သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

မြန္ျပည္နယ္ ေရးေခ်ာင္းဖ်ား လံုၿခံဳေရးအေျခအေနေၾကာင့္ ေဒသခံတခ်ိဳ႕တိမ္းေရွာင္


ေရးေျပာက္က်ားတပ္ဖြဲ႕ YGF က သိမ္းဆည္းရမိသည့္ လက္နက္မ်ား

မြန္ျပည္နယ္၊ ေရးၿမိဳ႕အနီးဝန္းက်င္မွာ စစ္ေကာင္စီ တပ္သားတခ်ိဳ႕ကို ေရးေျပာက္က်ားတပ္ဖြဲ႕က ေသာၾကာေန႔ မနက္ပိုင္းမွာ ပစ္ခတ္တိုက္ခိုက္ခဲ့တယ္လို႔ ေတာ္လွန္ေရး အင္အားစုဘက္က သတင္းထုတ္ျပန္ထားပါတယ္။ ပစ္ခတ္တိုက္ခိုက္မႈေတြ ရွိေနတဲ့ ေရးၿမိဳ႕နယ္က အေျခအေန သတင္းေပးပို႔ခ်က္ကို ကိုဉာဏ္ဝင္းေအာင္ က ေျပာျပမွာပါ။


မြန္ျပည္နယ္ ေရးေခ်ာင္းဖ်ား လံုၿခံဳေရးအေျခအေနေၾကာင့္ ေဒသခံတခ်ိဳ႕တိမ္းေရွာင္

{{Zawgyi/Unicode}}
မြန္ျပည္နယ္၊ ေရးၿမိဳ႕က ႐ြာသစ္ေက်း႐ြာ အနီးဝန္းက်င္မွာ စစ္ေကာင္စီ တပ္သားတခ်ိဳ႕ကို ေရးေျပာက္က်ားတပ္ဖြဲ႕က ေသာၾကာေန႔ မနက္ပိုင္းမွာ ပစ္ခတ္တိုက္ခိုက္ခဲ့တယ္လို႔ ေတာ္လွန္ေရး အင္အားစုဘက္က သတင္းထုတ္ျပန္ထားပါတယ္။ ပစ္ခတ္တိုက္ခိုက္မႈေတြ ရွိေနတဲ့ ေရးၿမိဳ႕နယ္က အေျခအေန သတင္းေပးပို႔ခ်က္ကို ကိုဉာဏ္ဝင္းေအာင္ က ေျပာျပမွာပါ။

မြန္ျပည္နယ္၊ ေရးၿမိဳ႕နယ္၊ လမိုင္းၿမိဳ႕နယ္ခြဲ၊ ေမာ့ကနင္ေက်း႐ြာအုပ္စု ႐ြာသစ္ေက်း႐ြာ အနီးဝန္းက်င္မွာ စစ္ေကာင္စီတပ္သား တခ်ိဳ႕ကို ေရးေျပာက္က်ားတပ္ဖြဲ႕ YGF ကေန ဇန္နဝါရီလ ၂၀ ရက္၊ ေသာၾကာေန႔ မနက္ပိုင္းမွာ ပစ္ခတ္တိုက္ခိုက္ခဲ့တယ္လို႔ YGF ဘက္က ထုတ္ျပန္ထားပါတယ္။ ေက်ာင္းပို႔ၿပီး ျပန္လာတဲ့ စစ္ေကာင္စီတပ္သား ၆ ဦး ပါလာတဲ့ ဆိုင္ကယ္ ၃ စီးကို တိုက္ခိုက္ခဲ့တာပါ။ အဲဒီျဖစ္စဥ္မွာ စစ္ေကာင္စီဘက္က ၅ ဦးေသဆုံးၿပီး ၁ ဦး အျပင္းအထန္ ဒဏ္ရာရခဲ့တယ္လို႔ ေျပာပါတယ္။ စစ္ေကာင္စီတပ္သားေတြ ပါလာတဲ့ ေသနတ္ ၃ လက္ကိုလည္း သိမ္းဆည္းခဲ့တယ္လို႔ ေျပာပါတယ္။

႐ြာသစ္ေက်း႐ြာ အနီးမွာ စစ္ေကာင္စီတပ္ဖြဲ႕ဝင္ ၆ ဦး ပစ္ခတ္ခံရ ၿပီးတဲ့ေနာက္ မနက္ ၁၀ နာရီခြဲ ဝန္းက်င္မွာ ကနင္ကေမာ့႐ြာဘက္ကို လက္နက္ႀကီးက်ၿပီး အမ်ိဳးသမီးတဦး က်ည္စထိမွန္ခဲ့တယ္လို႔ မ်က္ျမင္ေတြ႕သူ တဦးက ေျပာပါတယ္။

"အခုေတာ့ တည္တည္ၿငိမ္ၿငိမ္ပါပဲ။ မနက္က YGF က ပစ္ခတ္တာေတြ ၿပီးေတာ့ သူတို႔ဆုတ္ခြာၿပီးေတာ့ မၾကာဘူး၊ လက္နက္ႀကီးက ဟိုဘက္႐ြာထဲကို က်တာပဲ။ တဦးပဲ လမိုင္းေဆး႐ုံ ပို႔ထားရတယ္။"

မြန္ျပည္နယ္၊ ေရးၿမိဳ႕နယ္ထဲမွာ ရဲစခန္း တိုက္ခိုက္ခံရတာ၊ စစ္ေကာင္စီ တပ္ဖြဲ႕ဝင္တခ်ိဳ႕ ရွင္းလင္းခံရတာ နဲ႔ စစ္ေကာင္စီနဲ႔ ပတ္သက္သူေတြ သတ္ျဖတ္ခံရတာေတြက မၾကာခဏဆိုသလို ျဖစ္ေနတာပါ။ ၿပီးခဲ့တဲ့ ဇန္နဝါရီလ ၁၁ ရက္ေန႔ကလည္း ဒုရဲမႉးတဦး မိုင္းဆြဲတိုက္ခိုက္ခံရၿပီး ေသဆုံးခဲ့ပါတယ္။ ၿမိဳ႕နယ္ထဲက ေက်း႐ြာတခ်ိဳ႕မွာ နယ္ေျမအေျခအေန မတည္ၿငိမ္လို႔ ေနအိမ္စြန႔္ခြာသူေတြလည္း ရွိေနတယ္လို႔ ေရးၿမိဳ႕ ေဒသခံတဦးက ေျပာပါတယ္။

"ၿမိဳ႕ေပၚမွာေတာ့ ပုံမွန္ပဲ။ ႐ြာေတြဘက္မွာပဲ နည္းနည္းေပါ့။ ႐ြာဆိုတာက ေရးေခ်ာင္းဖ်ားဘက္ေပါ့။ နည္းနည္း စိုးရိမ္တယ္။ တိုက္ပြဲေတြ ဘာေတြျဖစ္မွာ စိုးရိမ္တာ။ ေဒသခံေတြကေတာ့ ႏွစ္ဘက္ျဖစ္ရင္ေတာ့ တိုက္ပြဲျဖစ္မွာ စိုးရိမ္ၾကတာေပါ့။ စိုးရိမ္ေတာ့ တခ်ိဳ႕ ၿခံေတြမွာ သြားေနၾကတယ္။ တခ်ိဳ႕ဆို ၿမိဳ႕ကိုေျပာင္းလာၾကတဲ့ သူေတြရွိတယ္။ ေရးဘက္ျခမ္းမွာေတာ့ အစစ္အေဆးေတာ့ သိပ္မရွိဘူး။ ပုံမွန္ အေနအထားပဲ။"

စစ္အာဏာသိမ္းၿပီးတဲ့ ေနာက္ စစ္ေကာင္စီတပ္ဖြဲ႕ေတြနဲ႔ ေတာ္လွန္ေရးအင္အားစု အဖြဲ႕ေတြၾကား ပစ္ခတ္တိုက္ခိုက္တာေတြက နယ္ေျမေဒသ အေတာ္မ်ားမ်ားမွာ ျဖစ္ပြားေနတာပါ။ မြန္ျပည္နယ္မွာလည္း လက္နက္ကိုင္ ပဋိပကၡေတြက မၾကာခဏ ဆိုသလိုျဖစ္ေနတာပါ။ အခု ေရးျဖစ္စဥ္နဲ႔ ပတ္သက္ၿပီး စစ္ေကာင္စီဘက္ကေတာ့ တစုံတရာ ထုတ္ျပန္ေျပာဆိုတာမ်ိဳး မရွိေသးပါဘူး။

တိုက္႐ိုက္ လင့္ခ္


မွန်ပြည်နယ် ရေးချောင်းဖျား လုံခြုံရေးအခြေအနေကြောင့် ဒေသခံတချို့တိမ်းရှောင်
{{Zawgyi/Unicode}}
မွန်ပြည်နယ်၊ ရေးမြို့က ရွာသစ်ကျေးရွာ အနီးဝန်းကျင်မှာ စစ်ကောင်စီ တပ်သားတချို့ကို ရေးပြောက်ကျားတပ်ဖွဲ့က သောကြာနေ့ မနက်ပိုင်းမှာ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ တော်လှန်ရေး အင်အားစုဘက်က သတင်းထုတ်ပြန်ထားပါတယ်။ ပစ်ခတ်တိုက်ခိုက်မှုတွေ ရှိနေတဲ့ ရေးမြို့နယ်က အခြေအနေ သတင်းပေးပို့ချက်ကို ကိုဉာဏ်ဝင်းအောင် က ပြောပြမှာပါ။

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ လမိုင်းမြို့နယ်ခွဲ၊ မော့ကနင်ကျေးရွာအုပ်စု ရွာသစ်ကျေးရွာ အနီးဝန်းကျင်မှာ စစ်ကောင်စီတပ်သား တချို့ကို ရေးပြောက်ကျားတပ်ဖွဲ့ YGF ကနေ ဇန်နဝါရီလ ၂၀ ရက်၊ သောကြာနေ့ မနက်ပိုင်းမှာ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ YGF ဘက်က ထုတ်ပြန်ထားပါတယ်။ ကျောင်းပို့ပြီး ပြန်လာတဲ့ စစ်ကောင်စီတပ်သား ၆ ဦး ပါလာတဲ့ ဆိုင်ကယ် ၃ စီးကို တိုက်ခိုက်ခဲ့တာပါ။ အဲဒီဖြစ်စဉ်မှာ စစ်ကောင်စီဘက်က ၅ ဦးသေဆုံးပြီး ၁ ဦး အပြင်းအထန် ဒဏ်ရာရခဲ့တယ်လို့ ပြောပါတယ်။ စစ်ကောင်စီတပ်သားတွေ ပါလာတဲ့ သေနတ် ၃ လက်ကိုလည်း သိမ်းဆည်းခဲ့တယ်လို့ ပြောပါတယ်။

ရွာသစ်ကျေးရွာ အနီးမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ ဦး ပစ်ခတ်ခံရ ပြီးတဲ့နောက် မနက် ၁၀ နာရီခွဲ ဝန်းကျင်မှာ ကနင်ကမော့ရွာဘက်ကို လက်နက်ကြီးကျပြီး အမျိုးသမီးတဦး ကျည်စထိမှန်ခဲ့တယ်လို့ မျက်မြင်တွေ့သူ တဦးက ပြောပါတယ်။

"အခုတော့ တည်တည်ငြိမ်ငြိမ်ပါပဲ။ မနက်က YGF က ပစ်ခတ်တာတွေ ပြီးတော့ သူတို့ဆုတ်ခွာပြီးတော့ မကြာဘူး၊ လက်နက်ကြီးက ဟိုဘက်ရွာထဲကို ကျတာပဲ။ တဦးပဲ လမိုင်းဆေးရုံ ပို့ထားရတယ်။"

မွန်ပြည်နယ်၊ ရေးမြို့နယ်ထဲမှာ ရဲစခန်း တိုက်ခိုက်ခံရတာ၊ စစ်ကောင်စီ တပ်ဖွဲ့ဝင်တချို့ ရှင်းလင်းခံရတာ နဲ့ စစ်ကောင်စီနဲ့ ပတ်သက်သူတွေ သတ်ဖြတ်ခံရတာတွေက မကြာခဏဆိုသလို ဖြစ်နေတာပါ။ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၁ ရက်နေ့ကလည်း ဒုရဲမှူးတဦး မိုင်းဆွဲတိုက်ခိုက်ခံရပြီး သေဆုံးခဲ့ပါတယ်။ မြို့နယ်ထဲက ကျေးရွာတချို့မှာ နယ်မြေအခြေအနေ မတည်ငြိမ်လို့ နေအိမ်စွန့်ခွာသူတွေလည်း ရှိနေတယ်လို့ ရေးမြို့ ဒေသခံတဦးက ပြောပါတယ်။

"မြို့ပေါ်မှာတော့ ပုံမှန်ပဲ။ ရွာတွေဘက်မှာပဲ နည်းနည်းပေါ့။ ရွာဆိုတာက ရေးချောင်းဖျားဘက်ပေါ့။ နည်းနည်း စိုးရိမ်တယ်။ တိုက်ပွဲတွေ ဘာတွေဖြစ်မှာ စိုးရိမ်တာ။ ဒေသခံတွေကတော့ နှစ်ဘက်ဖြစ်ရင်တော့ တိုက်ပွဲဖြစ်မှာ စိုးရိမ်ကြတာပေါ့။ စိုးရိမ်တော့ တချို့ ခြံတွေမှာ သွားနေကြတယ်။ တချို့ဆို မြို့ကိုပြောင်းလာကြတဲ့ သူတွေရှိတယ်။ ရေးဘက်ခြမ်းမှာတော့ အစစ်အဆေးတော့ သိပ်မရှိဘူး။ ပုံမှန် အနေအထားပဲ။"

စစ်အာဏာသိမ်းပြီးတဲ့ နောက် စစ်ကောင်စီတပ်ဖွဲ့တွေနဲ့ တော်လှန်ရေးအင်အားစု အဖွဲ့တွေကြား ပစ်ခတ်တိုက်ခိုက်တာတွေက နယ်မြေဒေသ အတော်များများမှာ ဖြစ်ပွားနေတာပါ။ မွန်ပြည်နယ်မှာလည်း လက်နက်ကိုင် ပဋိပက္ခတွေက မကြာခဏ ဆိုသလိုဖြစ်နေတာပါ။ အခု ရေးဖြစ်စဉ်နဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်ကတော့ တစုံတရာ ထုတ်ပြန်ပြောဆိုတာမျိုး မရှိသေးပါဘူး။

စိတ္၀င္စားဖြယ္ ...

XS
SM
MD
LG