သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ဂ်ပန္နဲ႔ ေတာင္ကိုရီးယားမွာ ႏွင္းမုန္တိုင္းေတြ တိုက္ခတ္


ဂ်ပန္ႏိုင္ငံ ေတာ္တိုရီၿမိဳ႕မွာ ႏွင္းရွင္းေနတဲ့ အမ်ိဳးသားတစ္ဦး (ဇန္နဝါရီ ၂၄၊ ၂၀၂၃)

ဂ်ပန္ႏုိင္ငံေျမာက္ပိုင္းမွာ ဆီးႏွင္းေတြအႀကီးအက်ယ္ ဆက္က်နၿပီး ပင္လယ္ျပင္မွာလည္း လိႈင္းႀကီး၊ ေလထန္ေနပါတယ္။ ႏွင္းေတြက်ၿပီး အပူခ်ိန္ဟာ စံခ်ိန္တင္ေလာက္ေအာင္ က်ဆင္းေနတာေၾကာင့္ ဂ်ပန္ႏုိင္ငံတ၀န္းမွာ သယ္ယူပို႔ေဆာင္ေရးလုပ္ငန္းေတြ ထိခိုက္ေနၿပီး ခရီးစဥ္ အေတာ္မ်ားမ်ား ဖ်က္ထားရပါတယ္။ ရထားခရီးစဥ္ ရာနဲ႔ခ်ီ ဖ်က္လိုက္ရၿပီး၊ ေလယာဥ္ခရီးစဥ္ေတြလည္း အေတာ္မ်ားမ်ား ဒီေန႔ၾကာသပေတးေန႔မွာ ဖ်က္ထားရပါတယ္။ ဟိုကိုင္းဒိုး (Hokkaido) ကၽြန္းမွာ ဆီးႏွင္းေတြအမ်ားအျပားက်ၿပီး ႏွင္းမုန္တုိင္းသတိေပးခ်က္ေၾကာင့္ တခ်ိဳ႕လမ္းေတြကို ပိတ္လိုက္ရသလို၊ ရွင္ရွီႏိုဆု (Shinshinotsu) ရြာမွာေတာ့ လမ္းသြားလမ္းလာ ၁ ေယာက္ ေသဆုံးခဲ့တယ္လို႔ သိရပါတယ္။ ဒါေပမဲ့ ဂ်ပန္ႏုိင္ငံအလယ္ပိုင္းနဲ႔ အေနာက္ပိုင္းေဒသေတြမွာေတာ့ ဆီးႏွင္းေတြေၾကာင့္ မေန႔က လမ္းေတြပိတ္ၿပီးတဲ့ေနာက္၊ ဒီေန႔မွာေတာ့ အာဏာပိုင္ေတြဘက္က တခ်ိဳ႕အျမန္လမ္းပိုင္းေတြကို ျပန္ဖြင့္ႏိုင္ဖို႔ ျပင္ဆင္ေနၾကပါတယ္။ လမ္းေတြပိတ္လို႔ ေရွ႕ဆက္မသြားႏိုင္တဲ့ ကားတခ်ဳိ႕ တရက္ေက်ာ္ေလာက္ လမ္းေပၚမွာ ပိတ္မိခဲ့ၾကၿပီး ကူညီကယ္ဆယ္ေရးေတြက ယာဥ္ေမာင္းေတြကို အစားအစာနဲ႔ ေရေတြေ၀ေပးခဲ့ၾကပါတယ္။ ရွင္ေမရွင္း (Shin Meishin) အျမန္လမ္းေပၚမွာပိတ္မိေနတဲ့ ကားတန္းဟာ ၂၁ မိုင္ေလာက္အထိ ရွည္တယ္လို႔ က်ိဳဒိုသတင္းေအဂ်င္စီက ေရးပါတယ္။

အလားတူ ေတာင္ကိုရီးယားႏုိင္ငံ ဆုိးလ္ၿမိဳ႕နဲ႔အနီးတ၀ိုက္မွာလည္း ဒီေန႔မနက္က ႏွင္းမုန္တုိင္းေၾကာင့္၊ လမ္းေတြ နဲ႔ ပလက္ေဖာင္းေတြေပၚမွာ ဆီးႏွင္းေတြနဲ႔ ေရခဲေတြဖုံးလႊမ္းၿပီး ကားေတြေရာ လူေတြပါ ျဖည္းျဖည္းခ်င္းသြားၾကရပါတယ္။ တခ်ိဳ႕ေနရာေတြမွာေတာ့ လမ္းေတြေအးခဲကုန္တာေၾကာင့့္ ကားေတြကို ဆက္မေမာင္းႏုိင္ဘဲ ရပ္ထားရပါတယ္။ ဒါေပမဲ့လည္း ဆီးႏွင္းနဲ႔ေရခဲမွတ္ေအာက္ ေအးတဲ့အပူခ်ိန္ေၾကာင့္ ပ်က္စီးမႈ ႀကီးႀကီးက်ယ္က်ယ္ရွိတယ္ဆိုတဲ့ သတင္းေတြ ခုခ်ိန္ထိ မသိရေသးဘဲ၊ ေန႔ခင္းပိုင္းေရာက္ခ်ိန္ ႏွင္းက်တာနည္းသြားတာေၾကာင့္ ဆိုးလ္ၿမိဳ႕ေတာ္နဲ႔ တဝိုက္မွာ ႏွင္းမုန္တုိင္းသတိေပးခ်က္ကို အာဏာပိုင္ေတြဘက္က ျပန္ရုတ္သိမ္းထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode]

ဂျပန်နဲ့ တောင်ကိုရီးယားမှာ နှင်းမုန်တိုင်းတွေ တိုက်ခတ်

ဂျပန်နိုင်ငံမြောက်ပိုင်းမှာ ဆီးနှင်းတွေအကြီးအကျယ် ဆက်ကျနပြီး ပင်လယ်ပြင်မှာလည်း လှိုင်းကြီး၊ လေထန်နေပါတယ်။ နှင်းတွေကျပြီး အပူချိန်ဟာ စံချိန်တင်လောက်အောင် ကျဆင်းနေတာကြောင့် ဂျပန်နိုင်ငံတဝန်းမှာ သယ်ယူပို့ဆောင်ရေးလုပ်ငန်းတွေ ထိခိုက်နေပြီး ခရီးစဉ် အတော်များများ ဖျက်ထားရပါတယ်။ ရထားခရီးစဉ် ရာနဲ့ချီ ဖျက်လိုက်ရပြီး၊ လေယာဉ်ခရီးစဉ်တွေလည်း အတော်များများ ဒီနေ့ကြာသပတေးနေ့မှာ ဖျက်ထားရပါတယ်။ ဟိုကိုင်းဒိုး (Hokkaido) ကျွန်းမှာ ဆီးနှင်းတွေအများအပြားကျပြီး နှင်းမုန်တိုင်းသတိပေးချက်ကြောင့် တချို့လမ်းတွေကို ပိတ်လိုက်ရသလို၊ ရှင်ရှီနိုဆု (Shinshinotsu) ရွာမှာတော့ လမ်းသွားလမ်းလာ ၁ ယောက် သေဆုံးခဲ့တယ်လို့ သိရပါတယ်။ ဒါပေမဲ့ ဂျပန်နိုင်ငံအလယ်ပိုင်းနဲ့ အနောက်ပိုင်းဒေသတွေမှာတော့ ဆီးနှင်းတွေကြောင့် မနေ့က လမ်းတွေပိတ်ပြီးတဲ့နောက်၊ ဒီနေ့မှာတော့ အာဏာပိုင်တွေဘက်က တချို့အမြန်လမ်းပိုင်းတွေကို ပြန်ဖွင့်နိုင်ဖို့ ပြင်ဆင်နေကြပါတယ်။ လမ်းတွေပိတ်လို့ ရှေ့ဆက်မသွားနိုင်တဲ့ ကားတချို့ တရက်ကျော်လောက် လမ်းပေါ်မှာ ပိတ်မိခဲ့ကြပြီး ကူညီကယ်ဆယ်ရေးတွေက ယာဉ်မောင်းတွေကို အစားအစာနဲ့ ရေတွေဝေပေးခဲ့ကြပါတယ်။ ရှင်မေရှင်း (Shin Meishin) အမြန်လမ်းပေါ်မှာပိတ်မိနေတဲ့ ကားတန်းဟာ ၂၁ မိုင်လောက်အထိ ရှည်တယ်လို့ ကျိုဒိုသတင်းအေဂျင်စီက ရေးပါတယ်။

အလားတူ တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့နဲ့အနီးတဝိုက်မှာလည်း ဒီနေ့မနက်က နှင်းမုန်တိုင်းကြောင့်၊ လမ်းတွေ နဲ့ ပလက်ဖောင်းတွေပေါ်မှာ ဆီးနှင်းတွေနဲ့ ရေခဲတွေဖုံးလွှမ်းပြီး ကားတွေရော လူတွေပါ ဖြည်းဖြည်းချင်းသွားကြရပါတယ်။ တချို့နေရာတွေမှာတော့ လမ်းတွေအေးခဲကုန်တာကြောင့် ကားတွေကို ဆက်မမောင်းနိုင်ဘဲ ရပ်ထားရပါတယ်။ ဒါပေမဲ့လည်း ဆီးနှင်းနဲ့ရေခဲမှတ်အောက် အေးတဲ့အပူချိန်ကြောင့် ပျက်စီးမှု ကြီးကြီးကျယ်ကျယ်ရှိတယ်ဆိုတဲ့ သတင်းတွေ ခုချိန်ထိ မသိရသေးဘဲ၊ နေ့ခင်းပိုင်းရောက်ချိန် နှင်းကျတာနည်းသွားတာကြောင့် ဆိုးလ်မြို့တော်နဲ့ တဝိုက်မှာ နှင်းမုန်တိုင်းသတိပေးချက်ကို အာဏာပိုင်တွေဘက်က ပြန်ရုတ်သိမ်းထားပါတယ်။

XS
SM
MD
LG