သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

 ေသနတ္လက္နက္ ေရာင္းဝယ္မႈ ပုပ္ရဟန္းမင္းႀကီး ရႈတ္ခ်


Pope Francis holds weekly general audience at the Vatican

အေမရိကန္ျပည္ေထာင္စု တကၠဆက္ျပည္နယ္မွာ အဂၤါေန႔က ဆယ္ေက်ာ္သက္အရြယ္ ေသနတ္သမားရဲ႔ ပစ္ခတ္မႈေၾကာင့္ မူလတန္းေက်ာင္းသားေက်ာင္းသူကေလးေတြ ေသဆုံးခဲ့ရတဲ့ျဖစ္ရပ္အၿပီးမွာ လက္ႏွက္ေရာင္း၀ယ္မႈနဲ႔ လက္နက္ ေမွာင္ခုိမႈေတြကုိ ပုပ္ရဟန္းမင္းႀကီး Francis က ျပင္းထန္စြာရႈံ႔ ခ်ေၾကာင္း ဗုဒၶဟူးေန႔မွာ ေျပာဆုိလုိက္ပါတယ္။ 

ေသနတ္လက္နက္ ေရာင္းဝယ္မႈ ပုပ္ရဟန္းမင္းႀကီး ရႈတ္ခ်

{{Zawgyi/Unicode}}
အေမရိကန္ျပည္ေထာင္စု တကၠဆက္ျပည္နယ္မွာ အဂၤါေန႔က ဆယ္ေက်ာ္သက္အရြယ္ ေသနတ္သမားရဲ႔ ပစ္ခတ္မႈေၾကာင့္ မူလတန္းေက်ာင္းသားေက်ာင္းသူကေလးေတြ ေသဆုံးခဲ့ရတဲ့ျဖစ္ရပ္အၿပီးမွာ လက္ႏွက္ေရာင္း၀ယ္မႈနဲ႔ လက္နက္ ေမွာင္ခုိမႈေတြကုိ ပုပ္ရဟန္းမင္းႀကီး Francis က ျပင္းထန္စြာရႈံ႔ ခ်ေၾကာင္း ဗုဒၶဟူးေန႔မွာ ေျပာဆုိလုိက္ပါတယ္။

“လက္နက္ေတြကို အမ်ိဳးမ်ိဳးေရာင္း၀ယ္ေနတာေတြကုိ ရပ္တန္႔ဖုိ႔အခ်ိန္တန္ပါၿပီ။ အခုလုိရင္နင့္စရာ အျဖစ္ေတြေနာက္ထပ္မျဖစ္ဖုိ႔ ဒီထက္ေကာာင္းမြန္တဲ့လုပ္ေဆာင္မႈ ေတြလုပ္ဖုိ႔ လုိအပ္ေနပါတယ္” လုိ႔ ပုပ္ရဟန္းမင္းႀကီးကေျပာဆုိသြားတာပါ။

ဒီပစ္ခတ္မႈေၾကာင့္ ကေလးေတြေသဆုံးရတဲ့အတြက္ ပုပ္ရဟန္းမင္းႀကီးဟာ လြန္စြာမွစိတ္ ထိခုိက္ခဲ့ၿပီး၊ ေသဆုံးသူေတြအတြက္လည္း ဆု႔ေတာင္းေပးခဲ့ပါတယ္။

အဂၤါေန့က တကၠဆက္ျပည္နယ္၊ Uvalde ၿမိဳ့က Robb မူလတန္းေက်ာင္းကုိ အသက္ ၁၈ ႏွစ္အရြယ္ လူငယ္တဦးက ေသနတ္နဲ႔ ၀င္ေရာက္ပစ္ခတ္ခဲ့တာပါ။ အဲဒီၿမိဳ႔မွာ လက္လက္တင္ဘာစကားေျပာ ေတာင္အေမရိကတုိက္က ေရႊ႔ေျပာင္းေနထုိင္သူ လူဦးေရအမ်ားစုေနထုိင္ၿပီး မကၠဆီကုိနယ္စပ္နဲ႔ ကီလုိမီတာ ၁၀၀ ေလာက္အေ၀း မွာရွိတဲ့ၿမိဳ ႔ျဖစ္တယ္လုိ႔ ရဲေတြကေျပာဆုိပါတယ္။

ပုပ္ရဟန္းမင္းႀကီးဟာ လက္ႏွက္ထုတ္လုပ္ေရာင္း၀ယ္မႈနဲ႔ ပတ္သက္ၿပီး ေ၀ဘန္ေျပာဆုိ ေလ့ရွိပါတယ္။ လက္နက္ခဲယမ္းေတြအတြက္ ေငြေတြအသုံးျပဳတာဟာ စိတ္၀ိဥာဥ္ကုိ ညစ္ႏြမ္းေစတယ္လုိ႔ ယူကရိန္းစစ္ပဲြစတင္ခဲ့ၿပီးေနာက္၊ မၾကာေသးမီကဘဲ ပုရဟန္းမင္းႀကီးက ေျပာဆုိခဲ့ပါတယ္။ ဒါ့အျပင္ ၂၀၁၅ ခုႏွစ္တုန္းကလည္း လက္နက္ထုတ္လုပ္သူေတြ၊ ဒါမွမဟုတ္ လက္နက္ထုတ္လုပ္တဲ့လုပ္ငန္းေတြမွ ာရင္းႏွီးျမႈပ္ႏွံ႔သူေတြဟာ သူတုိကုိယ္သူတုိ့ ခရစ္ယန္လို႔ ဆုိေပေနေပမယ့္လည္း၊ သူေတာ္ေကာင္းေယာင္ေဆာင္ ထားသူေတြသာျဖစ္တယ္လုိ႔ ပုပ္ရဟန္းမင္းႀကီးကေျပာဆုိခဲ့ဖူးပါတယ္။

တိုက္႐ိုက္ လင့္ခ္

..............................................

သေနတ်လက်နက် ရောင်းဝယ်မှု ပုပ်ရဟန်းမင်းကြီး ရှုတ်ချ

{{Zawgyi/Unicode}}
အမေရိကန်ပြည်ထောင်စု တက္ကဆက်ပြည်နယ်မှာ အင်္ဂါနေ့က ဆယ်ကျော်သက်အရွယ် သေနတ်သမားရဲ့ ပစ်ခတ်မှုကြောင့် မူလတန်းကျောင်းသားကျောင်းသူကလေးတွေ သေဆုံးခဲ့ရတဲ့ဖြစ်ရပ်အပြီးမှာ လက်နှက်ရောင်းဝယ်မှုနဲ့ လက်နက် မှောင်ခိုမှုတွေကို ပုပ်ရဟန်းမင်းကြီး Francis က ပြင်းထန်စွာရှုံ့ ချကြောင်း ဗုဒ္ဓဟူးနေ့မှာ ပြောဆိုလိုက်ပါတယ်။

“လက်နက်တွေကို အမျိုးမျိုးရောင်းဝယ်နေတာတွေကို ရပ်တန့်ဖို့အချိန်တန်ပါပြီ။ အခုလိုရင်နင့်စရာ အဖြစ်တွေနောက်ထပ်မဖြစ်ဖို့ ဒီထက်ကောာင်းမွန်တဲ့လုပ်ဆောင်မှု တွေလုပ်ဖို့ လိုအပ်နေပါတယ်” လို့ ပုပ်ရဟန်းမင်းကြီးကပြောဆိုသွားတာပါ။

ဒီပစ်ခတ်မှုကြောင့် ကလေးတွေသေဆုံးရတဲ့အတွက် ပုပ်ရဟန်းမင်းကြီးဟာ လွန်စွာမှစိတ် ထိခိုက်ခဲ့ပြီး၊ သေဆုံးသူတွေအတွက်လည်း ဆု့တောင်းပေးခဲ့ပါတယ်။

အင်္ဂါနေ့က တက္ကဆက်ပြည်နယ်၊ Uvalde မြို့က Robb မူလတန်းကျောင်းကို အသက် ၁၈ နှစ်အရွယ် လူငယ်တဦးက သေနတ်နဲ့ ဝင်ရောက်ပစ်ခတ်ခဲ့တာပါ။ အဲဒီမြို့မှာ လက်လက်တင်ဘာစကားပြော တောင်အမေရိကတိုက်က ရွှေ့ပြောင်းနေထိုင်သူ လူဦးရေအများစုနေထိုင်ပြီး မက္ကဆီကိုနယ်စပ်နဲ့ ကီလိုမီတာ ၁၀၀ လောက်အဝေး မှာရှိတဲ့မြို့ဖြစ်တယ်လို့ ရဲတွေကပြောဆိုပါတယ်။

ပုပ်ရဟန်းမင်းကြီးဟာ လက်နှက်ထုတ်လုပ်ရောင်းဝယ်မှုနဲ့ ပတ်သက်ပြီး ဝေဘန်ပြောဆို လေ့ရှိပါတယ်။ လက်နက်ခဲယမ်းတွေအတွက် ငွေတွေအသုံးပြုတာဟာ စိတ်ဝိဉာဉ်ကို ညစ်နွမ်းစေတယ်လို့ ယူကရိန်းစစ်ပွဲစတင်ခဲ့ပြီးနောက်၊ မကြာသေးမီကဘဲ ပုရဟန်းမင်းကြီးက ပြောဆိုခဲ့ပါတယ်။ ဒါ့အပြင် ၂၀၁၅ ခုနှစ်တုန်းကလည်း လက်နက်ထုတ်လုပ်သူတွေ၊ ဒါမှမဟုတ် လက်နက်ထုတ်လုပ်တဲ့လုပ်ငန်းတွေမှ ာရင်းနှီးမြှုပ်နှံ့သူတွေဟာ သူတိုကိုယ်သူတို့ ခရစ်ယန်လို့ ဆိုပေနေပေမယ့်လည်း၊ သူတော်ကောင်းယောင်ဆောင် ထားသူတွေသာဖြစ်တယ်လို့ ပုပ်ရဟန်းမင်းကြီးကပြောဆိုခဲ့ဖူးပါတယ်။

XS
SM
MD
LG