သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ထရမ့္အိမ္က သိမ္းသြားတဲ့ မွတ္တမ္းေတြ စိ္စစ္မယ့္ အထူးအရာရွိခန္႔အပ္ဖို႔ တရားသူႀကီးခြင့္ျပဳ 


This image from a court filing by the Department of Justice on Aug. 30, 2022, and redacted by in part by the FBI, shows a photo of documents seized during the Aug. 8 search by the FBI of former President Donald Trump's Mar-a-Lago estate in Florida.

အေမရိကန္ သမၼတေဟာင္း Donald Trump ရဲ႔ ဖေလာ္ရီဒါျပည္နယ္ Mar-a- Lago အပန္းေျဖစံအိမ္ကေန သိမ္းဆည္းသြားခဲ့တဲ့ ေထာင္နဲ႔ခ်ီတဲ့ အေထာက္အထားေတြထဲက တခ်ိဳ႔ကို ျပန္ေပးသင့္မသင့္ စီစစ္ဖို႔ လြတ္လပ္တဲ့ အထူးစစ္ေဆးေရး အရာရွိခန္႔အပ္ေရး သမတေဟာင္းရဲ႔ ေတာင္းဆိုခ်က္ကို ျပည္ေထာင္စု တရားသူႀကီးတဦးက ခြင့္ျပဳလိုက္ပါတယ္။   

ထရမ့္အိမ္က သိမ္းသြားတဲ့ မွတ္တမ္းေတြ စိ္စစ္မယ့္ အထူးအရာရွိခန္႔အပ္ဖို႔ တရားသူႀကီးခြင့္ျပဳ

{{Zawgyi/Unicode}}
အေမရိကန္ သမၼတေဟာင္း Donald Trump ရဲ႔ ဖေလာ္ရီဒါျပည္နယ္ Mar-a- Lago အပန္းေျဖစံအိမ္ကေန သိမ္းဆည္းသြားခဲ့တဲ့ ေထာင္နဲ႔ခ်ီတဲ့ အေထာက္အထားေတြထဲက တခ်ိဳ႔ကို ျပန္ေပးသင့္မသင့္ စီစစ္ဖို႔ လြတ္လပ္တဲ့ အထူးစစ္ေဆးေရး အရာရွိခန္႔အပ္ေရး သမတေဟာင္းရဲ႔ ေတာင္းဆိုခ်က္ကို ျပည္ေထာင္စု တရားသူႀကီးတဦးက ခြင့္ျပဳလိုက္ပါတယ္။

အေမရိကန္ ျပည္ေထာင္စု စုံစမ္းစစ္ေဆးေရးဗ်ဳ႐ို (FBI) က သိမ္းဆည္းခဲ့တဲ့ အထူးကန္႔သတ္ အဆင့္အတန္း မွတ္တမ္း အေထာက္အထားေတြကို တရားေရးဌာနက စိစစ္ၿပီးျဖစ္တာေၾကာင့္ အထူးစစ္ေရးေရး အရာရွိတဦးကို တာ၀န္ေပးစရာ မလိုေၾကာင္း ၿပီးခဲ့တဲ့ သီတင္းပတ္ထဲ တရားေရးဌာနက ကန္႔ကြက္ထားေပမဲ့ ဖေလာ္ရီဒါျပည္နယ္က ခ႐ိုင္တရားသူႀကီး Aileen Cannon တနလၤာေန႔မွာ ခြင့္ျပဳလိုက္တာပါ။

FBI က သိမ္းဆည္းခဲ့တဲ့ အေထာက္အထားမွတ္တမ္း ၁ ၁ဝဝ ထဲက ၅၀၀ ေလာက္ဟာ သမၼတေဟာင္းထရန္႔ သိမ္းဆည္းထားခြင့္ရွိတဲ့ စာရြက္စာတမ္းေတြျဖစ္ၿပီး၊ ျပန္ေပးဖို႔လိုေကာင္းလိုႏိုင္ေၾကာင္း တရားေရးဌာန ကေျပာဆိုထားပါတယ္။ တရားသူႀကီးကေတာ့ သိမ္းဆည္းသြားတဲ့ အထဲမွာ က်န္းမာေရးဆိုင္ရာမွတ္တမ္းေတြ၊ စာရင္းအင္းမွတ္တမ္းေတြနဲ႔ အခြန္အခ ဆိုင္ရာစာရြက္စာတမ္းေတြ ပါ၀င္ေၾကာင္း ေျပာပါတယ္။

လြတ္လပ္တဲ့ အထူးစုံစမ္းစစ္ေဆးေရးအျဖစ္ တာ၀န္ေပးဖို႔ လ်ာထားသူေတြရဲ႔ အမည္စာရင္းကို ေသာၾကာေန႔ ေနာက္ဆုံးထား တင္သြင္းဖို႔ တရားလိုျဖစ္တဲ့ တရားေရးဌာနနဲ႔ ထရန္႔ရဲ႔ အက်ဳိးေဆာင္ ေရွ႔ေနေတြကိုပါ တရားသူႀကီးက ၫႊန္ၾကားထားပါတယ္။ အထူးစုံစမ္းေရးအရာရွိ ခန္႔အပ္တဲ့ကိစၥ မၿပီးခင္မွာ တရားေရးဌာနက သမၼတေဟာင္းအေပၚ ရာဇ၀တ္ေၾကာင္းနဲ႔ စုံစမ္းစစ္ေဆးေနတဲ့ လုပ္ငန္းေတြကို ဆိုင္းငံ့ထားဖို႔လည္း တရားသူႀကီးက အမိန္႔ခ်မွတ္ခဲ့ပါတယ္။ ၂၀၂၁ ခုႏွစ္က သမၼတတာ၀န္ သက္တမ္း ကုန္ဆုံးခ်ိန္မွာ ဥပေဒအရ အမ်ဳိးသားမွတ္တမ္းဌာနကို အပ္ႏွံရမယ့္ ထိပ္တန္းလ်ဳိ႔၀ွက္ မွတ္တမ္းေတြ ဖေလာ္ရီဒါအိမ္မွာ ေရာက္ေနတယ္ဆိုၿပီး တရားေရးဌာနက စုံစမ္းစစ္ေဆးေနတာ ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

..............................................................

ထရမ့်အိမ်က သိမ်းသွားတဲ့ မှတ်တမ်းတွေ စိစစ်မယ့် အထူးအရာရှိခန့်အပ်ဖို့ တရားသူကြီးခွင့်ပြု

{{Zawgyi/Unicode}}
အမေရိကန် သမ္မတဟောင်း Donald Trump ရဲ့ ဖလော်ရီဒါပြည်နယ် Mar-a- Lago အပန်းဖြေစံအိမ်ကနေ သိမ်းဆည်းသွားခဲ့တဲ့ ထောင်နဲ့ချီတဲ့ အထောက်အထားတွေထဲက တချို့ကို ပြန်ပေးသင့်မသင့် စီစစ်ဖို့ လွတ်လပ်တဲ့ အထူးစစ်ဆေးရေး အရာရှိခန့်အပ်ရေး သမတဟောင်းရဲ့ တောင်းဆိုချက်ကို ပြည်ထောင်စု တရားသူကြီးတဦးက ခွင့်ပြုလိုက်ပါတယ်။

အမေရိကန် ပြည်ထောင်စု စုံစမ်းစစ်ဆေးရေးဗျုရို (FBI) က သိမ်းဆည်းခဲ့တဲ့ အထူးကန့်သတ် အဆင့်အတန်း မှတ်တမ်း အထောက်အထားတွေကို တရားရေးဌာနက စိစစ်ပြီးဖြစ်တာကြောင့် အထူးစစ်ရေးရေး အရာရှိတဦးကို တာဝန်ပေးစရာ မလိုကြောင်း ပြီးခဲ့တဲ့ သီတင်းပတ်ထဲ တရားရေးဌာနက ကန့်ကွက်ထားပေမဲ့ ဖလော်ရီဒါပြည်နယ်က ခရိုင်တရားသူကြီး Aileen Cannon တနင်္လာနေ့မှာ ခွင့်ပြုလိုက်တာပါ။

FBI က သိမ်းဆည်းခဲ့တဲ့ အထောက်အထားမှတ်တမ်း ၁ ၁ဝဝ ထဲက ၅၀၀ လောက်ဟာ သမ္မတဟောင်းထရန့် သိမ်းဆည်းထားခွင့်ရှိတဲ့ စာရွက်စာတမ်းတွေဖြစ်ပြီး၊ ပြန်ပေးဖို့လိုကောင်းလိုနိုင်ကြောင်း တရားရေးဌာန ကပြောဆိုထားပါတယ်။ တရားသူကြီးကတော့ သိမ်းဆည်းသွားတဲ့ အထဲမှာ ကျန်းမာရေးဆိုင်ရာမှတ်တမ်းတွေ၊ စာရင်းအင်းမှတ်တမ်းတွေနဲ့ အခွန်အခ ဆိုင်ရာစာရွက်စာတမ်းတွေ ပါဝင်ကြောင်း ပြောပါတယ်။

လွတ်လပ်တဲ့ အထူးစုံစမ်းစစ်ဆေးရေးအဖြစ် တာဝန်ပေးဖို့ လျာထားသူတွေရဲ့ အမည်စာရင်းကို သောကြာနေ့ နောက်ဆုံးထား တင်သွင်းဖို့ တရားလိုဖြစ်တဲ့ တရားရေးဌာနနဲ့ ထရန့်ရဲ့ အကျိုးဆောင် ရှေ့နေတွေကိုပါ တရားသူကြီးက ညွှန်ကြားထားပါတယ်။ အထူးစုံစမ်းရေးအရာရှိ ခန့်အပ်တဲ့ကိစ္စ မပြီးခင်မှာ တရားရေးဌာနက သမ္မတဟောင်းအပေါ် ရာဇဝတ်ကြောင်းနဲ့ စုံစမ်းစစ်ဆေးနေတဲ့ လုပ်ငန်းတွေကို ဆိုင်းငံ့ထားဖို့လည်း တရားသူကြီးက အမိန့်ချမှတ်ခဲ့ပါတယ်။ ၂၀၂၁ ခုနှစ်က သမ္မတတာဝန် သက်တမ်း ကုန်ဆုံးချိန်မှာ ဥပဒေအရ အမျိုးသားမှတ်တမ်းဌာနကို အပ်နှံရမယ့် ထိပ်တန်းလျို့ဝှက် မှတ်တမ်းတွေ ဖလော်ရီဒါအိမ်မှာ ရောက်နေတယ်ဆိုပြီး တရားရေးဌာနက စုံစမ်းစစ်ဆေးနေတာ ဖြစ်ပါတယ်။

XS
SM
MD
LG