သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

Oklahoma ပစ်ခတ်မှု လေးဦးသေဆုံး


Oklahoma ျပည္နယ္က ပစ္ခတ္မႈျမင္ကြင္း။

[[Zawgyi/Unicode]]

အေမရိကန္ႏိုင္ငံ Oklahoma ျပည္နယ္မွာ ပစ္ခတ္မူျဖစ္ၿပီး လူ ၄ ဦး ေသဆုံးခဲ့ရတယ္လို႔ ရဲေတြက ဆိုပါတယ္။

ႏိုင္ငံေတာင္ပိုင္းရွိ Oklahoma ျပည္နယ္ Tulsa ၿမိဳ.ႀကီးက ေဆး႐ုံဝန္းထဲ မေန႔ညေနတုံးက ေသနပ္သမားတစ္ဦး ပစ္ခတ္မူေၾကာင့္ ေနာက္ထပ္ ၁၀ ဦးခန႔္ ဒဏ္ရာေတြရခဲ့ေသးတယ္လို႔ ရဲေတြက ဆက္ေျပာပါတယ္။

Saint Francis ေဆး႐ုံ ျပင္ပလူနာဌာန အေဆာက္အဦးထဲမွာ အခုလို ပစ္ခတ္ဖို႔ သံသယရွိဖြယ္ ေသနပ္သမား လူပ္ရွားမူကို မေန႔ ညေနမွာ စေတြ႕ေတြ႕ခ်င္း မီးနစ္ပိုင္းထဲမွာပဲ ရဲေတြက သူနဲ႔ အဆက္အသြယ္ ရေအာင္လုပ္ခဲ့တယ္လို႔ ရဲ ေျပာခြင့္ရွိသူက ရွင္းျပပါတယ္။

Tulsa ၿမိဳ. ရဲတပ္ဖြဲ႕ ေျပာေရးဆိုခြင့္ရွိသူ ဒု ရဲမူးႀကီး Eric Dalgleish က သုံးမီးနစ္အတြင္း ခ်က္ခ်င္းတုံ႔ျပန္ႏိုင္ၿပီး၊ ညေန ၅ နာရီ တစ္မီးနစ္မွာ သံသယရွိတဲ့ ေသနပ္သမားနဲ႔ေရာ၊ အထဲမွာပိတ္မိေနသူေတြနဲ႔ပါ အဆက္အသြယ္ရခဲ့တယ္လို႔ ဆိုပါတယ္။

လူေတြ ဒုတိယထပ္ကို ထြက္ေျပးခဲ့ဲၿပီး၊ အေဆာက္အဦးထဲက ပစ္ခတ္သံေတြကိုရဲေတြ ၾကားခဲ့ရခ်ိန္မွာ အဲ့ဒိကို ခ်က္ခ်င္း တက္သြားခဲ့တယ္လို႔ ဒုရဲမူးႀကီး Dalgleish က ဆက္ရွင္းျပပါတယ္။

ရဲေတြ အထဲေရာက္သြားခ်ိန္မွာေတာ့ ပစ္ခတ္ခဲ့တဲ့ ေသနပ္သမားအျဖစ္ သံသယရွိသူလည္း ေသဆုံးေနၿပီး၊ သူ႔ကိုယ္သူ ျပန္ပစ္သတ္ခဲ့တာ ျဖစ္ႏိုင္တယ္လို႔ ဒုရဲမူးႀကီး Dalgleish က ဆက္ေျပာခဲ့ေပမဲ့ သူဘယ္သူဆိုတာကို ထုတ္မေျပာေသးပါဘူး။

အ႐ြယ္ေရာက္သူ အမ်ိဳးသားျဖစ္တဲ့ သံသယ ေသနပ္သမားအေနနဲ႔ ဘာေၾကာင့္ ပစၥတိုနဲ႔ ႐ိုင္ဖယ္ေဝွ.ယမ္းၿပီး ခြဲစိတ္နဲ႔ ရင္သားက်န္းမာေရး ျပင္ပလူနာဌာနရွိရာ Natalie အေဆာက္အဦးထဲမွာ ပစ္ခတ္ခဲ့တာကိုလည္း မရွင္းလင္းေသးဘူးလို႔ ရဲေတြကဆိုေနပါတယ္။

ေသဆုံး ဒဏ္ရာခဲ့ရသူေတြကေတာ့ ေဆး႐ုံ မိသားစုဝင္ေတြနဲ႔ ပတ္သက္သူေတြ ျဖစ္ေနၿပီး၊ ဂုဏ္သိကၡာကို ေလးစားတဲ့အေနနဲ႔ သူတို႔ရဲ႕ အမည္ေတြကို ထုတ္ျပန္မွာ မဟုတ္ေသးဘူးလို႔လည္း Saint Francis ေဆး႐ုံက ေၾကညာခ်က္ထုတ္ျပန္ထားပါတယ္။

Oklahoma ပစ်ခတ်မှု လေးဦးသေဆုံး
please wait

No media source currently available

0:00 0:00:59 0:00
တိုက္႐ိုက္ လင့္ခ္

[[Unicode]]

အမေရိကန်နိုင်ငံ Oklahoma ပြည်နယ်မှာ ပစ်ခတ်မူဖြစ်ပြီး လူ ၄ ဦး သေဆုံးခဲ့ရတယ်လို့ ရဲတွေက ဆိုပါတယ်။

နိုင်ငံတောင်ပိုင်းရှိ Oklahoma ပြည်နယ် Tulsa မြို.ကြီးက ဆေးရုံဝန်းထဲ မနေ့ညနေတုံးက သေနပ်သမားတစ်ဦး ပစ်ခတ်မူကြောင့် နောက်ထပ် ၁၀ ဦးခန့် ဒဏ်ရာတွေရခဲ့သေးတယ်လို့ ရဲတွေက ဆက်ပြောပါတယ်။

Saint Francis ဆေးရုံ ပြင်ပလူနာဌာန အဆောက်အဦးထဲမှာ အခုလို ပစ်ခတ်ဖို့ သံသယရှိဖွယ် သေနပ်သမား လူပ်ရှားမူကို မနေ့ ညနေမှာ စတွေ့တွေ့ချင်း မီးနစ်ပိုင်းထဲမှာပဲ ရဲတွေက သူနဲ့ အဆက်အသွယ် ရအောင်လုပ်ခဲ့တယ်လို့ ရဲ ပြောခွင့်ရှိသူက ရှင်းပြပါတယ်။

Tulsa မြို. ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဒု ရဲမူးကြီး Eric Dalgleish က သုံးမီးနစ်အတွင်း ချက်ချင်းတုံ့ပြန်နိုင်ပြီး၊ ညနေ ၅ နာရီ တစ်မီးနစ်မှာ သံသယရှိတဲ့ သေနပ်သမားနဲ့ရော၊ အထဲမှာပိတ်မိနေသူတွေနဲ့ပါ အဆက်အသွယ်ရခဲ့တယ်လို့ ဆိုပါတယ်။

လူတွေ ဒုတိယထပ်ကို ထွက်ပြေးခဲ့ဲပြီး၊ အဆောက်အဦးထဲက ပစ်ခတ်သံတွေကိုရဲတွေ ကြားခဲ့ရချိန်မှာ အဲ့ဒိကို ချက်ချင်း တက်သွားခဲ့တယ်လို့ ဒုရဲမူးကြီး Dalgleish က ဆက်ရှင်းပြပါတယ်။

ရဲတွေ အထဲရောက်သွားချိန်မှာတော့ ပစ်ခတ်ခဲ့တဲ့ သေနပ်သမားအဖြစ် သံသယရှိသူလည်း သေဆုံးနေပြီး၊ သူ့ကိုယ်သူ ပြန်ပစ်သတ်ခဲ့တာ ဖြစ်နိုင်တယ်လို့ ဒုရဲမူးကြီး Dalgleish က ဆက်ပြောခဲ့ပေမဲ့ သူဘယ်သူဆိုတာကို ထုတ်မပြောသေးပါဘူး။

အရွယ်ရောက်သူ အမျိုးသားဖြစ်တဲ့ သံသယ သေနပ်သမားအနေနဲ့ ဘာကြောင့် ပစ္စတိုနဲ့ ရိုင်ဖယ်ဝှေ.ယမ်းပြီး ခွဲစိတ်နဲ့ ရင်သားကျန်းမာရေး ပြင်ပလူနာဌာနရှိရာ Natalie အဆောက်အဦးထဲမှာ ပစ်ခတ်ခဲ့တာကိုလည်း မရှင်းလင်းသေးဘူးလို့ ရဲတွေကဆိုနေပါတယ်။

သေဆုံး ဒဏ်ရာခဲ့ရသူတွေကတော့ ဆေးရုံ မိသားစုဝင်တွေနဲ့ ပတ်သက်သူတွေ ဖြစ်နေပြီး၊ ဂုဏ်သိက္ခာကို လေးစားတဲ့အနေနဲ့ သူတို့ရဲ့ အမည်တွေကို ထုတ်ပြန်မှာ မဟုတ်သေးဘူးလို့လည်း Saint Francis ဆေးရုံက ကြေညာချက်ထုတ်ပြန်ထားပါတယ်။

ဆက္စပ္သတင္းမ်ား ...

XS
SM
MD
LG