သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Trump အကောင့်တွေ ပြန်ဖွင့်ပေးမယ်လို့ Meta ကြေညာ 


အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့်ပ် (ဒီဇင်ဘာ ၁၂၊ ၂၀၂၀)
အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့်ပ် (ဒီဇင်ဘာ ၁၂၊ ၂၀၂၀)

Facebook နဲ့ Instagram လူမှုကွန်ယက်တွေပေါ်မှာ ၂ နှစ်ကြာပိတ်ထားတဲ့ အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့်ပ် (Donald Trump) ရဲ့ အကောင့်ကို ပြန်ဖွင့်ပေးမယ်လို့ Facebook ရဲ့ မိခင် Meta ကုမ္မဏီက ကြေညာခဲ့ပါတယ်။ ၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၆ ရက် အမေရိကန်လွှတ်တော်အပေါ် ထရမ့်ပ်ထောက်ခံသူတွေ စီးနင်းတိုက်ခိုက်မှုဖြစ်ခဲ့ပြီးနောက် သမ္မတဟောင်းရဲ့ Facebook နဲ့ Instagram အကောင့်တွေကို ပိတ်ပင်ခဲ့တာပါ။

သတ်မှတ် စည်းကမ်းတွေ ချိုးဖောက် ရေးသားခဲ့တာတွေကြောင့် Facebook က သူ့အကောင့်ကို ပိတ်ခဲ့တာဖြစ်သလို၊ အရင်က ကျုးလွန်ခဲ့တာမျိုးတွေ ထပ်မဖြစ်အောင် နောက်ထပ်စည်းမျဉ်းအသစ်တွေ၊ အဟန့်အတားတွေ သူ့အပေါ် ချမှတ်ပြီး ဖွင့်ခွင့်ပေးလိုက်တာလို့ Meta ကုမ္ပဏီက ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ထရမ့်ပ်အနေနဲ့ ထပ်မံ ချိုးဖောက်တဲ့ ရေးသားချက်တွေ တင်မယ်ဆိုရင် အကြောင်းအရာတွေကို ဖယ်ရှားမှာဖြစ်သလို ကျုးလွန်တဲ့ ပြစ်မှုရဲ့ အတိမ်အနက်ကိုလိုက်ပြီး တလကနေ ၂ နှစ်အထိ အကောင့်ကို ရပ်ဆိုင်းခံရမှာ ဖြစ်ပါတယ်လို့ ကယ်လီဖိုးနီးယားပြည်နယ်အခြေစိုက် Meta ကုမ္ပဏီက ပြောပါတယ်။

သူ့အကောင့်ကို ရပ်ဆိုင်းခဲ့တဲ့ Facebook ရဲ့ ဆုံးဖြတ်ချက်ကို သမ္မတဟောင်းထရမ့်ပ် ဝေဖန်ပြစ်တင်ပါတယ်။ လူကြိုက်များ သမ္မတတယောက်ဖြစ်တဲ့ သူ့ကို လူမှုကွန်ရက် ပလက်ဖောင်းပေါ်က ဖယ်ရှား လိုက်တဲ့အတွက် ဝင်ငွေ ဘီလျံနဲ့ချီ ဆုံးရှုံးနစ်နာခဲ့တဲ့ Facebook က သူ့ကို အသုံးပြုခွင့် ပေးမယ်လို့ အခုပဲ ကြေညာတယ်လို့ သမ္မတဟောင်းထရမ့်ပ်က သူ့ကိုယ်ပိုင် Truth Social လူမှုကွန်ယက်မှာ ဗုဒ္ဓဟူးနေ့က ရေးပါတယ်။ ဒီလို ဒဏ်ခတ်တာတွေ မလုပ်ထိုက်တဲ့ သမ္မတအယောက်အပေါ် အရေးယူတာမျိုး နောင်ဘယ်တော့မှ မဖြစ်သင့်ပါဘူးလို့လည်း သမ္မတဟောင်းထရမ့်ပ်က ရေးသားထားပါတယ်။

၂၀၂၁ ခုနှစ် ဇန်နဝါရီ ၆ ရက်နေ့က လွှတ်တော်စီးနင်းမှုဖြစ်ပွားပြီး တခြား လူမှုကွန်ရက်တွေကလည်းထရမ့်ပ်ကို ပိတ်ပင်ခဲ့ပါတယ်။ Twitter ကတော့ ဘီလျံနာသူဌေးကြီး Elon Musk ဝယ်ပြီးတဲ့နောက်မှာ သမ္မတဟောင်းထရမ့်ပ်ရဲ့ Account ကို ပြန်သုံးခွင့် ပြခဲ့ပေမယ့် အခုအထိတော့ တွစ်တာလူမှုကွန်ယက်မှာ ဒေါ်နယ်ထရမ့်ပ်ပြန်ရေးတာ မတွေ့ရသေးပါဘူး။

Trump အကောင့်တွေ ပြန်ဖွင့်ပေးမယ်လို့ Meta ကြေညာ
please wait

No media source currently available

0:00 0:01:20 0:00
တိုက်ရိုက် လင့်ခ်

[Unicode]







XS
SM
MD
LG