သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

Texas ေက်ာင္းတြင္းပစ္ခတ္မႈ ရဲ တံု႔ျပန္ပံု ေမးခြန္းထုတ္ခံေနရ 


Texas School Shooting

အေမရိကန္ ျပည္ေထာင္စု တကၠဆက္ျပည္နယ္မွာ မူလတန္းေက်ာင္းသား ၁၉ ေယာက္နဲ႔ ဆရာ ၂ ေယာက္ ေသဆုံးခဲ့တဲ့ ပစ္ခတ္မႈကို တုံ႔ျပန္ေျဖရွင္းရာမွာ အခ်ိန္ၾကာခဲ့တဲ့အေပၚ လုံျခံဳေရးအာဏာပိုင္ေတြ အျပင္းအထန္ ေမးခြန္းထုတ္ခံေနရပါတယ္။  

Texas ေက်ာင္းတြင္းပစ္ခတ္မႈ ရဲ တံု႔ျပန္ပံု ေမးခြန္းထုတ္ခံေနရ

{{Zawgyi/ Unicode}}

အေမရိကန္ ျပည္ေထာင္စု တကၠဆက္ျပည္နယ္မွာ မူလတန္းေက်ာင္းသား ၁၉ ေယာက္နဲ႔ ဆရာ ၂ ေယာက္ ေသဆုံးခဲ့တဲ့ ပစ္ခတ္မႈကို တုံ႔ျပန္ေျဖရွင္းရာမွာ အခ်ိန္ၾကာခဲ့တဲ့အေပၚ လုံျခံဳေရးအာဏာပိုင္ေတြ အျပင္းအထန္ ေမးခြန္းထုတ္ခံေနရပါတယ္။

တကၠဆက္ျပည္နယ္၊ Uvalde ၿမိဳ႕မွာရွိတဲ့ Robb မူလတန္းေက်ာင္းက ၄ တန္းေက်ာင္းသားေတြရွိရာ စာသင္ခန္းမွာ လူ ၂၁ ေယာက္ကို ပစ္သတ္ခဲ့တဲ့ အသက္ ၁၈ ႏွစ္အရြယ္ အထက္တန္းေက်ာင္းထြက္ ေသနတ္သမား Salvador Ramos ဟာ ရဲေတြ ၀င္ေရာက္စီးနင္းမႈ မတိုင္ခင္ ေက်ာင္း၀န္းထဲမွာ မိနစ္ ၄၀ ကေန ၁ နာရီေလာက္အထိ ရွိေနခဲ့ေၾကာင္း တာ၀န္ရွိသူေတြက ေျပာဆိုထားၾကတာပါ။

ေက်ာင္းထဲကို ၀င္ရွင္းဖို႔ ကေလးမိဘေတြနဲ႔ အနီးအနားမွာ ၾကည့္ေနသူေတြက ရဲေတြကို ေအာ္ဟစ္ေျပာခဲ့ၾကတယ္လို႔လည္း ကိုယ္တိုင္ေတြ႕သူ တခ်ဳိ႕က ေျပာပါတယ္။

ေသနတ္သမား ေက်ာင္းထဲကို အတင္း၀င္ေရာက္ခဲ့ၿပီးေနာက္ပိုင္း ဘယ္ေလာက္ၾကာၾကာ ရွိေနသလဲ၊ ေက်ာင္းလုံျခံဳေရးေတြနဲ႔ အျပန္အလွန္ ပစ္ခတ္တာ ရွိခဲ့သလား ဆိုတာကိုေတာ့ တိတိက်က် မသိရဘူးလို႔လည္း ရဲတပ္ဖဲြ႕က ေျပာပါတယ္။

တိုက္ခိုက္မႈအတြင္း ေသဆုံးသူ ကေလးတေယာက္ရဲ႕ ဖခင္တေယာက္ကလည္း ရဲေတြရဲ႕ တုံ႔ျပန္မႈ ေႏွးလြန္းတာေၾကာင့္ ကိုယ္တိုင္၀င္စီးဖို႔ အနီးအနားက တျခားလူေတြနဲ႔ တိုင္ပင္ခဲ့ေသးတယ္လို႔ ဆိုပါတယ္။

ရဲေတြကို ျမန္ျမန္ဆန္ဆန္ တုံ႔ျပန္ဖို႔ မိဘေတြက ဝိုင္းေျပာေနတဲ့ ဗြီဒီယိုမွတ္တမ္းတခုကိုလည္း အနီးအနားက ၾကည့္ေနတဲ့သူ တေယာက္က Facebook လူမႈကြန္ရက္မွာ ေဖာ္ျပခဲ့တာပါ။

တကၠဆက္ျပည္နယ္ အမ်ားျပည္သူ လုံျခံဳေရးဌာန အႀကီးအကဲကေတာ့ ရဲတပ္ဖဲြ႕က အျမန္ဆုံး တုံ႔ျပန္ခဲ့ၿပီး ေသနတ္သမားကိုလည္း ရွင္းလင္းႏိုင္ခဲ့ေၾကာင္း တုံ႔ျပန္ခဲ့ပါတယ္။

အေမရိကန္မွာ ဆယ္စုႏွစ္ ၁ ခုနီးပါးအတြင္း အေသအေပ်ာက္ အမ်ားဆုံးျဖစ္ခဲ့တဲ့ ပစ္ခတ္မႈျဖစ္ရတဲ့ အေၾကာင္းရင္းကိုေတာ့ အာဏာပိုင္ေတြ စုံစမ္းေနဆဲ ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

.................................................

Texas ကျောင်းတွင်းပစ်ခတ်မှု ရဲ တုံ့ပြန်ပုံ မေးခွန်းထုတ်ခံနေရ

{{Zawgyi/ Unicode}}

အမေရိကန် ပြည်ထောင်စု တက္ကဆက်ပြည်နယ်မှာ မူလတန်းကျောင်းသား ၁၉ ယောက်နဲ့ ဆရာ ၂ ယောက် သေဆုံးခဲ့တဲ့ ပစ်ခတ်မှုကို တုံ့ပြန်ဖြေရှင်းရာမှာ အချိန်ကြာခဲ့တဲ့အပေါ် လုံခြုံရေးအာဏာပိုင်တွေ အပြင်းအထန် မေးခွန်းထုတ်ခံနေရပါတယ်။

တက္ကဆက်ပြည်နယ်၊ Uvalde မြို့မှာရှိတဲ့ Robb မူလတန်းကျောင်းက ၄ တန်းကျောင်းသားတွေရှိရာ စာသင်ခန်းမှာ လူ ၂၁ ယောက်ကို ပစ်သတ်ခဲ့တဲ့ အသက် ၁၈ နှစ်အရွယ် အထက်တန်းကျောင်းထွက် သေနတ်သမား Salvador Ramos ဟာ ရဲတွေ ဝင်ရောက်စီးနင်းမှု မတိုင်ခင် ကျောင်းဝန်းထဲမှာ မိနစ် ၄၀ ကနေ ၁ နာရီလောက်အထိ ရှိနေခဲ့ကြောင်း တာဝန်ရှိသူတွေက ပြောဆိုထားကြတာပါ။

ကျောင်းထဲကို ဝင်ရှင်းဖို့ ကလေးမိဘတွေနဲ့ အနီးအနားမှာ ကြည့်နေသူတွေက ရဲတွေကို အော်ဟစ်ပြောခဲ့ကြတယ်လို့လည်း ကိုယ်တိုင်တွေ့သူ တချို့က ပြောပါတယ်။

သေနတ်သမား ကျောင်းထဲကို အတင်းဝင်ရောက်ခဲ့ပြီးနောက်ပိုင်း ဘယ်လောက်ကြာကြာ ရှိနေသလဲ၊ ကျောင်းလုံခြုံရေးတွေနဲ့ အပြန်အလှန် ပစ်ခတ်တာ ရှိခဲ့သလား ဆိုတာကိုတော့ တိတိကျကျ မသိရဘူးလို့လည်း ရဲတပ်ဖွဲ့က ပြောပါတယ်။

တိုက်ခိုက်မှုအတွင်း သေဆုံးသူ ကလေးတယောက်ရဲ့ ဖခင်တယောက်ကလည်း ရဲတွေရဲ့ တုံ့ပြန်မှု နှေးလွန်းတာကြောင့် ကိုယ်တိုင်ဝင်စီးဖို့ အနီးအနားက တခြားလူတွေနဲ့ တိုင်ပင်ခဲ့သေးတယ်လို့ ဆိုပါတယ်။

ရဲတွေကို မြန်မြန်ဆန်ဆန် တုံ့ပြန်ဖို့ မိဘတွေက ဝိုင်းပြောနေတဲ့ ဗွီဒီယိုမှတ်တမ်းတခုကိုလည်း အနီးအနားက ကြည့်နေတဲ့သူ တယောက်က Facebook လူမှုကွန်ရက်မှာ ဖော်ပြခဲ့တာပါ။

တက္ကဆက်ပြည်နယ် အများပြည်သူ လုံခြုံရေးဌာန အကြီးအကဲကတော့ ရဲတပ်ဖွဲ့က အမြန်ဆုံး တုံ့ပြန်ခဲ့ပြီး သေနတ်သမားကိုလည်း ရှင်းလင်းနိုင်ခဲ့ကြောင်း တုံ့ပြန်ခဲ့ပါတယ်။

အမေရိကန်မှာ ဆယ်စုနှစ် ၁ ခုနီးပါးအတွင်း အသေအပျောက် အများဆုံးဖြစ်ခဲ့တဲ့ ပစ်ခတ်မှုဖြစ်ရတဲ့ အကြောင်းရင်းကိုတော့ အာဏာပိုင်တွေ စုံစမ်းနေဆဲ ဖြစ်ပါတယ်။

XS
SM
MD
LG