡဏာျပတာနဲ႔ ခ်က္ခ်င္းေပးပါတယ္။ အခုလို ဒီေဆးေပးေနတဲ့ ေရာဂါအခံ႐ွိသူေတြထဲ ကင္ဆာ၊ HIV AIDS ကိုယ္ခံအားက်ေရာဂါ၊ ေလးဘက္နာအဆစ္ေရာင္တာလို ကိုယ့္ကိုယ္ခံအားကို ျပန္တိုက္တဲ့ (Auto-immune) ေရာဂါ႐ွိသူ၊ ေက်ာက္ကပ္နဲ႔ အသည္းမေကာင္းသူ/ အစားထိုးထားသူ၊ ေက်ာက္ကပ္ေဆးေနရသူ၊ အသည္းႂကြပ္/ေျခာက္ေနသူ (Liver Cirrhosis ေခၚ ေရဖ်င္းစြဲတာ)၊ အဆုပ္မေကာင္းသူ (COPD)၊ Steroid (Prednisolone) ေဆး ေရ႐ွည္ေသာက္ေနရသူ စတာေတြ ပါဝင္ပါတယ္။
ဒါ့အျပင္ အသက္ ၆၅ ႏွစ္ေအာက္ က်န္းမာေရး ေကာင္းေနသူေတြမွာေတာ့ Paxlovid အပါအဝင္ ဒီေဆးေတြကို မသုံးသင့္ပါဘူး။ အေၾကာင္းက ဒီလူမ်ိဳးေတြအတြက္ ထူးထူးျခားျခား ထိေရာက္မႈမ႐ွိတာအျပင္၊ ဒီေဆးေတြရဖို႔ အသက္တမွ် အေရးႀကီးတဲ့ အထက္ပါသူေတြကို အသက္ကယ္ေပးႏိုင္တဲ့ ေဆးလႈဒါန္းေပးမူမ်ိဳး ျဖစ္ေစႏိုင္လို႔ပါ။ တခ်ိန္ထဲမွာ ျမန္မာႏိုင္ငံမွာလည္း အခုလို ေရာဂါအခံမ႐ွိဘဲ က်န္းမာေရးေကာင္းေနသူေတြထဲ တ႐ုတ္ထုတ္ ကိုဗစ္ကာကြယ္ေဆး (Sinopharm ၊ Sinovac စတာ) ေတြအျပင္၊ ပိုေကာင္းတဲ့ အိႏၵိယထုတ္ (Covishield) နဲ႔ အေမရိကန္ထုတ္ ပိုအဆင့္ျမင့္တဲ့ ကာကြယ္ေဆးတခ်ဳိ ႔ (Pfizer နဲ႔ Moderna ကုမၸဏီေဆးေတြ) ရထားသူေတြလည္း ႐ွိေနတာအျပင္၊ အရင္တုန္းက ကိုဗစ္ကိုယ္တိုင္ျဖစ္ၿပီး၊ ေနာက္ဆုံး ကိုဗစ္မ်ိဳးကြဲသစ္ေတြကို တစုံတရာခံႏိုင္ရည္ ရထားၿပီးသားျဖစ္ႏိုင္ေျခ ႐ွိပါတယ္။
အထက္မွာေျပာခဲ့တဲ့ ကိုဗစ္ျဖစ္လာလွ်င္ ျပင္းထန္ႏိုင္တဲ့ သက္ႀကီးေတြ (၆၅ႏွစ္အထက္)၊ အဝလြန္သူေတြနဲ႔ ေရာဂါအခံ႐ွိသူေတြအတြက္ Paxlovid အပါအဝင္ ဒီကုသမႈမွာသုံးတဲ့ေဆးေတြေၾကာင့္ အသက္ေသဆုံးမႈ ေလ်ာ့က်ေစတာအပါအဝင္၊ ေနာက္ဆုံးေတြ႔ထားတဲ့ အက်ိဳးထိေရာက္မႈေတြ ႐ွိပါေသးတယ္။ ဒီအက်ိဳးသက္ေရာက္မႈေတြကေတာ့၊ ျဖစ္လာတဲ့ ကိုဗစ္ကို ပိုမဆိုးေစတာ (အႀကီးအက်ယ္ မျပင္းထန္ေစတာ)၊ ရက္အနည္းငယ္ခ်ီ (၂ ရက္မွ ၆ ရက္အတြင္း) ပိုျမန္ျမန္သက္သာေစတာနဲ႔ ကိုဗစ္ ေရ႐ွည္ျဖစ္တာ (Long Covid) မ်ိဳး လနဲ႔ခ်ီအထိ ေနာက္ဆက္တြဲခံစားရတာ ေလွ်ာ့ခ်ေပးႏိုင္တာေတြပါ။
ဒီေရာဂါဆိုင္ရာအေၾကာင္း ပိုမိုသိရိွနားလည္ႏုိင္ဖို႔ ကိုဝင္းမင္းက နယူးေယာက္ၿမိဳ ႔ Wyckoff Heights ေဆး႐ုံက ၫြန္ၾကားေရးမွဴးနဲ႔ ျမန္မာလူနာေတြကိုလည္း ဖုန္းကတဆင့္ ကူညီကုသေပးေနတဲ့၊ ကူးစက္ေရာဂါအထူးကု ေဒါက္တာေဇယ်ာသက္ ကို ဆက္သြယ္ေမးျမန္းခဲ့တာပါ။
==== Unicode =====
တရုတ်နိုင်ငံမှာ ကိုဗစ်-19 လှိုင်းကြောင့် သေဆုံးမှုများနေချိန်၊ ပေါ်လာတဲ့ မျိုးကွဲသစ်တွေအပေါ် ဒီကုဆေးတွေ ဘယ်လောက်ထိရောက်မှု ရှိသလဲဆိုတာကို အများပြည်သူ သိချင်လာတယ်လို့ ကျန်းမာရေးပညာရှင်တွေက ဆိုကြပါတယ်။ဒီမျိုးကွဲသစ်တွေ (အိုမီခရွန်မျိုးကွဲစိတ် XBB.1.5 နဲ့ BA.5 တွေအပါအဝင်) က ကိုဗစ်ကိုယ်ခံအားတချို့အပေါ် ကျော်လွှားသွားခဲ့တာကြောင့်၊ အမေရိကန်မှာ အဓိကသုံးခဲ့တဲ့ Monoclonal Antibody အုပ်စုဝင် ကုဆေးတွေ ထိရောက်မှုကျသွားခဲ့ပါတယ်။ ဒါကြောင့် တခြားဆေးတွေရဲ့ ထိရောက်မှုအပေါ် မေးခွန်းတွေ ထွက်ပေါ်လာချိန်မှာ၊ မကြာခင်က ဂျပန်နိုင်ငံက လက်တွေ့စမ်းသပ်ခဲ့ပြီး New England ဆေးဂျာနယ်မှာပါလာတဲ့ တွေ့ရှိချက်အရ ကျန်တဲ့ ဆေး ၃ မျိုးဖြစ်တဲ့ သောက်ဆေး Paxlovid နဲ့ Molnupiravir အပြင်၊ အကြောဆေး Remdesivir တို့ ဆက်ထိရောက်နေတယ်လို့ ဆိုပါတယ်။ ဒီအထဲ Paxlovid တံဆိပ်အမည်ရှိ ဆေးကတော့ နိုင်ငံတကာမှာ အသုံးများလာပြီး၊ မြန်မာနိုင်ငံမှာလည်း Molnupiravir နဲ့အတူ ရရှိနေချိန်၊ Remdesivir အကြောဆေးကတော့ မြန်မာနိုင်ငံမှာ သိပ်မရသေးပါဘူး။
အခုလိုအချိန်မှာ ဒီတရုတ်မျိုးကွဲသစ်တွေက မြန်မာနိုင်ငံအပါအဝင် တစ်ကမ္ဘာလုံးကို ရောက်နိုင်ခြေရှိနေပြီး၊ အမေရိကန်နိုင်ငံမှာလို တရုတ်နိုင်ငံက ဝင်ရောက်လာသူတွေကို ကန့်သတ်စစ်ဆေးတာနဲ့၊ ဒီ သုံးနိုင်တဲ့ဆေးတွေကို စနစ်တကျသုံးစွဲနိုင်ဖို့က အရင်အသက်ဆုံးမှုများခဲ့တဲ့ အတွေ့အကြုံအရ အရေးကြီးလာပါတယ်။ အမေရိကန်မှာတော့ ဒီဆေးတွေကို၊ ကိုဗစ်ဖြစ်လျှင် အသက်ထိခိုက်တာအပါအဝင် ပြင်းထန်နိုင်တဲ့ အသက် ၆၅ နှစ်အထက်တွေ၊ အသက် ၆၅ နှစ်မကျော်လျှင်လည်း အဝလွန်သူတွေနဲ့ ရောဂါအခံရှိသူတွေမှာ ကိုဗစ်စစ်ဆေးတွေ့ရှိအပြီး လက္ခဏာပြတာနဲ့ ချက်ချင်းပေးပါတယ်။ အခုလို ဒီဆေးပေးနေတဲ့ ရောဂါအခံရှိသူတွေထဲ ကင်ဆာ၊ HIV AIDS ကိုယ်ခံအားကျရောဂါ၊ လေးဘက်နာအဆစ်ရောင်တာလို ကိုယ့်ကိုယ်ခံအားကို ပြန်တိုက်တဲ့ (Auto-immune) ရောဂါရှိသူ၊ ကျောက်ကပ်နဲ့ အသည်းမကောင်းသူ/ အစားထိုးထားသူ၊ ကျောက်ကပ်ဆေးနေရသူ၊ အသည်းကြွပ်/ခြောက်နေသူ (Liver Cirrhosis ခေါ် ရေဖျင်းစွဲတာ)၊ အဆုပ်မကောင်းသူ (COPD)၊ Steroid (Prednisolone) ဆေး ရေရှည်သောက်နေရသူ စတာတွေ ပါဝင်ပါတယ်။
ဒါ့အပြင် အသက် ၆၅ နှစ်အောက် ကျန်းမာရေး ကောင်းနေသူတွေမှာတော့ Paxlovid အပါအဝင် ဒီဆေးတွေကို မသုံးသင့်ပါဘူး။ အကြောင်းက ဒီလူမျိုးတွေအတွက် ထူးထူးခြားခြား ထိရောက်မှုမရှိတာအပြင်၊ ဒီဆေးတွေရဖို့ အသက်တမျှ အရေးကြီးတဲ့ အထက်ပါသူတွေကို အသက်ကယ်ပေးနိုင်တဲ့ ဆေးလှုဒါန်းပေးမူမျိုး ဖြစ်စေနိုင်လို့ပါ။ တချိန်ထဲမှာ မြန်မာနိုင်ငံမှာလည်း အခုလို ရောဂါအခံမရှိဘဲ ကျန်းမာရေးကောင်းနေသူတွေထဲ တရုတ်ထုတ် ကိုဗစ်ကာကွယ်ဆေး (Sinopharm ၊ Sinovac စတာ) တွေအပြင်၊ ပိုကောင်းတဲ့ အိန္ဒိယထုတ် (Covishield) နဲ့ အမေရိကန်ထုတ် ပိုအဆင့်မြင့်တဲ့ ကာကွယ်ဆေးတချို့ (Pfizer နဲ့ Moderna ကုမ္ပဏီဆေးတွေ) ရထားသူတွေလည်း ရှိနေတာအပြင်၊ အရင်တုန်းက ကိုဗစ်ကိုယ်တိုင်ဖြစ်ပြီး၊ နောက်ဆုံး ကိုဗစ်မျိုးကွဲသစ်တွေကို တစုံတရာခံနိုင်ရည် ရထားပြီးသားဖြစ်နိုင်ခြေ ရှိပါတယ်။
အထက်မှာပြောခဲ့တဲ့ ကိုဗစ်ဖြစ်လာလျှင် ပြင်းထန်နိုင်တဲ့ သက်ကြီးတွေ (၆၅နှစ်အထက်)၊ အဝလွန်သူတွေနဲ့ ရောဂါအခံရှိသူတွေအတွက် Paxlovid အပါအဝင် ဒီကုသမှုမှာသုံးတဲ့ဆေးတွေကြောင့် အသက်သေဆုံးမှု လျော့ကျစေတာအပါအဝင်၊ နောက်ဆုံးတွေ့ထားတဲ့ အကျိုးထိရောက်မှုတွေ ရှိပါသေးတယ်။ ဒီအကျိုးသက်ရောက်မှုတွေကတော့၊ ဖြစ်လာတဲ့ ကိုဗစ်ကို ပိုမဆိုးစေတာ (အကြီးအကျယ် မပြင်းထန်စေတာ)၊ ရက်အနည်းငယ်ချီ (၂ ရက်မှ ၆ ရက်အတွင်း) ပိုမြန်မြန်သက်သာစေတာနဲ့ ကိုဗစ် ရေရှည်ဖြစ်တာ (Long Covid) မျိုး လနဲ့ချီအထိ နောက်ဆက်တွဲခံစားရတာ လျှော့ချပေးနိုင်တာတွေပါ။
ဒီရောဂါဆိုင်ရာအကြောင်း ပိုမိုသိရှိနားလည်နိုင်ဖို့ ကိုဝင်းမင်းက နယူးယောက်မြို့ Wyckoff Heights ဆေးရုံက ညွန်ကြားရေးမှူးနဲ့ မြန်မာလူနာတွေကိုလည်း ဖုန်းကတဆင့် ကူညီကုသပေးနေတဲ့၊ ကူးစက်ရောဂါအထူးကု ဒေါက်တာဇေယျာသက် ကို ဆက်သွယ်မေးမြန်းခဲ့တာပါ။