တကၠဆက္ ပစ္ခတ္မႈမွာ တုံ႔ျပန္မႈ လက္ေႏွးခဲ့ေၾကာင္း ရဲတပ္ဖဲြ႕ဝန္ခံ
{{Zawgyi/Unicode}}
အေမရိကန္ ျပည္ေထာင္စု၊ တက္ဆက္စ္ ျပည္နယ္ Uvalde ၿမိဳ႕က မူလတန္းေက်ာင္း ပစ္ခတ္မႈကို ကိုင္တြယ္ရတဲ့ ရဲမွဴးဟာ ေက်ာင္းသားေတြအတြက္ အႏၲရာယ္မရွိေတာ့ဘူးလို႔ ယူဆတဲ့အတြက္ ေသနတ္သမားရွိေနတဲ့ စာသင္ခန္းထဲ မဝင္ဖို႔ ဆံုးျဖတ္ခဲ့တာလို႔ တကၠဆက္ အမ်ားျပည္သူ လံုျခံဳေရးဌာနအႀကီးအကဲ Steven McCraw က ေျပာပါတယ္။
ပစ္ခတ္မႈေတြကေန ေက်ာင္းသားေတြကို ဓားစာခံ ဖမ္းဆီးတဲ့ အေျခအေနကို ေျပာင္းလဲသြားၿပီးလို႔ ယူဆတာေၾကာင့္ ေစ့စပ္ညႇိႏႈိင္းမယ့္သူေတြ ေရာက္လာတဲ့အထိ ေစာင့္ဆိုင္းဖို႔ Uvalde ၿမိဳ႕က ေက်ာင္းေတြရဲ႕ လံုျခံဳေရးတာ၀န္ယူရတဲ့ ရဲခ်ဳပ္ Pete Arredondo ကတြက္ခ်က္ခဲ့တာလို႔လည္း ေျပာပါတယ္။
“ဒါဟာမွန္ကန္တဲ့ ဆုံးျဖတ္ခ်က္ မျဖစ္ခဲ့ပါဘူး။ အင္မတန္မွ မွားတဲ့ ဆုံးျဖတ္ခ်က္ျဖစ္ခဲ့တာပါ။” လို႔ အခင္းျဖစ္ရာ Robb မူလတန္းေက်ာင္းေရွ႕က သတင္းစာရွင္းလင္းပြဲမွာ အမ်ားျပည္သူ လံုျခံဳေရးဌာနအႀကီးအကဲက ေျပာခဲ့တာပါ။
ေက်ာင္းထဲကို အတားအဆီးမရွိဝင္ၿပီး ကေလးငယ္ ၁၉ ေယာက္နဲ႔ ဆရာမ ၂ ေယာက္ကို ပစ္သတ္ခဲ့တဲ့ အသက္ ၁၈ ႏွစ္အရြယ္ Salvador Ramos ကို ရင္ဆိုင္တားဆီးဖို႔ ေႏွာင့္ေႏွးခဲ့တာအတြက္ အခင္းျဖစ္ရာေနရာမွာ ရွိေနခဲ့သူေတြနဲ႔ ေက်ာင္းသားမိဘေတြက ရဲေတြကို အျပင္းအထန္ ေ၀ဖန္ေနၾကတာပါ။
အထက္တန္းေက်ာင္း တ၀က္တပ်က္နဲ႔ ေက်ာင္းထြက္ထားတဲ့ ေသနတ္သမား Ramos ဟာ ရဲေတြ ဝင္မစီးခင္ မိနစ္ ၄၀ ေလာက္ ေက်ာင္းဝင္းထဲမွာ ရွိေနတာ ျဖစ္ၿပီး စတုတၳတန္းထဲမွာ လူေပါင္း ၂၁ ဦးကို ပစ္သတ္ခဲ့တာ ျဖစ္ပါတယ္။ ပစ္ခတ္မႈျဖစ္တဲ့ စာသင္ခန္းအနီးမွာ ရဲတပ္ဖဲြ႕၀င္ ၁၉ ေယာက္ ရွိခဲ့ေပမဲ့ ၀င္ေရာက္စီးနင္းတာေတြ မလုပ္ခဲ့ပဲ၊ နယ္ျခားေစာင့္တပ္ဖြဲ႔က အထူးတပ္ဖဲြ႕၀င္ေတြ ေရာက္လာၿပီးမွသာ ၀င္ေရာက္စီးနင္းၿပီး ေသနတ္သမားကို အေသပစ္သတ္ခဲ့တာ ျဖစ္ပါတယ္။
............................................................
တက္ကဆက် ပစ်ခတ်မှုမှာ တုံ့ပြန်မှု လက်နှေးခဲ့ကြောင်း ရဲတပ်ဖွဲ့ဝန်ခံ
{{Zawgyi/Unicode}}
အမေရိကန် ပြည်ထောင်စု၊ တက်ဆက်စ် ပြည်နယ် Uvalde မြို့က မူလတန်းကျောင်း ပစ်ခတ်မှုကို ကိုင်တွယ်ရတဲ့ ရဲမှူးဟာ ကျောင်းသားတွေအတွက် အန္တရာယ်မရှိတော့ဘူးလို့ ယူဆတဲ့အတွက် သေနတ်သမားရှိနေတဲ့ စာသင်ခန်းထဲ မဝင်ဖို့ ဆုံးဖြတ်ခဲ့တာလို့ တက္ကဆက် အများပြည်သူ လုံခြုံရေးဌာနအကြီးအကဲ Steven McCraw က ပြောပါတယ်။
ပစ်ခတ်မှုတွေကနေ ကျောင်းသားတွေကို ဓားစာခံ ဖမ်းဆီးတဲ့ အခြေအနေကို ပြောင်းလဲသွားပြီးလို့ ယူဆတာကြောင့် စေ့စပ်ညှိနှိုင်းမယ့်သူတွေ ရောက်လာတဲ့အထိ စောင့်ဆိုင်းဖို့ Uvalde မြို့က ကျောင်းတွေရဲ့ လုံခြုံရေးတာဝန်ယူရတဲ့ ရဲချုပ် Pete Arredondo ကတွက်ချက်ခဲ့တာလို့လည်း ပြောပါတယ်။
“ဒါဟာမှန်ကန်တဲ့ ဆုံးဖြတ်ချက် မဖြစ်ခဲ့ပါဘူး။ အင်မတန်မှ မှားတဲ့ ဆုံးဖြတ်ချက်ဖြစ်ခဲ့တာပါ။” လို့ အခင်းဖြစ်ရာ Robb မူလတန်းကျောင်းရှေ့က သတင်းစာရှင်းလင်းပွဲမှာ အများပြည်သူ လုံခြုံရေးဌာနအကြီးအကဲက ပြောခဲ့တာပါ။
ကျောင်းထဲကို အတားအဆီးမရှိဝင်ပြီး ကလေးငယ် ၁၉ ယောက်နဲ့ ဆရာမ ၂ ယောက်ကို ပစ်သတ်ခဲ့တဲ့ အသက် ၁၈ နှစ်အရွယ် Salvador Ramos ကို ရင်ဆိုင်တားဆီးဖို့ နှောင့်နှေးခဲ့တာအတွက် အခင်းဖြစ်ရာနေရာမှာ ရှိနေခဲ့သူတွေနဲ့ ကျောင်းသားမိဘတွေက ရဲတွေကို အပြင်းအထန် ဝေဖန်နေကြတာပါ။
အထက်တန်းကျောင်း တဝက်တပျက်နဲ့ ကျောင်းထွက်ထားတဲ့ သေနတ်သမား Ramos ဟာ ရဲတွေ ဝင်မစီးခင် မိနစ် ၄၀ လောက် ကျောင်းဝင်းထဲမှာ ရှိနေတာ ဖြစ်ပြီး စတုတ္ထတန်းထဲမှာ လူပေါင်း ၂၁ ဦးကို ပစ်သတ်ခဲ့တာ ဖြစ်ပါတယ်။ ပစ်ခတ်မှုဖြစ်တဲ့ စာသင်ခန်းအနီးမှာ ရဲတပ်ဖွဲ့ဝင် ၁၉ ယောက် ရှိခဲ့ပေမဲ့ ဝင်ရောက်စီးနင်းတာတွေ မလုပ်ခဲ့ပဲ၊ နယ်ခြားစောင့်တပ်ဖွဲ့က အထူးတပ်ဖွဲ့ဝင်တွေ ရောက်လာပြီးမှသာ ဝင်ရောက်စီးနင်းပြီး သေနတ်သမားကို အသေပစ်သတ်ခဲ့တာ ဖြစ်ပါတယ်။