သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

Memphis ရဲ ႐ိုက္ႏွက္မႈအေပၚ ေဒါသနဲ႔ မတံု႔ျပန္ဖို႔ သမၼတပန္ၾကား  


Tyre Nichols ကို ေသဆံုးေအာင္ ႐ိုက္ႏွက္မႈေၾကာင့္ တာဝန္ကရပ္စိုင္းခံရတဲ့ Memphis ၿမိဳ႕ ရဲတပ္ဖြဲ႔ဝင္ (၅)ဦး

အေမရိကန္ျပည္ေထာင္စု၊ Tennessee ျပည္နယ္ Memphis ၿမိဳ႕မွာ အသက္ ၂၉ ႏွစ္အရြယ္ အာဖရိကန္ႏြယ္ဖြား ယာဥ္ေမာင္းတေယာက္ကို ရဲ ၅ ေယာက္က ရက္ရက္စက္စက္ ႐ိုက္ႏွက္ခဲ့တဲ့ ႐ုပ္သံ ဗြီဒီယိုဖိုင္ကို Memphis ရဲဌာနက ဒီကေန႔ ထုတ္ျပန္ဖို႔ ရွိေနခ်ိ္န္မွာပဲ တည္တည္ၿငိမ္ၿငိမ္တံု႔ျပန္ၾကဖို႔ သမၼတဂ်ိဳးဘိုင္ဒန္က တိုက္တြန္းထားပါတယ္။ မေက်မနပ္ ေဒါသျဖစ္တာကို နားလည္ေပမယ့္ အၾကမ္းဖက္မႈကိုေတာ့ ဘယ္ေတာ့မွ လက္ခံမွာ မဟုတ္ဘူးလို႔ သမၼတက မေန႔က ေၾကညာခ်က္ထုတ္ျပန္ေျပာၾကားခဲ့တာပါ။ ရဲေတြရဲ႕ ႐ိုက္ႏွက္မႈေၾကာင့္ ေသဆံုးသြားခဲ့ရတဲ့ Tyre Nichols ရဲ႕ ျဖစ္ရပ္ဟာ ႏိုင္ငံတြင္း ျပစ္မႈဆိုင္ရာ တရားစီရင္မႈေတြမွာ လူတိုင္းအေပၚ ဂုဏ္သိကၡာနဲ႔အညီ တန္းတူညီမွ် ဆက္ဆံတဲ့၊ မွ်တတဲ့ တရားစီရင္မႈေတြျဖစ္ရမယ္လို႔ ကတိျပဳထားတဲ့အတိုင္း ျဖစ္လာဖို႔ လိုအပ္ေနေသးတယ္ ဆိုတာကို နာက်င္စရာ သတိေပး ေနတာပါပဲလို႔လည္း သမၼတဘိုင္ဒန္က ေျပာပါတယ္။ Memphis ၿမိဳ႕ေတာ္၀န္ Jim Stickland ကလည္း ခုလိုျဖစ္ရပ္မ်ိဳး ထပ္မျဖစ္ေအာင္ အေရးယူ ေဆာင္ရြက္မႈေတြ လုပ္သြားမယ့္အေၾကာင္း ေျပာပါတယ္။

“ဒီ ရဲ၀န္ထမ္းေတြရဲ႕ လုပ္ရပ္က ဆိုးရြားလြန္းပါတယ္။ ရဲတပ္ဖြဲ႔၀င္ေတြအပါအ၀င္ ဘယ္သူတဦးတေယာက္မွ ဥပေဒရဲ႕အထက္မွာ မရွိရပါဘူး။ ဒီလိိုဆိုးရြားတဲ့ ျဖစ္ရပ္မ်ိဳးေတြ ထပ္မျဖစ္ရေအာင္ လုပ္ေဆာင္ႏိုင္တာ မွန္သမွ် လုပ္သြားပါမယ္လို႔” ၿမိဳ႕ေတာ္၀န္ Jim Stickland က မေန႔က သတင္းစာရွင္းလင္းပြဲမွာ ကတိျပဳ ေျပာဆိုသြားတာပါ။ ဇန္နဝါရီလ ၇ ရက္ေန႔က Tyre Nichols ေမာင္းလာတဲ့ကားကို ရဲေတြ တားၿပီးစစ္ေဆးခ်ိန္ အခ်င္းမ်ားရာကေန ရဲ၀န္ထမ္း ၅ ဦးက ဝိုင္း၀န္း ႐ိုက္ႏွက္တာ ခံရၿပီး ျပင္းျပင္းထန္ထန္ ဒဏ္ရာရခဲ့ၿပီးတဲ့ေနာက္ ၃ ရက္အၾကာ ေဆးရံုမွာ ေသဆံုး သြားတာပါ။ ရဲေတြကိုယ္မွာ တပ္ထားတဲ့ Video ကင္မရာကေန မွတ္တမ္းတင္ထားတဲ့ ဗီဒီယိုပံုေတြကို အမ်ားျပည္သူၾကည့္ႏိုင္ေအာင္ ဒီေန႔ ထုတ္ျပန္မွာျဖစ္ပါတယ္။ အျဖစ္အပ်က္မွာပါဝင္တဲ့ ရဲ၀န္ထမ္း ၅ ေယာက္ကို လူေသေစမႈ၊ အျပင္းအထန္ နာက်င္ေစမႈ၊ က်င့္၀တ္စည္းကမ္းနဲ႔အညီ မေဆာင္ရြက္မႈ အပါအ၀င္ စြဲခ်က္ေတြနဲ႔ တရားစြဲထားပါတယ္။

Nichols ေသဆံုးခဲ့ရတဲ့ျဖစ္ရပ္နဲ႔ ပတ္သက္လို႔ ရဲေတြရဲ႕ ကိုယ္ေပၚမွာ တပ္ထားတဲ့ Body camera ေတြကေန ရယူထားတဲ့ ႐ုပ္သံဖိုင္ေတြကို ဒီကေန႔ ထုတ္ျပန္တဲ့အခါ မေက်မနပ္ ဆႏၵျပမႈေတြ ျဖစ္လာႏိုင္တာေၾကာင့္ Memphis နဲ႔ တျခား ၿမိဳ႕ႀကီးေတြမွာ ဒီအတြက္ ႀကိဳတင္ျပင္ဆင္တာေတြလည္း ရွိပါတယ္။ အေမရိကန္ျပည္ေထာင္စုမွာ ရဲ၀န္ထမ္းတခ်ိဳ႕ရဲ႕ ဖမ္းဆီး ႐ိုက္ႏွက္မႈေၾကာင့္ ေသဆံုးရတဲ့ ျဖစ္ရပ္ေတြနဲ႔ ဒါကို မေက်နပ္တဲ့ ႏိုင္ငံတ၀န္း ကန္႔ကြက္ဆႏၵျပပြဲႀကီးေတြ အရင္ကလည္း ျဖစ္ခဲ့ဖူးတာေၾကာင့္ ခုတႀကိမ္ ထပ္ျဖစ္မွာကို စိုးရိမ္ေနၾကတာ ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode]

အမေရိကန်ပြည်ထောင်စု၊ Tennessee ပြည်နယ် Memphis မြို့မှာ အသက် ၂၉ နှစ်အရွယ် အာဖရိကန်နွယ်ဖွား ယာဉ်မောင်းတယောက်ကို ရဲ ၅ ယောက်က ရက်ရက်စက်စက် ရိုက်နှက်ခဲ့တဲ့ ရုပ်သံ ဗွီဒီယိုဖိုင်ကို Memphis ရဲဌာနက ဒီကနေ့ ထုတ်ပြန်ဖို့ ရှိနေချိန်မှာပဲ တည်တည်ငြိမ်ငြိမ် တုံ့ပြန်ကြဖို့ သမ္မတဂျိုးဘိုင်ဒန်က တိုက်တွန်းထားပါတယ်။ မကျေမနပ် ဒေါသဖြစ်တာကို နားလည်ပေမယ့် အကြမ်းဖက်မှုကိုတော့ ဘယ်တော့မှ လက်ခံမှာ မဟုတ်ဘူးလို့ သမ္မတက မနေ့က ကြေညာချက်ထုတ်ပြန်ပြောကြားခဲ့တာပါ။ ရဲတွေရဲ့ ရိုက်နှက်မှုကြောင့် သေဆုံးသွားခဲ့ရတဲ့ Tyre Nichols ရဲ့ ဖြစ်ရပ်ဟာ နိုင်ငံတွင်း ပြစ်မှုဆိုင်ရာ တရားစီရင်မှုတွေမှာ လူတိုင်းအပေါ် ဂုဏ်သိက္ခာနဲ့အညီ တန်းတူညီမျှ ဆက်ဆံတဲ့၊ မျှတတဲ့ တရားစီရင်မှုတွေဖြစ်ရမယ်လို့ ကတိပြုထားတဲ့အတိုင်း ဖြစ်လာဖို့ လိုအပ်နေသေးတယ် ဆိုတာကို နာကျင်စရာ သတိပေး နေတာပါပဲလို့လည်း သမ္မတဘိုင်ဒန်က ပြောပါတယ်။ Memphis မြို့တော်ဝန် Jim Stickland ကလည်း ခုလိုဖြစ်ရပ်မျိုး ထပ်မဖြစ်အောင် အရေးယူ ဆောင်ရွက်မှုတွေ လုပ်သွားမယ့်အကြောင်း ပြောပါတယ်။

“ဒီ ရဲဝန်ထမ်းတွေရဲ့ လုပ်ရပ်က ဆိုးရွားလွန်းပါတယ်။ ရဲ တပ်ဖွဲ့ဝင်တွေအပါအဝင် ဘယ်သူတဦးတယောက်မှ ဥပဒေရဲ့အထက်မှာ မရှိရပါဘူး။ ဒီလိုဆိုးရွားတဲ့ ဖြစ်ရပ်မျိုးတွေ ထပ်မဖြစ်ရအောင် လုပ်ဆောင်နိုင်တာ မှန်သမျှ လုပ်သွားပါမယ်လို့” မြို့တော်ဝန် Jim Stickland က မနေ့က သတင်းစာရှင်းလင်းပွဲမှာ ကတိပြု ပြောဆိုသွားတာပါ။ ဇန်နဝါရီလ ၇ ရက်နေ့က Tyre Nichols မောင်းလာတဲ့ကားကို ရဲတွေ တားပြီးစစ်ဆေးချိန် အချင်းများရာကနေ ရဲဝန်ထမ်း ၅ ဦးက ဝိုင်းဝန်း ရိုက်နှက်တာ ခံရပြီး ပြင်းပြင်းထန်ထန် ဒဏ်ရာရခဲ့ပြီးတဲ့နောက် ၃ ရက်အကြာ ဆေးရုံမှာ သေဆုံး သွားတာပါ။ ရဲတွေကိုယ်မှာ တပ်ထားတဲ့ Video ကင်မရာကနေ မှတ်တမ်းတင်ထားတဲ့ ဗီဒီယိုပုံတွေကို အများပြည်သူကြည့်နိုင်အောင် ဒီနေ့ ထုတ်ပြန်မှာဖြစ်ပါတယ်။ အဖြစ်အပျက်မှာပါဝင်တဲ့ ရဲဝန်ထမ်း ၅ ယောက်ကို လူသေစေမှု၊ အပြင်းအထန် နာကျင်စေမှု၊ ကျင့်ဝတ်စည်းကမ်းနဲ့အညီ မဆောင်ရွက်မှု အပါအဝင် စွဲချက်တွေနဲ့ တရားစွဲထားပါတယ်။

Nichols သေဆုံးခဲ့ရတဲ့ဖြစ်ရပ်နဲ့ ပတ်သက်လို့ ရဲတွေရဲ့ ကိုယ်ပေါ်မှာ တပ်ထားတဲ့ Body camera တွေကနေ ရယူထားတဲ့ ရုပ်သံဖိုင်တွေကို ဒီကနေ့ ထုတ်ပြန်တဲ့အခါ မကျေမနပ် ဆန္ဒပြမှုတွေ ဖြစ်လာနိုင်တာကြောင့် Memphis နဲ့ တခြား မြို့ကြီးတွေမှာ ဒီအတွက် ကြိုတင်ပြင်ဆင်တာတွေလည်း ရှိပါတယ်။ အမေရိကန်ပြည်ထောင်စုမှာ ရဲဝန်ထမ်းတချို့ရဲ့ ဖမ်းဆီး ရိုက်နှက်မှုကြောင့် သေဆုံးရတဲ့ ဖြစ်ရပ်တွေနဲ့ ဒါကို မကျေနပ်တဲ့ နိုင်ငံတဝန်း ကန့်ကွက်ဆန္ဒပြပွဲကြီးတွေ အရင်ကလည်း ဖြစ်ခဲ့ဖူးတာကြောင့် ခုတကြိမ် ထပ်ဖြစ်မှာကို စိုးရိမ်နေကြတာ ဖြစ်ပါတယ်။

XS
SM
MD
LG