သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တက္ကဆက်မူလတန်းကျောင်း ပစ်ခတ်မှုမှာ သေဆုံးသူတွေအတွက် အောက်မေ့ဖွယ်ကျင်းပ


People visit a memorial in a town square to honor the victims of the elementary school shooting earlier in the week, in Uvalde, Texas, May 28,
People visit a memorial in a town square to honor the victims of the elementary school shooting earlier in the week, in Uvalde, Texas, May 28,

တက်ဆက်စ်ပြည်နယ် Uvalde မြို့ မူလတန်းကျောင်း ပစ်ခတ်မှုမှာ သေဆုံးသူ ၂၁ ယောက်အတွက် ဒါဇင်နဲ့ချီတဲ့လူတွေ စုဝေးပြီး စနေနေ့က အောက်မေ့ဆုတောင်းတဲ့ အခမ်းအနား ကျင်းပကြပါတယ်။  

တက္ကဆက်မူလတန်းကျောင်း ပစ်ခတ်မှုမှာ သေဆုံးသူတွေအတွက် အောက်မေ့ဖွယ်ကျင်းပ

{{Zawgyi/Unicode}}
တက်ဆက်စ်ပြည်နယ် Uvalde မြို့ မူလတန်းကျောင်း ပစ်ခတ်မှုမှာ သေဆုံးသူ ၂၁ ယောက်အတွက် ဒါဇင်နဲ့ချီတဲ့လူတွေ စုဝေးပြီး စနေနေ့က အောက်မေ့ဆုတောင်းတဲ့ အခမ်းအနား ကျင်းပကြပါတယ်။

သေဆုံးခဲ့ရတဲ့ စတုတ္ထတန်းက ကလေးငယ် ၁၉ ဦးနဲ့ ဆရာမ ၂ ဦးဖြစ်တဲ့ Irma Garcia နဲ့ Eva Mireles တို့အတွက် ရည်စူးပြီး လက်ဝါးကပ်တိုင် ၂၁ တိုင်ကို မြို့အုပ်ချုပ်ရေးရုံး ရင်ပြင်က ရေပန်းအုတ်ခုံပတ်လည် ချထားခဲ့ကြပါတယ်။ ကလေးငယ်တွေ နှစ်သက်တဲ့ တိရိစ္ဆာန်အရုပ်ကလေးတွေ၊ ပန်းတွေနဲ့ အတူ သူတို့ကို ချစ်မြတ်နိုးကြောင်း၊ သတိရကြောင်း ရေးထားတဲ့စာတွေ အပြင် ဖယောင်းတိုင်မီးတွေပါ ထွန်းညှိပေးထား ပြီး သင်းအုပ်ဆရာ Humberto Renovato ဦးဆောင်ပြီး ဝတ်ပြု ဆုတောင်းခဲ့ကြတာပါ။

Robb မူလတန်းကျောင်းထဲကို အသက် ၁၈ နှစ် အရွယ် သေနတ်သမား Salvador Ramos အင်္ဂါနေ့က အတားအဆီးမရှိ ဝင်ရောက်ခဲ့ပြီး လူပေါင်း ၂၁ ယောက်ကို ပစ်ခတ်သတ်ဖြတ်ခဲ့တာ နဲ့ ပတ်သက်ပြီး စနေနေ့မှာလည်း စုံစမ်းစစ်ဆေးမှုတွေ ဆက်လက်ပြုလုပ်နေဆဲ ဖြစ်ပါတယ်။ သူဟာ ရဲတွေ ပစ်ခတ်ဖမ်းဆီးတာ မခံရခင် ကျောင်းဝင်းထဲမှာ မိနစ် ၄၀ ကနေ တနာရီလောက် ရှိနေတာဖြစ်ပါတယ်။

အသက်မသေ လွတ်မြောက်လာတဲ့ အသက် ၁၀ နှစ်အရွယ် ကျောင်းသား Samuel Salinas ကတော့ သေနတ်သမားက စာသင်ခန်းထဲ ရုတ်တရက် ဝင်လာပြီး၊ အားလုံး သေရမှာ ဖြစ်ကြောင်း ပြောပြီး စပစ်ခတ်ခဲ့တာ ဖြစ်ကြောင်း ABC သတင်းဌာနကို ပြောပါတယ်။ နောက်စာသင်ခန်းမှာတော့ ဆရာမတဦးက အခန်းပိတ် မီးပိတ်ပြီး ကျောင်းသားတွေကို တိတ်တိတ်နေခိုင်းတဲ့ အတွက် ကလေးတွေ အသက်ဘေးကလွတ်ခဲ့ကြောင်းလည်း ကျောင်းသားတဦးက ပြောပါတယ်။ တချို့ကျောင်းသားတွေကတော့ 911 အရေးပေါ်အကူညီပေးရေးဌာနကို အဆက်အသွယ်လုပ် ပြီး အကူညီရဖို့ ပန်ကြားခဲ့တာပါ။

တက်ဆက်စ် အများပြည်သူ လုံခြုံရေးဌာန အကြီးအကဲကတော့ ဒီပစ်ခတ်မှုကို ကိုင်တွယ်တဲ့ ရဲချုပ်က သေနတ်သမားအန္တရာယ် မပြုနိုင်တော့ဘူးလို့ ယူဆပြီး သေနတ်သမားကို ချက်ချင်း ရင်မဆိုင်ပဲ ကျွမ်းကျင်သူတွေ လာတဲ့အထိစောင့်ဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ကြောင်းနဲ့ သူ့ရဲ့ဆုံးဖြတ်ချက် မှားကြောင်း သောကြာနေ့က ဝန်ခံပြောကြားခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

...................................................


{{Zawgyi/Unicode}}





XS
SM
MD
LG