သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပုလဲမြို့နယ်တွင်း စစ်ရဟတ်ယာဉ်တွေသုံး ထိုးစစ်ဆင် ဒေသခံအချို့ သေဆုံး၊ အဖမ်းခံရ


ပုလဲမြို့၊ စစ်ကိုင်းတိုင်း - (MIMU) - (ဓာတ်ပုံ- Official Publication)
ပုလဲမြို့၊ စစ်ကိုင်းတိုင်း - (MIMU) - (ဓာတ်ပုံ- Official Publication)

စစ်ကိုင်းတိုင်း ပုလဲမြို့နယ်ထဲ ဇန်နဝါရီလ ၅ရက်ကစလို့ စစ်ကောင်စီတပ်ဘက်က စစ်ရဟတ်ယာဉ်တွေပါသုံးပြီး ငါးရက်ဆက်တိုက် စစ်ဆင်ရေးလုပ်နေပြီး ဒေသခံပြည်သူတွေ ဖမ်းဆီးခံရတာရှိသလို အသက်သေဆုံးသူတွေလည်း ရှိတယ်လို့ ဒေသခံတွေကပြောပါတယ်။ စစ်ကောင်စီပြောခွင့်ရကလည်း အဲ့ဒီ့ဒေသမှာ တိုက်ပွဲဖြစ်ပွားခဲ့တာရှိပြီး အလောင်းတချို့နဲ့ လက်နက်တချို့ ရရှိခဲ့တာရှိတယ်လို့ ဗွီအိုအေမြန်မာပိုင်းကိုပြောပါတယ်။ အသေးစိတ် သိရှိထားတဲ့သတင်း မဆုမွန် တင်ပြပေးပါမယ်။

ပုလဲမြို့နယ်အတွင်း ထိုးစစ်တွေကို ဇန္နဝါရီလ ၁၀ ရက်နေ့နေ့လည်ပိုင်းကစတင်ခဲ့တာဖြစ် ပါတယ်။ ၁၀ ရက်နေ့က ဦးဏှောက်ကျေးရွာမှာ ဒေသတွင်း PDF တပ်ဖွဲ့ဝင်တချို့နဲ့လူငယ်တွေ တွေ့ဆုံနေကြစဉ် စစ်ကောင်စီတပ်တွေက ရဟတ်ယဉ်တွေနဲ့ရောက်ရှိလာပြီး၊ပစ်ခတ်သတ် ဖြတ်တာတွေ၊ ဖမ်းဆီးတာတွေလုပ်ခဲ့တယ်လို့ ဒေသခံတဦးကပြောပါတယ်။ စတင်ဖမ်းဆီးစဉ် ကလူ ၇၀ လောက်ရှိခဲ့ပြီး၊ ၁၃ ရက်နေ့ နေ့လည် ၂ နာရီလောက်မှာဖမ်းဆီးထား သူတွေထဲက ၂၅ ဦးကိုရဟတ်ယာဉ်တွေနဲ့ခေါ်ဆောင်သွားတယ်လို့ ဒေသခံတဦးက ပြောပါတယ်။

“စုစုပေါင်းဆိုရင် ၇၀ လောက်တော့ရှိတယ်ခင်ဗျ။ တချို့လည်း ပြန်လွတ်လာကြတယ်။ ဒါပေမယ့် ဒီကနေ့မနက် သတင်းရတာတော့ ၂၅ ယောက်၊ နမခ ကို လေယာဉ်နဲ့ခေါ်သွားတယ်။ နေ့လည် ၂ နာရီကခေါ်သွားတယ်။ “

ထိုးစစ်စတင်ခဲ့တဲ့ ၁၀ ရက်နေ့ ဦးဏှောက်ကျေးရွာမှာ PDF အဖွဲ့ဝင်လို့ယူဆရသူငယ်တွေကို စစ်ဆေးမေးမြန်းခြင်းမရှိဘဲ ပစ်သတ်ခဲ့ပြီး အလောင်း တွေကိုမီးရှိုံပစ်ခဲ့တယ်လို့ ဒေသခံက ဆက်လက်ပြောဆိုပါတယ်။ ဗိုလ်နဂါးရဲ့ညီဝမ်းကွဲတော်စပ်သူ ကိုမောင်မြင့်ကိုလည်း သတ်ပြီးအလောင်းကိုမီးရှို့သွားခဲ့ပါတယ်။ စုစုပေါင်းအသတ်ခံရသူ အယောက်၂၀ လောက်ရှိ တယ်လို့ဒေသခံကပြောပါတယ်။

“သူတို့သတ်တာက အဲဒီ ၁၀ ရက်နေ့ဖြစ်စဉ်မှာပဲ သတ်တာက အယောက် ၂၀ လောက်ရှိတယ်။ ဦးဏှောက်ကျေးရွာမှာပဲ သတ်သွားတာ။ မေးမြန်းစစ်ဆေးခြင်းမရှိဘူး။ တခါထဲပစ်သတ်လိုက်တယ်။ ဗိုလ်နဂါးကားနဲ့ရဲဘော်မောင်ကြီးကား နှစ်စီးကို မီးရှို့တယ်။ ဆိုင်ကယ်တွေကိုက အစီး ၄၀ လောက်ရှို့တယ်။ ဆိုင်ကယ်အစီးလေးဆယ်ပေါ်မှာ ယောင်္ကျားလေးတယောက်အလောင်းနဲ့ မိန်းကလေးတယောက်အလောင်းကို တွေ့ ရှိခဲ့တယ်။ နောက်ထပ်လူတွေကိုရှို့တဲ့နေရာကတနေရာ။ သုံးနေရာလောက်ရှို့ထားတယ်ဗျ။”

စစ်ကိုင်းတိုင်း ပုလဲဖြစ်စဉ်နဲ့ပတ်သက်လို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို ဗွီအိုအေမြန်မာပိုင်းက လေကြောင်းနဲ့ပါပစ်ခတ်မှုရှိပါသလားလို့ ဆက်သွယ်မေးမြန်းတဲ့အခါ အဲ့ဒီ့ဒေသမှာ တိုက်ပွဲဖြစ်ခဲ့တာရှိတယ်လို့ အတည်ပြုပါတယ်။

" အဲ့ဒီ့ဘက်မှာတော့ တိုက်ပွဲဖြစ်ပွားခဲ့တာရှိတယ်။ သူတို့ဘက်က အလောင်းတချို့နဲ့ လက်နက်တချို့ရခဲ့တာတော့ရှိပါတယ်ဗျ။ အဲ့တာတွေလည်း ကျနော်တို့ သတင်းထုတ်ပြန်ပေးပါမယ်ခင်ဗျ။ လေကြောင်းပစ်ခတ်မှုကတော့ …. လေကြောင်းပစ်ခတ်မှုရှိမရှိဆိုတာတော့ မသိဘူး။ ဟိုဟာတော့ လိုတဲ့နေရာရှိရင်တော့ သုံးပေးမယ်။ သုံးမယ်လို့တော့ ပြောထားပြီးသားပါ။"

ဦးဏှောက်ကျေးရွာကို ၁၀ ရက်နေ့ကဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ၁၂ နေ့ကျမှ စစ်ကောင်စီ တပ်တွေပြန်လည်ထွက်ခါွသွားတယ်လို့ဆိုပါတယ်။ ကျေးရွာသားတွေဆက်လက်ထွက်ပြေး တမ်းရှောင်နေရသလို ရွာသူရွာရွာသားတွေရဲ့ ပစ္စည်းတွေကိုဖျက်ဆီးတာတွေငွေနဲ့အဖိုးတန် ပစ္စည်းတွေယူသွားတာတွေလည်းရှိတယ်လို့ဆိုပါတယ်။ ဖမ်းဆီးခံခဲ့ရတဲ့အထဲမှာ ပုလဲမြို့နယ်၊ ကမ်းထောင့်ရွာက အသက် ၄၇ နှစ်အရွယ်ကျူရှင်ဆရာ ဦးလှဆွေကိုလည်းဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဇနီးဖြစ်သူကပြောပါတယ်။

“ဘာဖြစ်လို့ဖမ်းသွားတယ်လို့တော့ မသိရဘူးရှင့်။ ကျမတို့နဲ့အဆက်အသွယ်လည်းမရဘူး။ အခုချိန်အထိလည်း အဆက်အသွယ်မရဘူး။ ဖမ်းသွားတာ ဘယ်ဖမ်းသွားတယ်လို့လည်းမသိရသေးဘူး။ သူ့မှာ ဆီးချိုရောဂါ ပြင်းပြင်းထန်ထန်လည်းရှိတယ်ရှင့်။ ဆေးမသောက်ရင်မဖြစ်ဘူးအဲဒါ။ ပြီးတော့ သွေးတိုးလည်းရှိတယ်။ ဂေါက်ရောဂါလည်းရှိတယ်။ ကျန်းမာရေးက တော်တော်ကို မိသားစုက စိုးရိမ်ပါတယ်ရှင့်”

အာဏာသိမ်းစစ်ကောင်စီတပ်တွေဟာ ၁၃ ရက်နေ့မှာတော့ ပထိုးသာ၊ ပုပ္ပါး၊ ကြီးတများ ရွာတွေဘက်ကို စစ်ကြောင်းတွေထိုးနေတယ်လို့ ဒေသခံကတွေကပြောပါတယ်။ အဲဒိရွာတွေ ဘက်မှာလည်း ရဟတ်ယဉ်နဲ့ပစ်ခတ်တာတွေရှိသလို၊ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ရဟတ်ယဉ်တွေနဲ့သယ်ဆောင်ပြီး ကြီးတများရွာနဲ့ရသေ့ရွာဘက်တွေမှာတပ်တွေချထားတယ် လို့ဒေသခံတွေကပြောပါတယ်။

.........................................................................................

တိုက်ရိုက် လင့်ခ်



(Unicode)











XS
SM
MD
LG