သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်ဒုသမ္မတဟောင်း Mike Pence နေအိမ်မှာ လျှို့ဝှက်စာရွက်စာတမ်းတချို့တွေ့


အမေရိကန်ပြည်ထောင်စု Las Vegas မြို့က အစည်းအဝေးတခုအတွင်း ဒုသမ္မတဟောင်း Mike Pence စကားပြောနေစဉ် (နိုဝင်ဘာ ၁၈၊ ၂၀၂၂)
အမေရိကန်ပြည်ထောင်စု Las Vegas မြို့က အစည်းအဝေးတခုအတွင်း ဒုသမ္မတဟောင်း Mike Pence စကားပြောနေစဉ် (နိုဝင်ဘာ ၁၈၊ ၂၀၂၂)

အမေရိကန်ဒုသမ္မတဟောင်း Mike Pence ရဲ့ Indiana ပြည်နယ်က နေအိမ်မှာ လျှို့ဝှက်မှတ်တမ်းအဖြစ် သတ်မှတ်ထားတဲ့ စာရွက်စာတမ်းတချို့ ပြီးခဲ့တဲ့ သီတင်းပတ်က တွေ့ရှိခဲ့ကြောင်း သူ့ရဲ့ရှေ့နေက မနေ့ ဇန်နဝါရီ ၂၄ ရက်နေ့မှာ ပြောပါတယ်။ အဲဒီ စာရွက်စာတမ်းတွေကို ပြည်ထောင်စု စုံစမ်း ထောက်လှမ်းရေးဗြူရို FBI လက်ထဲ အပ်လိုက်တယ်လို့ ဆိုပါတယ်။

လျှို့ဝှက်မှတ်တမ်းအဖြစ် သတ်မှတ်ထားတဲ့ စာရွက်စာတမ်းတွေ တွေ့ရှိထားတဲ့အကြောင်း အမျိုးသားမှတ်တမ်းဌာနကို ဇန်နဝါရီလ ၁၈ ရက်နေ့က စာရေး အကြောင်းကြားခဲ့ပြီး၊ အဲဒီ စာရွက်စာတမ်းတွေကို FBI က လာယူသွားတယ်ဆိုတာကို ဇန်နဝါရီ ၂၂ ရက်နေ့မှာ သီးခြား စာတစောင်ရေးပြီး အကြောင်းကြားခဲ့တယ်လို့ ဒုသမ္မတဟောင်း Mike Pence ရဲ့ရှေ့နေ Greg Jacob က ပြောပါတယ်။

ဒါဟာ လျှို့ဝှက်အဆင့်သတ်မှတ်ထားတဲ့ စာရွက်စာတမ်းတွေကို အိမ်သယ်သွားတယ်ဆိုတဲ့ သမ္မတဟောင်း Donald Trump နဲ့ လက်ရှိသမ္မတ Joe Biden တို့နည်းတူ Mike Pence လည်း လျှို့ဝှက်မှတ်တမ်း အိမ်သယ်သွားတဲ့ ဂိုဏ်းဝင်ဦး ဖြစ်လာခဲ့ပါတယ်။

သမ္မတဟောင်း Trump အိမ်က လျှို့ဝှက် စာရွက်စာတမ်းတွေနဲ့ Joe Biden ဒုသမ္မတဘဝက သိမ်းဆည်းထားခဲ့တဲ့ လျှို့ဝှက်စာရွက်စာတမ်းတွေ တွေ့ရှိတဲ့ကိစ္စတွေနဲ့ ပတ်သက်လို့ အစောပိုင်းမှာ သတင်းဌာနတချို့က နှိုင်းယှဉ်မေးမြန်းခန်းတွေမှုတွေမှာတော့ သူ့ဆီမှာ အဲဒါမျိုး လျှို့ဝှက်စာရွက်စာတမ်းတွေ မရှိနေဘူးလို့ Mike Pence က ပြောကြားခဲ့ဘူးပါတယ်။

သမ္မတရာထူးအပြောင်းအလဲ လုပ်ဆောင်ချိန်မှာ အရေးကြီးတဲ့ လျှို့ဝှက် စာရွက်စာတမ်းတွေကို သိမ်းဆည်းထားဖို့အတွက် အမျိုးသားမှတ်တမ်းဌာနကို ပို့ပေးကြရတာပါ။

တိုက်ရိုက် လင့်ခ်

[Unicode]







XS
SM
MD
LG