မြန္ျပည္နယ္၊ က်ိဳက္ထိုၿမိဳ႕နယ္၊ မုပၸလင္လမ္းဆုံနားမွာ ဇန္နဝါရီလ ၂၅ ရက္က က်ိဳက္ထီး႐ိုးဘုရားဖူးလာတဲ့ ယာဥ္တစီးေပၚ လက္နက္ႀကီးက်ၿပီး ၁ ဦးေသဆုံး၊ ၇ ဦး ဒဏ္ရာရခဲ့ပါတယ္။ လူနာေတြကို က်ိဳက္ထိုျပည္သူ႔ေဆး႐ုံကို ပို႔ေဆာင္ေပးခဲ့ၿပီး အဲဒီလက္နက္ႀကီး ဘယ္ကေန က်လာသလဲ ဆိုတာကိုေတာ့ ေသခ်ာမသိဘူးလို႔ ကူညီေပးခဲ့သူေတြက ေျပာပါတယ္။ ဒီအေၾကာင္း သတင္းေပးပို႔ခ်က္ကို အလိမၼာက ဆက္ေျပာျပပါမယ္။
မြန္ျပည္နယ္၊ က်ိဳက္ထိုၿမိဳ႕နယ္၊ မုပၸလင္ေက်း႐ြာနားက ကားလမ္းမေပၚမွာ ဇန္နဝါရီလ ၂၅ ရက္၊ မနက္ ၁၁ နာရီဝန္းက်င္က Light truck ကားတစီးေပၚ လက္နက္ႀကီးက်ည္ က်ခဲ့တာပါ။ စစ္ေကာင္စီ ျပန္ၾကားေရးဌာန ထုတ္ျပန္ခ်က္မွာေတာ့ က်ိဳက္ထီး႐ိုးဘုရားဖူး ၁၁ ဦးတင္ေဆာင္လာတဲ့ ေမာ္ေတာ္ယာဥ္ဟာ မုပၸလင္ေက်း႐ြာအနီး စက္သုံးဆီဆိုင္တခုအနားမွာ PDF အဖြဲ႕ရဲ႕ ဗုံးပစ္ေလာင္ခ်ာနဲ႔ ပစ္ခတ္ခံရတာလို႔ ဆိုပါတယ္။ ကားေပၚပါတဲ့ အမ်ိဳးသား ၁ ဦး ေသဆုံးၿပီး အမ်ိဳးသား ၂ ဦး အမ်ိဳးသမီး ၅ဦး ထိခိုက္ဒဏ္ရာရခဲ့တယ္လို႔ စစ္ေကာင္စီက ထုတ္ျပန္ပါတယ္။ ဒဏ္ရာရသူေတြကို က်ိဳက္ထိုၿမိဳ႕နယ္ ျပည္သူ႔ေဆး႐ုံကို ပရဟိတယာဥ္ေတြက ပို႔ေဆာင္ေပးခဲ့တယ္လို႔ အဲဒီျဖစ္စဥ္ကို သိရွိတဲ့ ေဒသခံတဦးက ေျပာပါတယ္။
"မုပၸလင္လမ္းဆုံ ကားလမ္းႀကီး စစ္ေဆးေရးဂိတ္မွာ ကားတန္းစီ စစ္ေနရင္းနဲ႔ ၄၀ မမ တလုံးက်တယ္။ ေဆး႐ုံေရာက္ေတာ့ တေယာက္က အသက္ မရွိေတာ့ဘူး။ တေယာက္က ေပါင္ထိတယ္။ ေနာက္တေယာက္က ေခါင္းထိတယ္။ ျဖစ္စဥ္ကေတာ့ အဲဒီကား ေခါင္မိုးေပၚ တည့္တည့္ကို ၄၀ က က်တာ။ က်ၿပီးေတာ့ ေသသြားတဲ့သူရဲ႕ ေခါင္းကို ထိသြားတာေပါ့။"
လက္နက္ႀကီး ထိမွန္သူေတြဟာ မေကြးတိုင္းကေန က်ိဳက္ထီး႐ိုး ဘုရားဖူးဖို႔ ေရာက္လာသူေတြလို႔ ေျပာပါတယ္။ PDF အဖြဲ႕က ပစ္ခတ္တဲ့ ဗုံးပစ္ေလာင္ခ်ာျဖစ္တယ္လို႔ စစ္ေကာင္စီက ထုတ္ျပန္ေပမယ့္ ဗီြအိုေအက သီးျခားအတည္မျပဳႏိုင္ေသးပါဘူး။ ျဖစ္စဥ္ျဖစ္ပြားခ်ိန္မွာ ကားလမ္းေတြ ယာယီပိတ္ပင္တာေလာက္ပဲ ရွိခဲ့တယ္လို႔ ေဒသခံကေျပာပါတယ္။
"ျဖစ္တုန္း ၁၄ မိနစ္၊ ၁၅ မိနစ္ပဲ လမ္းပိတ္သြားတာ။ ၿပီးေတာ့ သူ႔ပုံမွန္အတိုင္း ျပန္သြားၾကတာပဲ။ အဲလိုျဖစ္ၿပီး ပစ္တာခတ္တာမ်ိဳး၊ ယာဥ္ေၾကာ ပိတ္သြားတာမ်ိဳး မရွိဘူး။ ျဖစ္စဥ္ျဖစ္တဲ့ အခ်ိန္ခဏေလးပဲ ကားတန္းကို ပိတ္လိုက္တယ္။ ၿပီးေတာ့ ပုံမွန္အတိုင္း ျပန္ပြင့္သြားၾကတာပဲ။"
က်ိဳက္ထီး႐ိုး ဘုရားဖူးလာသူေတြအတြက္ အခုလို နယ္ေျမလမ္းေၾကာင္း မတည္ၿငိမ္ျဖစ္ေနလို႔ ဘုရားဖူးခရီးသြား လုပ္ငန္းတခ်ိဳ႕ကလည္း သူတို႔ရဲ႕ ခရီးစဥ္ေတြကို ဖ်က္သိမ္းထားပါတယ္။ ၿပီးခဲ့တဲ့ ၂၀၂၂ ခုႏွစ္ ေအာက္တိုဘာလ ၁၂ ရက္ေန႔တုန္းကလည္း က်ိဳက္ထိုၿမိဳ႕နယ္၊ က်ိဳက္ထီး႐ိုးေတာင္တက္ ကားဂိတ္အနီးမွာ ပစ္ခတ္မႈေတြ ျဖစ္ခဲ့ၿပီး ဘုရားဖူးလာသူတခ်ိဳ႕ ေသဆုံး၊ ဒဏ္ရာရတဲ့ ျဖစ္စဥ္ ရွိခဲ့ပါတယ္။ က်ိဳက္ထိုၿမိဳ႕နယ္က ေက်း႐ြာတခ်ိဳ႕မွာ လက္နက္ႀကီးက်ည္က်လို႔ ဒီရက္ပိုင္းထဲ ေဒသခံ ၄,၀၀၀ နီးပါးေလာက္ဟာ ေဘးလြတ္ရာ ထြက္ေျပးေနရတယ္လို႔ ကရင္အမ်ိဳးသား အစည္းအ႐ုံး KNU ကလည္း ထုတ္ျပန္ထားပါတယ္။
[Unicode]
လက်နက်ကြီးကျလို့ ကျိုက်ထီးရိုးဘုရားဖူး ၁ ယောက်သေဆုံး
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ မုပ္ပလင်လမ်းဆုံနားမှာ ဇန်နဝါရီလ ၂၅ ရက်က ကျိုက်ထီးရိုးဘုရားဖူးလာတဲ့ ယာဉ်တစီးပေါ် လက်နက်ကြီးကျပြီး ၁ ဦးသေဆုံး၊ ၇ ဦး ဒဏ်ရာရခဲ့ပါတယ်။ လူနာတွေကို ကျိုက်ထိုပြည်သူ့ဆေးရုံကို ပို့ဆောင်ပေးခဲ့ပြီး အဲဒီလက်နက်ကြီး ဘယ်ကနေ ကျလာသလဲ ဆိုတာကိုတော့ သေချာမသိဘူးလို့ ကူညီပေးခဲ့သူတွေက ပြောပါတယ်။ ဒီအကြောင်း သတင်းပေးပို့ချက်ကို အလိမ္မာက ဆက်ပြောပြပါမယ်။
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ မုပ္ပလင်ကျေးရွာနားက ကားလမ်းမပေါ်မှာ ဇန်နဝါရီလ ၂၅ ရက်၊ မနက် ၁၁ နာရီဝန်းကျင်က Light truck ကားတစီးပေါ် လက်နက်ကြီးကျည် ကျခဲ့တာပါ။ စစ်ကောင်စီ ပြန်ကြားရေးဌာန ထုတ်ပြန်ချက်မှာတော့ ကျိုက်ထီးရိုးဘုရားဖူး ၁၁ ဦးတင်ဆောင်လာတဲ့ မော်တော်ယာဉ်ဟာ မုပ္ပလင်ကျေးရွာအနီး စက်သုံးဆီဆိုင်တခုအနားမှာ PDF အဖွဲ့ရဲ့ ဗုံးပစ်လောင်ချာနဲ့ ပစ်ခတ်ခံရတာလို့ ဆိုပါတယ်။ ကားပေါ်ပါတဲ့ အမျိုးသား ၁ ဦး သေဆုံးပြီး အမျိုးသား ၂ ဦး အမျိုးသမီး ၅ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ စစ်ကောင်စီက ထုတ်ပြန်ပါတယ်။ ဒဏ်ရာရသူတွေကို ကျိုက်ထိုမြို့နယ် ပြည်သူ့ဆေးရုံကို ပရဟိတယာဉ်တွေက ပို့ဆောင်ပေးခဲ့တယ်လို့ အဲဒီဖြစ်စဉ်ကို သိရှိတဲ့ ဒေသခံတဦးက ပြောပါတယ်။
"မုပ္ပလင်လမ်းဆုံ ကားလမ်းကြီး စစ်ဆေးရေးဂိတ်မှာ ကားတန်းစီ စစ်နေရင်းနဲ့ ၄၀ မမ တလုံးကျတယ်။ ဆေးရုံရောက်တော့ တယောက်က အသက် မရှိတော့ဘူး။ တယောက်က ပေါင်ထိတယ်။ နောက်တယောက်က ခေါင်းထိတယ်။ ဖြစ်စဉ်ကတော့ အဲဒီကား ခေါင်မိုးပေါ် တည့်တည့်ကို ၄၀ က ကျတာ။ ကျပြီးတော့ သေသွားတဲ့သူရဲ့ ခေါင်းကို ထိသွားတာပေါ့။"
လက်နက်ကြီး ထိမှန်သူတွေဟာ မကွေးတိုင်းကနေ ကျိုက်ထီးရိုး ဘုရားဖူးဖို့ ရောက်လာသူတွေလို့ ပြောပါတယ်။ PDF အဖွဲ့က ပစ်ခတ်တဲ့ ဗုံးပစ်လောင်ချာဖြစ်တယ်လို့ စစ်ကောင်စီက ထုတ်ပြန်ပေမယ့် ဗွီအိုအေက သီးခြားအတည်မပြုနိုင်သေးပါဘူး။ ဖြစ်စဉ်ဖြစ်ပွားချိန်မှာ ကားလမ်းတွေ ယာယီပိတ်ပင်တာလောက်ပဲ ရှိခဲ့တယ်လို့ ဒေသခံကပြောပါတယ်။
"ဖြစ်တုန်း ၁၄ မိနစ်၊ ၁၅ မိနစ်ပဲ လမ်းပိတ်သွားတာ။ ပြီးတော့ သူ့ပုံမှန်အတိုင်း ပြန်သွားကြတာပဲ။ အဲလိုဖြစ်ပြီး ပစ်တာခတ်တာမျိုး၊ ယာဉ်ကြော ပိတ်သွားတာမျိုး မရှိဘူး။ ဖြစ်စဉ်ဖြစ်တဲ့ အချိန်ခဏလေးပဲ ကားတန်းကို ပိတ်လိုက်တယ်။ ပြီးတော့ ပုံမှန်အတိုင်း ပြန်ပွင့်သွားကြတာပဲ။"
ကျိုက်ထီးရိုး ဘုရားဖူးလာသူတွေအတွက် အခုလို နယ်မြေလမ်းကြောင်း မတည်ငြိမ်ဖြစ်နေလို့ ဘုရားဖူးခရီးသွား လုပ်ငန်းတချို့ကလည်း သူတို့ရဲ့ ခရီးစဉ်တွေကို ဖျက်သိမ်းထားပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် အောက်တိုဘာလ ၁၂ ရက်နေ့တုန်းကလည်း ကျိုက်ထိုမြို့နယ်၊ ကျိုက်ထီးရိုးတောင်တက် ကားဂိတ်အနီးမှာ ပစ်ခတ်မှုတွေ ဖြစ်ခဲ့ပြီး ဘုရားဖူးလာသူတချို့ သေဆုံး၊ ဒဏ်ရာရတဲ့ ဖြစ်စဉ် ရှိခဲ့ပါတယ်။ ကျိုက်ထိုမြို့နယ်က ကျေးရွာတချို့မှာ လက်နက်ကြီးကျည်ကျလို့ ဒီရက်ပိုင်းထဲ ဒေသခံ ၄,၀၀၀ နီးပါးလောက်ဟာ ဘေးလွတ်ရာ ထွက်ပြေးနေရတယ်လို့ ကရင်အမျိုးသား အစည်းအရုံး KNU ကလည်း ထုတ်ပြန်ထားပါတယ်။