သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

သထုံၿမိဳ႕ဘက္မွာ ရဲစခန္းဝင္ပစ္သူႏွစ္ဦး စစ္ေကာင္စီတပ္နဲ႔ပစ္ခတ္မႈျဖစ္ၿပီး တဦးေသဆုံး 


မြန္ျပည္နယ္က စစ္တပ္ဂိတ္တခု ( ဓာတ္ပံု- Reuters)

မြန္ျပည္နယ္၊ သထုံၿမိဳ႕နယ္၊ သုဝဏၰဝတီၿမိဳ႕၊ က်ိဳေကၠာ္ရပ္ကြက္မွာ ဒီေန႔ ဇန္နဝါရီလ ၂၀ ရက္ မနက္ပိုင္းက ပစ္ခတ္မႈ ျဖစ္ခဲ့ပါ တယ္။ သိမ္ဆိပ္ရဲစခန္းကို ဝင္ပစ္တဲ့ ဆိုင္ကယ္သမား ႏွစ္ဦးနဲ႔ စစ္တပ္ကင္းလွည့္ကားတို႔ ထိပ္တိုက္ေတြ႕ၿပီး အျပန္အလွန္ ပစ္ခတ္မႈျဖစ္ခဲ့တာပါ။ အဲဒီျဖစ္စဥ္မွာ ဆိုင္ကယ္သမားတဦး ေသဆုံးၿပီး တဦးက ဖမ္းဆီးခံရသလို စစ္ေကာင္စီဘက္က ႏွစ္ဦး ဒဏ္ရာရခဲ့တယ္လို႔ ပစ္ခတ္မႈျဖစ္တဲ့နားမွာ ရွိေနသူတဦးကေျပာပါတယ္။ မြန္ျပည္နယ္ထဲမွာ အခုရက္ပိုင္း ပစ္ခတ္မႈ၊ ေပါက္ကြဲမႈ ေတြ ရွိေနတဲ့အေၾကာင္း ရန္ကုန္ကေပးပို႔တဲ့သတင္းကို အလိမၼာကေျပာျပပါမယ္။

ဇန္နဝါရီ ၂၀ ရက္ ဒီေန႔မနက္ပိုင္းက သထုံၿမိဳ႕နယ္ သုဝဏၰဝတီၿမိဳ႕ထဲက သိမ္ဆိပ္ရဲစခန္းကို ဆိုင္ကယ္စီး လူႏွစ္ေယာက္က ဝင္ပစ္ၿပီး ဆိုင္ကယ္နဲ႔ ျပန္ထြက္ခ်ိန္ စစ္တပ္ကင္းလွည့္ယာဥ္နဲ႔ လမ္းမွာ ထိပ္တိုက္တိုးၿပီး အျပန္အလွန္ ပစ္ခတ္ခဲ့ၾကတာပါ။

ဆိုင္ကယ္သမားႏွစ္ဦးထဲက တဦး ေသဆုံးသြားၿပီး က်န္တဲ့တေယာက္က ဖမ္းဆီးခံရသလို စစ္ေကာင္စီဘက္က ႏွစ္ေယာက္ ဒဏ္ရာခဲ့တယ္လို႔ အနီးအနားမွာရွိေနတဲ့ ေဒသခံတဦးက ေျပာပါတယ္။

“ပစ္ၿပီးေတာ့ သူတို႔က ျပန္ထြက္တာေလ။ သူတို႔က နယ္ေျမခံ မဟုတ္လို႔လားေတာ့ မသိဘူး။ သူတို႔လမ္းမကြၽမ္းဘူးေလ။ အဲ့ သူတို႔ လာတဲ့လမ္းအတိုင္းပဲ သူတို႔ျပန္သြားတာ။ ျပန္ထြက္တဲ့အခါက်ေတာ့ ဟိုက ကင္းလွည့္တဲ့ အဲ့ဒီစစ္ကားနဲ႔ တည့္တည့္တိုး တာ အဲ့ဒါမ်ိဳး တိုးတဲ့အခါက် အဲ့ဒါက စစ္သား သူတို႔ကို ပစ္တာေပါ့ေနာ္။ ပစ္ေတာ့ အဲ့ဒီဆိုင္ကယ္ေပၚက ႏွစ္ေယာက္က တေယာက္က ဆုံးသြားတယ္။ အဲ့ဒီစစ္ကားေပၚမွာက်ေတာ့ စစ္သားႏွစ္ေယာက္က တေယာက္ ေနာက္စိလား လည္ပင္းလား မသိဘူး ထိသြားတာ တေယာက္က ခါးထိတယ္။ အဲ့စစ္သားႏွစ္ေယာက္က်ေတာ့ ေဆး႐ုံေရာက္သြားတာေပါ့။ ၿပီးေတာ့ အဲ့ဒီဆိုင္ကယ္သမား ႏွစ္ေယာက္ထဲမွာက်ေတာ့ တေယာက္ဆုံးသြားတယ္။ တေယာက္က်ေတာ့ စစ္သားေတြက ဖမ္းလိုက္တယ္။”

ပစ္ခတ္မႈေတြ ျဖစ္ၿပီးေနာက္ စစ္ေကာင္စီ လုံၿခဳံေရးတပ္ဖြဲ႕ဝင္ေတြက လမ္းေတြ ပိတ္ဆို႔ စစ္ေဆးခဲ့ၾကပါတယ္။ ႐ြာၾကာေက်း႐ြာ၊ ဝင္းပေက်း႐ြာဘက္ေတြလည္း လမ္းပိတ္စစ္ေဆးေနၿပီး တခ်ိဳ႕ေနရာမွာ ကင္းပုန္းခ်ထားတယ္လို႔ ေဒသခံေတြက ေျပာပါတယ္။

သထုံၿမိဳ႕နယ္ထဲကပဲ ေျမနီကုန္းေက်း႐ြာအနားက ဓါတ္ေငြ႕ပိုက္လိုင္းနားမွာ မိုင္းေထာင္တိုက္ခိုက္လို႔ ပိုက္လိုင္း အနည္းငယ္ ထိခိုက္ပ်က္စီးခဲ့ပါတယ္။

ေမာ္လၿမိဳင္ၿမိဳ႕ မုပြန္ရပ္ကြက္က မီတာ႐ုံးမွာလည္း ဒီေန႔ ေပါက္ကြဲမႈတခုျဖစ္ပြားခဲ့တယ္လို႔ ၿမိဳ႕ခံတဦးက ေျပာပါတယ္။ ခုလို

အေျခအေနေတြေၾကာင့္ ေမာ္လၿမိဳင္ၿမိဳ႕ တၿမိဳ႕လုံးမွာ လုံၿခဳံေရးတင္းၾကပ္ေနတယ္လို႔ ၿမိဳ႕ခံကေျပာပါတယ္။

“လုံၿခဳံေရးကေတာ့ ဒီရဲတပ္ဖြဲ႕ကားေတြ လွည့္ေနတယ္။ ဒါပုံမွန္ပဲေပါ့။ အင္အားပုံမွန္ေလာက္နဲ႔ပဲ လွည့္တယ္။ တမို႔လုံးမွာ ကေတာ့ CCTV ကင္မရာႀကီးေတြက လမ္းဆုံလမ္းခြေတြမွာ တပ္ထားတယ္ေလ။ စုံလည္ ကင္မရာႀကီးနဲ႔။ ဒီေန႔မနက္ကေတာ့ ဗုံးေပါက္ကြဲမႈျဖစ္တယ္။ မုပြန္ရပ္ကြက္ ဘူတာေဟာင္းေပါ့ေနာ္၊ ေမာ္လၿမိဳင္ဘူတာေဟာင္းေရွ႕က မီတာ႐ုံး ဗုံးေပါက္ကြဲတာ ၉ နာရီ ၁၅ ေလာက္မွာ အဂၤါေန႔ ညပိုင္း ၇ နာရီေလာက္က အေဝးေျပးကားဂိတ္အနီးမွာ ေပါက္ကြဲမႈတခုရွိတယ္။”

ေခ်ာင္းဆုံၿမိဳ႕နယ္ထဲမွာလည္း ဇန္နဝါရီ ၁၈ ရက္ေန႔ အဂၤါေန႔က ပစ္ခတ္မႈတခုျဖစ္ခဲ့ၿပီး ဘီးလူးကြၽန္း-ေခ်ာင္းဆုံ တံတားကို လုံၿခဳံေရးေတြ ပိတ္ဆို႔ ရွာေဖြခဲ့တယ္လို႔ ေဒသခံတဦးက ေျပာပါတယ္။

“လြန္ခဲ့တဲ့ ရက္ပိုင္းကေတာ့ အဲ့ဒီ ေခ်ာင္းဆုံဘက္မွာ တိုက္ပြဲေတြ ျဖစ္ေနတယ္။ ေပါက္ကြဲမႈအသံေတြ ျဖစ္တယ္ဆိုတာ ၾကားတယ္။ အဲ့ဒီက ေဒသခံေတြကလည္း ေျပာတယ္။ ေမာ္လၿမိဳင္မွာ အလုပ္လုပ္ေတာ့ ကယ္ရီေမာင္းၾကေတာ့ ကယ္ရီသြားရင္းနဲ႔ ဟိုဘက္ကမ္းကူးဖို႔ လုပ္ေနတဲ့အခ်ိန္မွာ ဟိုဘက္ကမ္းကို ကူးလို႔မရဘူး။ တံတားႀကီးပိတ္ေနတယ္။ စုံစမ္းၾကည့္လိုက္ေတာ့ ဒီလို ဒီလိုပဲတဲ့ သူတို႔ တံတားကိုပိတ္ၿပီးေတာ့ စစ္ေဆးေရးေတြ လုပ္ေနတယ္လို႔ ေျပာလို႔တဲ့ အခ်ိန္က ေတာ္ေတာ္ၾကာသြားတယ္။ လက္ရွိ တံတားပိတ္တဲ့ အေနအထားနဲ႔ သူတို႔ လက္ရွိစစ္ေဆးေနတဲ့ အေနအထားရွိတာေပါ့။ ဒီရက္ဆို ေမာ္လၿမိဳင္နဲ႔ ေခ်ာင္းဆုံဘက္ေတြေပါ့ အနီးအနားဝန္းက်င္မွာ ခါတိုင္းနဲ႔ မတူေတာ့ဘူး စစ္ေဆးေရးေတြ အရမ္းမ်ားလာတယ္။ အရင္က ဆိုလို႔ရွိရင္ နည္းနည္းပါးပါးေလာက္ပဲ စစ္တယ္။ အခုကဆိုရွိရင္ ေလွ်ာက္စစ္တယ္။”

အခုလိုေပါက္ကြဲမႈေတြေၾကာင့္ ေဒသခံေတြၾကားမွာ လုံၿခဳံေရးအရ စိုးရိမ္မႈေတြလည္း ရွိေနတယ္လို႔ ေဒသခံေတြကေျပာပါတယ္။

.......................................................................................​

တိုက္႐ိုက္ လင့္ခ္


သထုံမြို့ဘက်မှာ ရဲစခန်းဝင်ပစ်သူနှစ်ဦး စစ်ကောင်စီတပ်နဲ့ပစ်ခတ်မှုဖြစ်ပြီး တဦးသေဆုံး

မွန်ပြည်နယ်၊ သထုံမြို့နယ်၊ သုဝဏ္ဏဝတီမြို့၊ ကျိုက္ကော်ရပ်ကွက်မှာ ဒီနေ့ ဇန်နဝါရီလ ၂၀ ရက် မနက်ပိုင်းက ပစ်ခတ်မှု ဖြစ်ခဲ့ပါ တယ်။ သိမ်ဆိပ်ရဲစခန်းကို ဝင်ပစ်တဲ့ ဆိုင်ကယ်သမား နှစ်ဦးနဲ့ စစ်တပ်ကင်းလှည့်ကားတို့ ထိပ်တိုက်တွေ့ပြီး အပြန်အလှန် ပစ်ခတ်မှုဖြစ်ခဲ့တာပါ။ အဲဒီဖြစ်စဉ်မှာ ဆိုင်ကယ်သမားတဦး သေဆုံးပြီး တဦးက ဖမ်းဆီးခံရသလို စစ်ကောင်စီဘက်က နှစ်ဦး ဒဏ်ရာရခဲ့တယ်လို့ ပစ်ခတ်မှုဖြစ်တဲ့နားမှာ ရှိနေသူတဦးကပြောပါတယ်။ မွန်ပြည်နယ်ထဲမှာ အခုရက်ပိုင်း ပစ်ခတ်မှု၊ ပေါက်ကွဲမှု တွေ ရှိနေတဲ့အကြောင်း ရန်ကုန်ကပေးပို့တဲ့သတင်းကို အလိမ္မာကပြောပြပါမယ်။

ဇန်နဝါရီ ၂၀ ရက် ဒီနေ့မနက်ပိုင်းက သထုံမြို့နယ် သုဝဏ္ဏဝတီမြို့ထဲက သိမ်ဆိပ်ရဲစခန်းကို ဆိုင်ကယ်စီး လူနှစ်ယောက်က ဝင်ပစ်ပြီး ဆိုင်ကယ်နဲ့ ပြန်ထွက်ချိန် စစ်တပ်ကင်းလှည့်ယာဉ်နဲ့ လမ်းမှာ ထိပ်တိုက်တိုးပြီး အပြန်အလှန် ပစ်ခတ်ခဲ့ကြတာပါ။

ဆိုင်ကယ်သမားနှစ်ဦးထဲက တဦး သေဆုံးသွားပြီး ကျန်တဲ့တယောက်က ဖမ်းဆီးခံရသလို စစ်ကောင်စီဘက်က နှစ်ယောက် ဒဏ်ရာခဲ့တယ်လို့ အနီးအနားမှာရှိနေတဲ့ ဒေသခံတဦးက ပြောပါတယ်။

“ပစ်ပြီးတော့ သူတို့က ပြန်ထွက်တာလေ။ သူတို့က နယ်မြေခံ မဟုတ်လို့လားတော့ မသိဘူး။ သူတို့လမ်းမကျွမ်းဘူးလေ။ အဲ့ သူတို့ လာတဲ့လမ်းအတိုင်းပဲ သူတို့ပြန်သွားတာ။ ပြန်ထွက်တဲ့အခါကျတော့ ဟိုက ကင်းလှည့်တဲ့ အဲ့ဒီစစ်ကားနဲ့ တည့်တည့်တိုး တာ အဲ့ဒါမျိုး တိုးတဲ့အခါကျ အဲ့ဒါက စစ်သား သူတို့ကို ပစ်တာပေါ့နော်။ ပစ်တော့ အဲ့ဒီဆိုင်ကယ်ပေါ်က နှစ်ယောက်က တယောက်က ဆုံးသွားတယ်။ အဲ့ဒီစစ်ကားပေါ်မှာကျတော့ စစ်သားနှစ်ယောက်က တယောက် နောက်စိလား လည်ပင်းလား မသိဘူး ထိသွားတာ တယောက်က ခါးထိတယ်။ အဲ့စစ်သားနှစ်ယောက်ကျတော့ ဆေးရုံရောက်သွားတာပေါ့။ ပြီးတော့ အဲ့ဒီဆိုင်ကယ်သမား နှစ်ယောက်ထဲမှာကျတော့ တယောက်ဆုံးသွားတယ်။ တယောက်ကျတော့ စစ်သားတွေက ဖမ်းလိုက်တယ်။”

ပစ်ခတ်မှုတွေ ဖြစ်ပြီးနောက် စစ်ကောင်စီ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက လမ်းတွေ ပိတ်ဆို့ စစ်ဆေးခဲ့ကြပါတယ်။ ရွာကြာကျေးရွာ၊ ဝင်းပကျေးရွာဘက်တွေလည်း လမ်းပိတ်စစ်ဆေးနေပြီး တချို့နေရာမှာ ကင်းပုန်းချထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သထုံမြို့နယ်ထဲကပဲ မြေနီကုန်းကျေးရွာအနားက ဓါတ်ငွေ့ပိုက်လိုင်းနားမှာ မိုင်းထောင်တိုက်ခိုက်လို့ ပိုက်လိုင်း အနည်းငယ် ထိခိုက်ပျက်စီးခဲ့ပါတယ်။

မော်လမြိုင်မြို့ မုပွန်ရပ်ကွက်က မီတာရုံးမှာလည်း ဒီနေ့ ပေါက်ကွဲမှုတခုဖြစ်ပွားခဲ့တယ်လို့ မြို့ခံတဦးက ပြောပါတယ်။ ခုလို

အခြေအနေတွေကြောင့် မော်လမြိုင်မြို့ တမြို့လုံးမှာ လုံခြုံရေးတင်းကြပ်နေတယ်လို့ မြို့ခံကပြောပါတယ်။

“လုံခြုံရေးကတော့ ဒီရဲတပ်ဖွဲ့ကားတွေ လှည့်နေတယ်။ ဒါပုံမှန်ပဲပေါ့။ အင်အားပုံမှန်လောက်နဲ့ပဲ လှည့်တယ်။ တမို့လုံးမှာ ကတော့ CCTV ကင်မရာကြီးတွေက လမ်းဆုံလမ်းခွတွေမှာ တပ်ထားတယ်လေ။ စုံလည် ကင်မရာကြီးနဲ့။ ဒီနေ့မနက်ကတော့ ဗုံးပေါက်ကွဲမှုဖြစ်တယ်။ မုပွန်ရပ်ကွက် ဘူတာဟောင်းပေါ့နော်၊ မော်လမြိုင်ဘူတာဟောင်းရှေ့က မီတာရုံး ဗုံးပေါက်ကွဲတာ ၉ နာရီ ၁၅ လောက်မှာ အင်္ဂါနေ့ ညပိုင်း ၇ နာရီလောက်က အဝေးပြေးကားဂိတ်အနီးမှာ ပေါက်ကွဲမှုတခုရှိတယ်။”

ချောင်းဆုံမြို့နယ်ထဲမှာလည်း ဇန်နဝါရီ ၁၈ ရက်နေ့ အင်္ဂါနေ့က ပစ်ခတ်မှုတခုဖြစ်ခဲ့ပြီး ဘီးလူးကျွန်း-ချောင်းဆုံ တံတားကို လုံခြုံရေးတွေ ပိတ်ဆို့ ရှာဖွေခဲ့တယ်လို့ ဒေသခံတဦးက ပြောပါတယ်။

“လွန်ခဲ့တဲ့ ရက်ပိုင်းကတော့ အဲ့ဒီ ချောင်းဆုံဘက်မှာ တိုက်ပွဲတွေ ဖြစ်နေတယ်။ ပေါက်ကွဲမှုအသံတွေ ဖြစ်တယ်ဆိုတာ ကြားတယ်။ အဲ့ဒီက ဒေသခံတွေကလည်း ပြောတယ်။ မော်လမြိုင်မှာ အလုပ်လုပ်တော့ ကယ်ရီမောင်းကြတော့ ကယ်ရီသွားရင်းနဲ့ ဟိုဘက်ကမ်းကူးဖို့ လုပ်နေတဲ့အချိန်မှာ ဟိုဘက်ကမ်းကို ကူးလို့မရဘူး။ တံတားကြီးပိတ်နေတယ်။ စုံစမ်းကြည့်လိုက်တော့ ဒီလို ဒီလိုပဲတဲ့ သူတို့ တံတားကိုပိတ်ပြီးတော့ စစ်ဆေးရေးတွေ လုပ်နေတယ်လို့ ပြောလို့တဲ့ အချိန်က တော်တော်ကြာသွားတယ်။ လက်ရှိ တံတားပိတ်တဲ့ အနေအထားနဲ့ သူတို့ လက်ရှိစစ်ဆေးနေတဲ့ အနေအထားရှိတာပေါ့။ ဒီရက်ဆို မော်လမြိုင်နဲ့ ချောင်းဆုံဘက်တွေပေါ့ အနီးအနားဝန်းကျင်မှာ ခါတိုင်းနဲ့ မတူတော့ဘူး စစ်ဆေးရေးတွေ အရမ်းများလာတယ်။ အရင်က ဆိုလို့ရှိရင် နည်းနည်းပါးပါးလောက်ပဲ စစ်တယ်။ အခုကဆိုရှိရင် လျှောက်စစ်တယ်။”

အခုလိုပေါက်ကွဲမှုတွေကြောင့် ဒေသခံတွေကြားမှာ လုံခြုံရေးအရ စိုးရိမ်မှုတွေလည်း ရှိနေတယ်လို့ ဒေသခံတွေကပြောပါတယ်။

XS
SM
MD
LG